Healthy Life Ad
Health Tips

တက်ကြွစွာနေပြီး ထိုင်ချိန်လျှော့ချခြင်းဖြင့် ကင်ဆာကာကွယ်နိုင်

———၊ ကိုထက် ၊———

တက်တက်ကြွကြွနေပြီး ထိုင်တဲ့ကြာချိန်ကို လျှော့ချတာကြောင့် ကင်ဆာဖြစ်နှုန်းကို လျော့ကျစေနိုင်ကြောင်း လေ့လာမှုအရ သိရပါတယ်။

ဒီနေ့ခေတ်မှာ လူအများစုဟာ တီဗီကြည့်တာ၊ အလုပ်စားပွဲမှာထိုင်ပြီး အလုပ်လုပ်တာ၊ အင်တာနက်သုံးတာ စတဲ့ အလုပ်အများစုကို ထိုင်ပြီးလုပ်ရင်း အချိန်ကုန်ဆုံးတတ်ပါတယ်။

တစ်နေ့မှာ အနည်းဆုံး မိနစ် ၃၀ ခန့် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပေးတာကြောင့် ကိုယ်အလေးချိန်မတက်အောင် ကာကွယ်နိုင်တဲ့အပြင် တချို့ ကင်ဆာရောဂါတွေရဲ ့ ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေနိုင်တယ်လို့ ကင်ဆာကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

တက်တက်ကြွကြွ နေဖို့ဆိုတာက အားကစားခန်းမကို မဖြစ်မနေသွားရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ နေ့စဉ် ပုံမှန်လုပ်ဆောင်နေကျ အလုပ်တွေဖြစ်တဲ့ အလုပ်ကိုလမ်းလျှောက်သွားတာ၊ ဥယျာဉ်ခြံမြေစိုက်ပျိုးတာ စတဲ့ အပြုအမူမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သန်စွမ်းကြံ့ခိုင်အောင်နေဖို့ ဆိုလိုတာ ဖြစ်တယ်လို့ လေ့လာသူတွေက သတိပေးထားပါတယ်။

တစ်နေ့တာအတွင်း ခန္ဓာကိုယ်ကိုလှုပ်ရှားပြီး တက်တက်ကြွကြွ နေထိုင်နိုင်လေလေ ကင်ဆာအန္တရာယ် လျော့ကျလေလေ ဖြစ်မှာပါ။ နေ့စဉ် တက်တက်ကြွကြွ နေထိုင်တာကြောင့် အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာတို့ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို သန်စွမ်းစေပြီး အစာခြေလမ်းကြောင်းစနစ်ကို ကျန်းမာစေတယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။

(Ref;ca.gov 24-5-19)

Most Popular

Healthy Life Ad
To Top