Healthy Life Ad
Health Tips

သွေးတိုးနှင့် ရေချိုးခြင်း (Blood Pressure and Bathing)

———၊ ဒေါက်တာတင့်ဆွေ ၊———

ရေနွေးနဲ့ ရေချိုးရင်လည်း BP တက်နိုင်တော့ ရှောင်ခိုင်းတာကို နားလည်ပေမယ့် သွေးဖိအား ကျစေမှာကိုလည်း ရှောင်ဆိုတာကို နည်းနည်းရောသွားလို့ပါ။ သိချင်တာနှစ်ခုက ရေကူးရင် Hypertension အတွက် ဘယ်လိုရှောင်ကြဉ်သင့်ပါသလဲ။

ရေချိုးတာနဲ့ BP သွေးဖိအားဆက်စပ်တာကို လေ့လာမှုတွေ လုပ်ထားတယ်။ Hypertension သွေးတိုးရောဂါသည်တွေနဲ့ သွေးတိုးမရှိသူတွေကို နှိုင်းယှဉ်လေ့လာတယ်။ သွေးတိုးရှိနေသူတွေမှာ ရေချိုးပြီးပြီးချင်း သွေးဖိအားတက်လာပြီးနောက် ချက်ချင်းပြန်ကျတာတွေ့ရတယ်။ ရေချိုးပြီးရင် သွေးတိုးကို ပုံမှန်ရောက်စေမှာ ခက်ခဲတာလဲ တွေ့ရသေးတယ်။ ရေချိုးလိုက်တာနဲ့ သွေးဖိအားရုတ်တရက်တက်တာကနေ –

• Collapse during the bath သတိလက်လွတ်ဖြစ်တာ၊

• Brain anemia ဦးနှောက်သွေးမဝဖြစ်တာ၊

• Heart attack နှလုံးဖောက်ပြန်မှုနဲ့

• Blood vessel bursting သွေးကြောပေါက်တဲ့ အန္တရာယ်တွေ ဖြစ်စေနိုင်တယ်။ ကံမကောင်းအကြောင်းမလှရင် ှ Stroke (စထုပ်ခ်)ရပြီး အသက်ကိုရန်ရှာနိုင်တယ်။ ဒီလေ့လာမှုက အနုတ်သဘောဖြစ်တယ်။

ရေချိုးလို့ သွေးဖိအားတက်မှာကို ဘယ်လိုကာကွယ်မလဲ

• အရက်သောက်ပြီး ရေမချိုးပါနဲ့။ အရက်ကြောင့် သွေးဖိအားမြန်မြန်ကျစေတယ်။

• ဆောင်းရာသီမှာ ရေချိုးခန်းကို အရင်နွေးလာအောင်လုပ်ပြီးမှသာ ရေချိုးပါ။

• ရေသိပ်ပူတာ မချိုးပါနဲ့။ ရေနွေးနဲ့ ကြာကြာမချိုးပါနဲ့။

• လက်တွေကို ရေချိုးကန်ရဲ့ ဘောင်တွေပေါ်မှာ တင်ထားရင်း ရေစိမ်ပါ။ ဒါမှ သတိလက်လွတ်ဖြစ်ရင် ရေနစ်တာမဖြစ်မယ်။

“ရေချိုးတာနဲ့ BP သွေးဖိအား ဆက်စပ်တာကို လေ့လာမှုတွေလုပ်ထားတယ်။ Hypertension သွေးတိုးရောဂါသည်တွေနဲ့ သွေးတိုးမရှိသူတွေကို နှိုင်းယှဉ်လေ့လာတယ်။ သွေးတိုးရှိနေသူတွေမှာ ရေချိုးပြီးပြီးချင်း သွေးဖိအားတက်လာပြီးနောက် ချက်ချင်းပြန်ကျတာ တွေ့ရတယ်။ ရေချိုးပြီးရင် သွေးတိုးကို ပုံမှန်ရောက်စေမှာ ခက်ခဲတာလဲ တွေ့ရသေးတယ်။”

နောက်လေ့လာမှုတခု –

ရေနွေးချိုးခြင်းနဲ့ Sauna bath ရေနွေးငွေ့ချိုးနည်းတွေဟာ Congestive heart failure (CHF) နှလုံးအလုပ်မလုပ်တဲ့ ရောဂါရှိနေသူတွေနဲ့ မသင့်တော်ပါလို့ နားလည်လက်ခံထားခဲ့ကြတယ်။ ဒါပေမဲ့ Thermal vasodilation အပူချိန်နဲ့ သွေးကြောကျယ်ခြင်းကို စနစ်တကျ လေ့လာကြည့်တယ်။ စမ်းသပ်မှုကို Dilated cardiomyopathy နှလုံးရောဂါရှိနေသူ လူနာ ၃၄ ယောက်ကို စမ်းသပ်ခဲ့တယ်။

