Healthy Life Ad
Health Tips

အိမ်မွေးတိရစ္ဆာန်ကြောင့် ဓာတ်မတည့်မှု မဖြစ်ရလေအောင်

ကြောင်လေးကို ပွေ့ဖက်မိတာကြောင့် နှာချေနေပြီလား။ အိမ်မွေးတိရစ္ဆာန်တွေကြောင့် ဓာတ်မတည့်မှု ခံစားရတဲ့အခါ သူတို့ကိုပွေ့ဖက်တာ၊ ပွတ်သပ်တာတွေ လုပ်ရမှာ ကြောက်နေတတ်ပါတယ်။ အဲဒီလိုမဖြစ်စေဖို့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ကင်းဝေးအောင် အောက်ပါနည်းလမ်းတွေကို လိုက်နာပေးသင့်ပါတယ်။

အိမ်မွေးတိရစ္ဆာန်ကို အိပ်ခန်းထဲမဝင်ပါစေနဲ့။ အိပ်ရာပေါ်မှာ မအိပ်ပါစေနဲ့။

အိမ်မွေးတိရစ္ဆာန်ရဲ့အမွေးတွေနဲ့ အညစ်အကြေးတွေ ကပ်ညိနေနိုင်တဲ့ ခြေသုတ်ဖုံတွေ၊ ကော်ဇောတွေနဲ့ ကြမ်းခင်းတွေကို သေချာဖုန်သုတ်ပေးပါ။ အဲဒီပိုးတွေဟာ နှာချေတာ၊ နှာရည်ကျတာ စတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေကို သက်သာစေပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေက အထူးသဖြင့် အမွေးကျွတ်တတ်ရင် ရေချိုးပြီး ဘရပ်ရှ်နဲ့ တိုက်ပေးပါ။ သင်က တိရစ္ဆာန်မွေးတွေကြောင့် ဓာတ်မတည့်တတ်သူဖြစ်ရင် တခြားသူကို သန့်ရှင်းရေးလုပ်ခိုင်းပါ။

ကြောင်တစ်ကောင်လောက် မွေးမယ်လို့ စိတ်ကူးရင် အရောင်ဖျော့တဲ့ကြောင်မကို မွေးဖို့စဉ်းစားပါ။ လေ့လာမှုအရ အရောင်ရင့်တဲ့ ကြောင်ထီးတွေက ဓာတ်မတည့်မှုကို ပိုဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

Most Popular

Healthy Life Ad
To Top