Healthy Life Ad
Health Tips

နာကျင်မှုသက်သာစေမည့် ဖိနှိပ်ရာနေရာများ

———၊ လရိပ်မေ ၊———

အကိုက်အခဲပျောက်ဆေးမသောက်ဘဲ နာကျင်မှုဝေဒနာ သက်သာလိုပါသလား။ အောက်ပါဖိနှိပ်ရာနေရာတွေကို အချိန် ၁၀-၃၀ စက္ကန့်ခန့် ဖိနှိပ်ပေးတာကြောင့် နာကျင်မှုဝေဒနာ သက်သာစေမှာ ဖြစ်ပါတယ်။

မျက်စိယားယံပြီး မောပန်းနွမ်းနယ်နေပါသလား

ဦးခေါင်းခွံအခြေကို ဘယ်နဲ့ညာလက်ညှိုးထိပ်နဲ့ ဖိနှိပ်ပေးရပါမယ်။ ဒါဆိုရင် မျက်စိယားယံတဲ့ ဝေဒနာနဲ့ မောပန်းနွမ်းနယ်မှု ဝေဒနာတို့ကို သက်သာစေပါလိမ့်မယ်။

လည်ချောင်းနာပြီး စိုးရိမ်စိတ်များနေပါသလား

လည်ချောင်းနာနေတယ်၊ စိုးရိမ်စိတ်များနေတယ်ဆိုရင် ရင်ညွန့်ရိုးအောက်တည့်တည့် အမှတ်နေရာကို ဖိနှိပ်ပေးရပါမယ်။

ဖိအားများပြီး နှာခေါင်းပိတ်နေပါသလား

စိတ်ထဲမှာ ဖိစီးမှုများနေတယ်၊ နှာခေါင်းပိတ်နေတယ်ဆိုရင် သက်သာလျော့ပါးစေဖို့ လက်တံတောင်ဆစ်အပြင်ဘက် တွန့်ကြောင်းအစွန်းနေရာကို ဖိနှိပ်ပေးပါ။

မူးဝေပြီး ပျို ့ချင်အန်ချင်ဖြစ်နေပါသလား

ပျို ့ချင်အန်ချင်စိတ်ပေါ်နေပြီး ခေါင်းမကြည်မလင်ဖြစ်နေရင် အပေါ်လက်မောင်း အပြင်နေရာကနေ ဖိနှိပ်ပေးလာရပါမယ်။

လေပွနေပါသလား

ရာသီလာချိန်မှာ ခံစားရတဲ့ လေပွဝေဒနာကို တွန်းလှန်ဖို့ ချက်အောက်တစ်လက်မအကွာနေရာကို ဖိနှိပ်ပေးရပါမယ်။

ခေါင်းမူးပြီး ခါးနာနေပါသလား

ခေါင်းမူးတာ၊ ခါးနာတာ စတဲ့ ဝေဒနာတွေ ခံစားနေရတဲ့အခါ ဝေဒနာသက်သာစေဖို့ လက်သန်းနဲ့ လက်သူကြွယ်ကြား အလယ်နေရာ အသားစိုင်ကို ဖိနှိပ်ပေးရပါမယ်။

Most Popular

Healthy Life Ad
To Top