———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊——— လူ ၇၅ ရာခိုင်နှုန်းဟာ ဘဝမှာ တစ်ချိန်မဟုတ်တစ်ချိန်ဆိုသလို လိပ်ခေါင်းကြောင့် မသက်မသာဖြစ်တာ၊ ယားယံတာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေ ဖြစ်တတ်ပါတယ်။ ကြာရှည် လိပ်ခေါင်းဖြစ်ရင် ယားယံတာ၊ နာကျင်တာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာတွေ ဖြစ်တတ်ကာ ဆိုးရွားတဲ့အဆင့်မှာ သွေးထွက်တာတွေပါ...
—–၊ ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—– Q. ဆရာ့အတွေ့အကြုံအရ လိပ်ခေါင်းရောဂါဖြစ်တဲ့ လူနာတွေထဲက ထူးထူးခြားခြားရှိရင် ပြောပြပေးပါဦး။ A. လိပ်ခေါင်းဖြစ်ရင် ဘာမှစိုးရိမ်စရာ မလိုပါဘူး။ ခွဲစိတ်ကုသမှု ခံယူလိုက်ရင် ကောင်းသွားတာပါပဲ။ ဒါကို သက်ဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့...
စူး (ဆေးဝါးတက္ကသိုလ်) (၁) အမျှင်ဓာတ်များသည့် အစာ အမျှင်ဓာတ်များတဲ့ အစာတွေက ဝမ်းညှစ်မသွားရဘဲ ဝမ်းပျော့ပျော့သွားရစေတဲ့အတွက် လိပ်ခေါင်းကြောင့် နာကျင်ရောင်ရမ်းမှုဝေဒနာနဲ့ ယားယံတဲ့ဝေဒနာတွေကို သက်သာစေပါတယ်။ (၂) လိပ်ခေါင်းလိမ်းဆေး ဆေးဆိုင်တွေမှာ ကိုယ့်ဘာသာ ဝယ်လို့ရတဲ့ လိပ်ခေါင်းလိမ်းဆေးခရင်မ်တွေကို လိပ်ခေါင်းကြောင့် နာကျင်နေတဲ့ နေရာတွေမှာ...
ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ် ကုသိုလ်ဖြစ်ဆေးခန်းတာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း Q. လိပ်ခေါင်းက ဘာကြောင့် ဖြစ်ရတာပါလဲ ဆရာ။ A. လိပ်ခေါင်းဆိုတာ အူမကြီးရဲ့ အောက်ဘက်မှာရှိတဲ့ သွေးပြန်ကြောတွေ ရောင်ရမ်းလို့ ဖြစ်တာပါ။ လိပ်ခေါင်းက စအိုတဝိုက်မှာဖြစ်ပြီး အတွင်းလိပ်ခေါင်းနဲ့ အပြင်လိပ်ခေါင်းလို့ ခေါ်ကြတယ်။ အတွင်းလိပ်ခေါင်းဆိုတာ...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) လိပ်ခေါင်းကြောင့် ယားယံတဲ့ဝေဒနာနဲ့ စပ်ဖျဉ်းဖျဉ်းခံရခက်တဲ့ ဝေဒနာခံစားနေရရင် သက်သာရာရစေမယ့် အိမ်တွင်းကုထုံးတွေကို မျှဝေလိုက်ပါတယ်။ (၁) ရှားစောင်းလက်ပပ် ရှားစောင်းလက်ပပ်မှာ ရောင်ရမ်းမှုလျော့ကျစေတဲ့ အစွမ်းရှိတဲ့အတွက် လိပ်ခေါင်းကြောင့် နာကျင်တာနဲ့ ယားယံတာတို့ကို မြန်မြန်သက်သာစေပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ကို လိပ်ခေါင်းပေါ်လိမ်းပေးရင်...
မေး. အတွင်းလိပ်ဆိုတဲ့ ရောဂါလက္ခဏာသိပါရစေ ခင်ဗျ။ Sithu Htay (FB) ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။ ဖြေ. လိပ်ခေါင်းရောဂါဆိုတာ အစာဟောင်းအိမ်နဲ့ စအိုဝနားက သွေးကြောတွေ ဖောင်းပွလာတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဖြစ်တဲ့နေရာနဲ့ အပြင်ရောက်တာပေါ်မူတည်ပြီး အပြင်လိပ်ခေါင်း၊ အတွင်းလိပ်ခေါင်း စသဖြင့်ခေါ်ဝေါ်တာပါ။ (Healthy...
၊ စူး ၊ (ဆေးဝါးတက္ကသိုလ်) လိပ်ခေါင်းရှိပြီး အဲဒီလိပ်ခေါင်းက အနည်းငယ်နာကျင်တာ၊ ရောင်ရမ်းတာနဲ့ ဖောင်းနေတာတွေဖြစ်နေရင် ဆရာဝန်ဆီမပြနိုင်သေးချိန်မှာ သက်သာအောင်လုပ်ဆောင်နိုင်မယ့် အိမ်တွင်းကုထုံးတွေရှိပါတယ်။ – လိမ်းဆေး လိမ်းပါ ဟိုက်ဒရိုကော်တီဇုန်းပါတဲ့ လိပ်ခေါင်းလိမ်းဆေးခရင်မ်ကို လိမ်းပေးပါ။ – ကြက်သီးနွေးရေထဲမှာ ပုံမှန်စိမ်ပါ ကြက်သီးနွေးရေထဲမှာ...
၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်) အရွယ်ရောက်သူ လေးဦးမှာ သုံးဦးဟာ ဘဝရဲ့ တစ်ချိန်ချိန်မှာ လိပ်ခေါင်းယားယံတာ၊ ပူစပ်ပူလောင် ဖြစ်တာနဲ့သွေးထွက်တာတွေဖြစ်ကြပါတယ်။ အဲဒီလို လိပ်ခေါင်းဖြစ်ရတဲ့ အကြောင်းရင်းတွေမှာ သင်ထင် မှတ်မထားတဲ့ အမူအကျင့်တွေလည်း ပါဝင်နေပါတယ်။ (၁) လေးလံသော ပစ္စည်းများ...
၊ လရိပ်မေ ၊ လိပ်ခေါင်းစဖြစ်နေချိန်နဲ့ လိပ်ခေါင်းကြောင့် နာကျင်နေချိန်တွေမှာ တချို့အစာတွေက လိပ်ခေါင်းရောင်ရမ်းမှုနဲ့ နာကျင်မှုကိုပိုဆိုးစေနိုင်ပါတယ်။ – ပြုပြင်ထားသော အစာများ တချို့အာဟာရဓာတ်တွေနဲ့ ဓာတုပစ္စည်းအများစုပါတဲ့ ပြုပြင်ထားတဲ့ အစာတွေက လိပ်ခေါင်းကို ပိုဆိုးစေနိုင်ပါတယ်။ အကြောင်းကတော့ အဲဒီပြုပြင်ထားတဲ့ အစာတွေထဲက ဓာတုပစ္စည်းအများစုဟာ...