Healthy Life Ad
Life Style

စကားပြောလို့ကောင်းတဲ့သူ ဖြစ်ဖို့ . .

———၊ ကိုထက် ၊———

တစ်ခါတလေ ဘဝမှာ စကားပြောလို့ကောင်းတဲ့သူနဲ့ဆုံရင် ထမင်းစားချိန်ကျော်လို့ကျော်မှန်း မသိလောက်အောင် စိတ်ကျေနပ်မှု ရတတ်ပါတယ်။ နောက်တစ်ခါမှာလည်း အဲဒီလိုလူနဲ့ ပြန်ဆုံချင်နေတတ်တယ်၊ စကားလက်ဆုံကျချင်တတ်တယ်။ အဲဒီလို စကားပြောလို့ ကောင်းတဲ့သူဖြစ်ဖို့ဆိုရင် အောက်ပါခြောက်ချက်ကို လိုက်နာသင့်ပါတယ်။

(၁) တကယ်စိတ်ဝင်စားမှုကို ပြပါ

တခြားသူပြောစကားအပေါ် အာရုံအပြည့်အဝစိုက်ပြီး သိချင်တဲ့ မေးခွန်းလေးတွေ ပြန်မေးတာမျိုး လုပ်ပေးပါ။

(၂) နာမည်ခေါ်ပြီး ပြောပါ

ဥပမာ-စုနဲ့ စကားပြောနေတယ်ဆိုရင် “ဟုတ်တာပေါ့ စုရယ် . . စု သိလား . .” စသဖြင့် ပြောပါ။

(၃) စကားကို ဖြတ်မပြောပါနဲ့

သူပြောနေတာ မပြီးခင် စကားဖြတ်မပြောပါနဲ့။

(၄) ‘ငါ့ကိုပြောပါ’ဆိုတဲ့ မှော်စကားကိုသုံးပါ

“အင်း”၊ “အဲ”ဆိုတာမျိုးထက် “နင်ခံစားရတာမှန်သမျှ ငါ့ကိုပြောနိုင်ပါတယ်”ဆိုတာမျိုးပြောပါ။

(၆) လှိုက်လှိုက်လှဲလှဲ သဘောတူပါ၊ သဘောမတူတာကို ညင်သာစွာပြပါ

ပြောဆိုချက်တစ်ခုအပေါ် သဘောမတူရင် ကွဲလွဲမှုအတွက် တခြားသူအပေါ် လေးစားပါ၊ သဘောမတူကြောင်း ညင်ညင်သာသာ ငြင်းပါ။ သဘောတူရင် လှိုက်လှိုက်လှဲလှဲ ပြသပါ။

(၆) နည်းနည်းပြောပြီး များများနားထောင်ပါ

ခေါင်းငြိမ့်တာ၊ မျက်လုံးချင်းဆုံကြည့်တာတို့ လုပ်ပါ။

Most Popular

Healthy Life Ad
To Top