Healthy Life Ad
Health Tips

အိပ်စက်စဉ် ခြင်အကိုက်မခံရစေမည့်နည်း ငါးသွယ်

စူး ( ဆေးဝါးတက္ကသိုလ် )

အိပ်မောကျနေချိန်မှာ ခြင်အကိုက်မခံရစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

(၁) ညအိပ်ဝတ်စုံ ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည် ဝတ်အိပ်ပါ
အရေပြားကို ဖုံးအုပ်မှု နည်းလေလေ ခြင်အကိုက်ခံရနိုင်လေလေဖြစ်တဲ့အတွက် အိပ်မယ်ဆိုရင် ညအိပ်ဝတ်စုံ လက်ရှည်အင်္ကျီနဲ့ ဘောင်းဘီရှည်ကို ဝတ်ဆင်ပါ။

(၂) ပန်ကာဖွင့်ပါ
သင်အိပ်စက်တဲ့ ပတ်ဝန်းကျင် အေးမြနေစေဖို့ ပန်ကာဖွင့်အိပ်ပါ။ လေပြေလေညင်း လေးတိုက်ခတ်နေရင်တောင် ခြင်တွေရန်က ကင်းကွာစေနိုင်ပါတယ်။ လေပြင်းရင် ခြင်တွေကို အဝေးမောင်းထုတ်နိုင်ပါတယ်။

(၃) အိပ်ရာမဝင်မီ ရေချိုးပါ
ချွေးတွေဟာ ခြင်တွေကို ဖမ်းစားနိုင်ပါတယ်။ ချွေးထဲမှာ လက်တစ်အက်ဆစ် ပါဝင်လို့ပါ။ ဒါကြောင့် မအိပ်ခင် ရေချိုးလိုက်ပါ။

(၄) ပြတင်းပေါက်များ ပိတ်ထားပါ
ပြတင်းပေါက်ဖွင့်ထားရင် ခြင်တွေကို လက်ယပ်ခေါ်သလို ဖြစ်စေနိုင်ပါတယ်။ ပြတင်းပေါက်ပိတ်ပြီး အဲကွန်းဖွင့်ထားတာက ခြင်ဝင်ရောက်မှုနည်းစေတဲ့ အကောင်းဆုံး နည်းပါ။

(၅) ရနံ့ဆီ ပက်ဖျန်းပါ
သစ်ကြံပိုးခေါက်ရနံ့ဆီ၊ လာဗန်ဒါရနံ့ဆီတွေကို အိပ်ရာဘေးတစ်ဝိုက်မှာ ပက်ဖျန်းပေးတာကြောင့် ခြင်တွေကို ပြေးစေနိုင်ပါတယ်။

Tip
ဘယ်အချိန် အိပ်အိပ် ဆေးစိမ်ခြင်ထောင်နဲ့ အိပ်ပါ
ခြင်ထောင်နားမှာ ခြင်တွေရစ်ဝဲပြီး သင့်အရေပြားကို ကိုက်တာ ကင်းဝေးစေဖို့ ဘယ်အချိန်အိပ်အိပ် ဆေးစိမ်ခြင်ထောင်နဲ့ အိပ်စက်သင့်ပါတယ်။

Ref; RD

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top