Healthy Life Ad
Health Tips

ဘယ်သူတွေ ခြင်ကိုက်ခံရနိုင်ခြေများသလဲ…

လူအများစုဝေးနေချိန်မှာ ခြင်တွေက ဘယ်သူ့ကို ပိုပြီးကိုက်တတ်သလဲ၊ ခြင်ပြေးစေတဲ့ ဆေးတွေကို ဘာကြောင့် သူတို့မုန်းရသလဲဆိုတဲ့ အချက်တွေကို သိထားသင့်ပါတယ်။ ဒါမှသာ ခြင်အကိုက်မခံရအောင် ရှောင်လွှဲနိုင်မှာဖြစ်ပြီး ခြင်ကြောင့် ရရှိတတ်တဲ့ ရောဂါဝေဒနာတွေ ကင်းဝေးမှာဖြစ်ပါတယ်။

– ဘီယာသောက်ထားလျှင်
ဘီယာသောက်ထားတဲ့အခါ အရေပြားဓာတုဗေဒစနစ် ပြောင်းလဲသွားတဲ့အတွက် ခြင်တွေ သဘောကျတတ်ပါတယ်။

– ခြေထောက်အနံ့ဆိုးထွက်လျှင်
ခြေထောက် အနံ့ဆိုးထွက်နေတဲ့အချိန်မှာ ခြေထောက်သင်းပျံ့နေချိန်မှာထက် ခြင်ကိုက်ခံရနိုင်ခြေ ၁၀ ဆ ပိုများပါတယ်။

– ကိုယ်ဝန်ဆောင်ထားလျှင်
ကိုယ်ဝန်ဆောင်ထားချိန်မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ပိုအထွက်များပြီး ဝမ်းဗိုက်ဟာ ကိုယ်ဝန် မရှိချိန်ကထက် အပူချိန်ပိုမိုမြင့်တက်နေပါတယ်။ ဒီအချက်တွေက ခြင်ကိုက်ခံရနိုင်ခြေများစေတဲ့ အချက်တွေပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top