Healthy Life Ad
Health Tips

တိရစ္ဆာန်အကိုက်ခံရခြင်းအတွက် ရှေးဦးကုထုံး

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

သင် ဒါမှမဟုတ် သင့်ကလေးကို တိရစ္ဆာန်အကိုက်ခံရပြီဆိုရင် အောက်ပါလမ်းညွှန်ချက်တွေကို လိုက်နာပေးပါ။

အသေးစားဒဏ်ရာအတွက်

အကိုက်ခံရတာက အရေပြားပြဲရုံပဲဆိုရင် အန္တရာယ်ဖြစ်နိုင်ခြေ နည်းပါတယ်။ အသေးစားဒဏ်ရာကို ကုသသလိုပဲ ကုသသင့်ပါတယ်။ ဒဏ်ရာကို ဆပ်ပြာနဲ့ ရေသုံးပြီး ဆေးကြောလိုက်ပါ။ ပြီးရင် ကူးစက်ပိုးဝင်မှုကို ကာကွယ်နိုင်အောင် ပဋိဇီဝပိုးသတ်ဆေး လိမ်းဆေးကို လိမ်းပေးကာ သန့်ရှင်းစင်ကြယ်တဲ့ ပတ်တီးစနဲ့ ဖုံးအုပ်ထားပါ။

နက်နဲသော ဒဏ်ရာအတွက်

တိရစ္ဆာန်အကိုက်ခံရတာက အရေပြားနက်နက်ထဲအထိ ဖြစ်တယ်ဆိုရင်၊ အရေပြားက ဆိုးဆိုးရွားရွားစုတ်ပြဲကာ သွေးထွက်နေတယ်ဆိုရင် ဖြစ်တဲ့နေရာကို သန့်ရှင်းပြီး ခြောက်သွေ့တဲ့ အဝတ်စတစ်စနဲ့အုပ်ကာ သွေးတိတ်အောင်လုပ်ပြီး ဆရာဝန်ထံသွားပြပါ။

ကူးစက်ပိုးဝင်မှုအတွက်

တိရစ္ဆာန်အကိုက်ခံရတဲ့နေရာက ရောင်ရမ်းတာ၊ နီမြန်းတာ၊ ကိုက်ခဲတာ၊ သွေးစိမ့်ထွက်တာတွေလို ကူးစက်ပိုးဝင်တဲ့ လက္ခဏာတွေကို တွေ့နေရရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

ခွေးအကိုက်ခံရခြင်းအတွက်

အကိုက်ခံရတဲ့ခွေးက ပုံမှန်မဟုတ်ဘဲ ရူးနေတယ်လို့ သံသယရှိရင် ခွေးရူးကာကွယ်ဆေးထိုးဖို့ ဆရာဝန်ထံ ချက်ချင်းသွားပါ။ ခွေးတွေက ကြောင်တွေထက် ပိုပြီး ကိုက်နိုင်ခြေများပါတယ်။ ကြောင်ကုတ်တဲ့အခါ ပိုးဝင်နိုင်ခြေရှိတာကြောင့် ဒဏ်ရာကို သန့်ရှင်းစင်ကြယ်အောင် ဆပ်ပြာနဲ့ရေသုံးပြီး သေချာဆေးကြောပေးရပါမယ်။ ကလေးတွေကို မရင်းနှီးတဲ့ ခွေးနဲ့ ကြောင်တွေအနား မသွားဖို့၊ မထိတွေ့ဖို သင်ထားပေးပါ။

Most Popular

Healthy Life Ad
To Top