Healthy Life Ad
Life Style

လိပ်ခေါင်းက နာကျင်ရောင်ရမ်းနေလျှင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လိပ်ခေါင်းရှိပြီး အဲဒီလိပ်ခေါင်းက အနည်းငယ်နာကျင်တာ၊ ရောင်ရမ်းတာနဲ့ ဖောင်းနေတာတွေဖြစ်နေရင် ဆရာဝန်ဆီမပြနိုင်သေးချိန်မှာ သက်သာအောင်လုပ်ဆောင်နိုင်မယ့် အိမ်တွင်းကုထုံးတွေရှိပါတယ်။

– လိမ်းဆေး လိမ်းပါ

ဟိုက်ဒရိုကော်တီဇုန်းပါတဲ့ လိပ်ခေါင်းလိမ်းဆေးခရင်မ်ကို လိမ်းပေးပါ။

– ကြက်သီးနွေးရေထဲမှာ ပုံမှန်စိမ်ပါ

ကြက်သီးနွေးရေထဲမှာ စအိုတစ်ဝိုက်နေရာကို ၁၀- ၁၅မိနစ်ခန့်စိမ်ပေးပါ။ တစ်နေ့မှာ နှစ်ကြိမ်-သုံးကြိမ်လောက် စိမ်ပေးပါက နာကျင်ရောင်ရမ်းတာ သက်သာနိုင်ပါတယ်။

– စအိုတစ်ဝိုက်ကို သန့်ရှင်းအောင်ထားပါ

နေ့စဉ် ရေချိုးတဲ့အခါမှာ စအိုတစ်ဝိုက်ကအရေပြားကို ကြက်သီးနွေးရေနဲ့ ပုံမှန်ဆေးကြောသန့်စင်ပေးပါ။ ဆပ်ပြာနဲ့မဆေးပါနဲ့။ ဆပ်ပြာသုံးတာကြောင့် စအိုတစ်ဝိုက်ကအရေပြားကို ပိုမိုယားယံစေနိုင်လို့ပါ။ ရေချိုးပြီးတဲ့အခါမှာ စအိုတစ်ဝိုက်ကအရေပြားကိုပါ ခြောက်သွေ့အောင် ညင်ညင်သာသာသုတ်ပေးဖို့လိုပါတယ်။

– ခြောက်သွေ့ကြမ်းတမ်းသော အိမ်သာသုံးစက္ကူကို မသုံးပါနှင့်

ဝမ်းသွားပြီးတဲ့အခါမှာ စအိုတစ်ဝိုက်က အရေပြားခြောက်သွေ့အောင် အမွှေးရနံ့နဲ့ အယ်လ်ကိုဟောမပါတဲ့ စိုစွတ်တဲ့အိမ်သာသုံးစက္ကူကို သုံးသင့်ပါတယ်။

– ရေအေးကပ်ပါ

လိပ်ခေါင်းကြောင့် ရောင်ရမ်းမှုသက်သာအောင် ရေခဲဝတ် ဒါမှမဟုတ် ရေခဲအိတ်ကပ်ပေးပါ။

– အကိုက်အခဲပျောက်ဆေးသောက်ပါ

ပါရာစီတမော၊ အိုင်ဗျူပရိုဖန်စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်ပေးတာက လိပ်ခေါင်းကြောင့် နာကျင်မှုကို ယာယီသက်သာစေပါတယ်။

အထက်မှာဖော်ပြထားတဲ့ အိမ်တွင်းကုထုံးတွေကိုသုံးပါက လိပ်ခေါင်းကြောင့် ဖြစ်ပေါ်တဲ့လက္ခဏာတွေဟာ ရက်အနည်းငယ်အတွင်း သက်သာသွားပါလိမ့်မယ်။ ရက်အတော်ကြာလို့မှ မသက်သာရင် ဒါမှမဟုတ် ပြင်းပြင်းထန်ထန်နာကျင်နေရင်၊ သွေးထွက်နေရင် ဆရာဝန်နဲ့ချက်ချင်းပြသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top