Healthy Life Ad
Life Style

အလှအပအတွက် သစ်သီးတို့၏အစွမ်း

———၊ ငွေကြယ်စင်ယံ ၊———

အစိမ်းရောင်စပျစ်သီး

အစိမ်းရောင်စပျစ်သီးမှာ အိုမင်းမှု ဟန့်တားပေးတဲ့ ရက်စ်ဗာရထရောဓာတ် ပါဝင်တာကြောင့် အသားအရေကို နုပျိုတင်းရင်းစေပါတယ်။

ဘယ်လို အသုံးဝင်သလဲ

အစိမ်းရောင်စပျစ်သီးကို ပျားရည်၊ ဒိန်ချဉ်တွေနဲ့ ရောပြီး အရေပြားပေါ် သုတ်လိမ်းပေးတာကြောင့် အဆီပြန်တာနဲ့ ဝက်ခြံပေါက်တာကို လျော့ပါးစေကာ အသားအရေကို စိုပြည်နုပျိုလာစေပါတယ်။

ကီဝီသီး

ကီဝီသီးကို ကြေးချွတ်ပေါင်းတင်ပစ္စည်းအဖြစ် သုံးတာကြောင့် မိနစ်ပိုင်းအတွင်း အသားအရေကို ကြည်လင်တောက်ပစေပါတယ်။ အကြောင်းကတော့ ကီဝီသီးမှာ အယ်လ်ဖာဟိုက်ဒရော့ဆီအက်စစ်၊ ဗီတာမင်အေနဲ့ ဗီတာမင်စီတို့ ပါဝင်လို့ပါ။

ဘယ်လို အသုံးဝင်သလဲ

ကီဝီသီးကို ပါးပါးလှီးပြီး အနှစ်ရည်ရအောင် ကြိတ်ချေကာ ဒိန်ချဉ်၊ အုန်းဆီအနည်းငယ်တို့နဲ့ ရောမွှေလိုက်ပါ။ ပြီးရင် မျက်နှာအရေပြားပေါ် သုတ်လိမ်းကာ မိနစ်အနည်းငယ် ထားပေးတာကြောင့် ညစ်နွမ်းနေတဲ့ အသားအရေကို ပြေလျော့ကြည်လင်လာစေပါတယ်။

သခွားမသီး

သခွားမသီးမှာ ဗီတာမင်စီလို အင်တီအောက်ဆီးဒင့် ပါဝင်ပါတယ်။ ဒါကြောင့် မျက်နှာပေါင်းတင်ကပ်ခွာ သုံးလေ့ရှိသူတွေအနေနဲ့ သဘာဝနည်းကို ပြောင်းသုံးချင်တယ်ဆိုရင် သခွားမသီးနဲ့ ပေါင်းတင်နိုင်ပါတယ်။

ဘယ်လို အသုံးဝင်သလဲ

သခွားမသီးကို အလွန်ပါးလျတဲ့ အပိုင်းရတဲ့အထိ ပါးပါးလှီးပြီး မျက်နှာပေါ်မှာ ကပ်ပေးပါ။ မိနစ် ၂၀ ကြာမှ ဖယ်ရှားရမှာပါ။

Most Popular

Healthy Life Ad
To Top