Healthy Life Ad
Q & A

ညအိပ်ချိန်တွင် နှာခေါင်းပိတ်ခြင်း

—–၊ ပါမောက္ခဦးမောင်မောင်ခိုင် (နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. နှာစေးတာ၊ နှာမွှန်တာဖြစ်ပြီးရင် ညညဆို နှာခေါင်းပိတ်တတ်ပါတယ်။ နှာခေါင်းပိတ်လွန်းလို့ ညဘက်အိပ်မပျော်တာ မကြာခဏပါ။ အဲဒါ ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

A. များသောအားဖြင့် လူတွေက ညဘက်အိပ်စက်အနားယူတဲ့အခါ အဲကွန်းဖွင့်ပြီး အိပ်လေ့ရှိကြပါတယ်။ အဲကွန်းဖွင့်ပြီးအိပ်တဲ့အခါ လေထုက ခြောက်သွားပါတယ်။ အခန်းထဲမှာရှိတဲ့ လေထုခြောက်တဲ့အခါ နှာခေါင်းထဲမှာရှိတဲ့ အရာတွေလည်း ခြောက်သွေ့နေပါတယ်။ ခြောက်သွေ့တဲ့အတွက် နှာခေါင်းကို ပိတ်စေတာပါ။

“အခန်းထဲက လေထုစိုထိုင်းဆများပြီး ရေငွေ့ရှိနေအောင် အိပ်ရာဘေးမှာ ရေနွေးငွေ့မှုတ်တဲ့ စက်လေးတွေ ထားပေးဖို့လိုပါတယ်။ ဒါဆိုရင် နှာခေါင်းခြောက်တာသက်သာမယ်၊ နှာခေါင်းပိတ်တာ သက်သာပါမယ်။ အဲဒီစက် (Humidifier) မရှိဘူးဆိုရင်လည်း ရေနွေးကို ခွက်လေးနဲ့ ထည့်ထားပေးလည်း ရပါတယ်။”

Q. နှာခေါင်းမပိတ်အောင် ဘယ်လိုမျိုးလုပ်ဆောင်သင့်ပါသလဲ ဆရာ။

A. ညဘက်အိပ်တဲ့အချိန် နှာခေါင်းမပိတ်အောင် နံပါတ်တစ်အချက်အနေနဲ့ တတ်နိုင်သမျှ အဲကွန်းကို အဆုံးအထိ အေးမြလွန်းနေအောင်ဖွင့်တာမျိုး မလုပ်ဘဲနဲ့ အဲကွန်းကိုလျှော့ရပါမယ်။ နံပါတ်နှစ်အချက်ကတော့ အခန်းထဲက လေထုစိုထိုင်းဆများပြီး ရေငွေ့ရှိနေအောင် အိပ်ရာဘေးမှာ ရေနွေးငွေ့မှုတ်တဲ့ စက်လေးတွေ ထားပေးဖို့လိုပါတယ်။ ဒါဆိုရင် နှာခေါင်းခြောက်တာ သက်သာမယ်၊ နှာခေါင်းပိတ်တာသက်သာပါမယ်။ အဲဒီစက် (Humidifier) မရှိဘူးဆိုရင်လည်း ရေနွေးကို ခွက်လေးနဲ့ ထည့်ထားပေးလည်း ရပါတယ်။

Q. တချို ့လူတွေပဲ နှာခေါင်းပိတ်ပြီး တချို ့မှာကျ နှာခေါင်းမပိတ်ပါဘူး။ အဲဒါက ဘာကွာခြားမှုရှိလို့ပါလဲ ဆရာ။

A. ပုံမှန်အားဖြင့် တချို ့က မူရင်းနှာခေါင်းရောဂါရှိလို့လည်း နှာခေါင်းပိတ်တတ်တယ်။ မူရင်းနှာခေါင်းရောဂါ ရှိသလားဆိုတာကို စစ်ဆေးကြည့်ဖို့ လိုပါတယ်။ တချို ့လူတွေမှာကျ နှာခေါင်းအလယ်အကျမှာ ကောက်ရင်လည်း နှာခေါင်းပိတ်တတ်ပါတယ်။ နှာခေါင်းထဲမှာ အသားပိုအသီးရှိရင်လည်း ပိတ်တတ်တယ်။ ဓာတ်မတည့်နှာခေါင်းရောင်ရောဂါ ရှိရင်လည်း နှာခေါင်းပိတ်တတ်တယ်။ အကြောင်းရင်းရှာပြီး ကုသဖို့လိုပါတယ်။ အဲဒီလို ကုသဖို့အတွက်ကတော့ တတ်ကျွမ်းနားလည်တဲ့ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ ပြဖို့လိုအပ်ပါတယ်။

Q. လောလောဆယ်မှာ နှာခေါင်းမပိတ်အောင် ဘယ်လိုလုပ်သင့်ပါသလဲ ဆရာ။

A. ရေနွေးငွေ့ရှူရမလား၊ နှာခေါင်းကို ဆားရည်နဲ့ဆေးရမလား၊ နှာခေါင်းပွင့်ဆေးထည့်ရမလား၊ သောက်ဆေးပဲသောက်ရမလားဆိုတာ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပြသပြီး ကုသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top