အပူချိန် ၄၁ ဒီဂရီစီမှာ ၁၀ မိနစ်ကြာ၊ တဝက်ထိုင် အနေအထားနဲ့ ရေပူချိုးခိုင်းတယ်။ နောက်တမျိုးက Sauna အပူငွေ့သုံး ရေချိုးနည်းနဲ့ ၆၀ ဒီဂရီ-စီမှာ ၁၅ မိနစ်ကြာ ပက်လက်အနေအထား နေခိုင်းတယ်။ သွေးဖိအား၊ (အီးစီဂျီ)၊ (ဒရော့ပလာ-အက်ကိုဂရမ်)၊ ထုတ်လေနဲ့ နှလုံးထဲရှိ ဖိအားတိုင်းစက်တွေ ရေပူချိုးနည်းတွေအပြီး နာရီဝက်ကြာအထိ တပ်ဆင်ထားတယ်။

• သွေးဖိအား အပေါ်ဂဏန်း သိသိသာသာ ပြောင်းလဲမှုမရှိဘူး။

• ရေပူချိုးသူတွေမှာ သွေးဖိအား အောက်ဂဏန်း (p < 0.01) ကျပြီး၊ ရေနွေးငွေ့ချိုးသူတွေမှာ (p < 0.01) ကျတယ်။

• နှလုံးခုန်နှုန်းက ၂၀-၂၅ တက်လာတယ်။

• CHF နှလုံးရောဂါမျိုးရှိသူတွေအတွက် အကျိုးရှိစေတယ်လို့ ကောက်ချက်ချတယ်။

• ရေနွေးနဲ့ ရေချိုးရင် BP သွေးဖိအားကျစေနိုင်တာကို Acute hemodynamic effects ခေါ်တယ်။ ရုတ်တရက် အပူဒဏ်ကြောင့် သွေးကြောကျယ်စေခြင်း ဖြစ်လာလို့ သွေးဖိအားကို ကျစေတယ်။

ရေချိုးပြီးရင် သွေးတိုးကို ပုံမှန်ရောက်စေမှာ ဘာက ခက်ခဲတာလဲဆိုတာက စမ်းသပ်မှုပြုနေချိန်မယ် လူနာတွေရဲ့ လည်ပင်းမှာ သွေးဖိအားကို သိနေနိုင်တဲ့ Sensor (ဆန်ဆာ)ကိရိယာလေးက သွေးဖိအားကို ထိန်းညှိမှုလုပ်ပေးတယ်။ ဒါပေမဲ့ Arteriosclerosis သွေးကြောကျဉ်းနေသူတွေအတွက် (ဆင်န်ဆာ)ကနေ ကောင်းကောင်းမသိစေနိုင်ဘူး။ ကိရိယာတပ်ထားတဲ့ သွေးကြောနံရံက ထူနေတယ်။ ဒါကြောင့် သွေးဖိအားအရင်အနေ ပြန်ရောက်စေဖို့ ခက်ခဲတာဖြစ်တယ်။

ရေပူစမ်းကို ကမ္ဘာလှည့်ခရီးသွားတွေလာအောင် ကြော်ညာစာမှာတော့ ရေနွေးနဲ့ ရေချိုးတာဟာ နှလုံးခုန်တာ ပိုမြန်လာစေပြီး သွေဖိအားလည်း ကျစေတယ်လို့ သုတေသနတခုကို ကိုးကားထားပါတယ်။ ရေရဲ့အပူကြောင့် သွေးတွေက ကိုယ်မျက်နှာပြင်မှာ ပူနွေးလာအောင် နှလုံးကနေ အလုပ်ပိုလုပ်ပေးမယ်။ ဒိနောက် သွေးကြောတွေကို ကျယ်စေရာကနေ သွေးတိုးကျစေမယ်လို့ ရှင်းလင်းချက်လည်းပါတယ်။

သဘာဝဆေးနည်းထဲမှာ သွေးတိုးကျအောင် Hot espom bath ရေနွေးမှာ ဆားခါးထည့်ပြီး ရေချိုးခိုင်းတယ်။ အမေရိကန် အိပ်မွေ့ချအသင်းက အပြောအရ ရေအေးနဲ့ ရေချိုးရင် သွေးတိုးကျစေမယ်၊ သွေးကြောထုံးတာ သက်သာစေမယ်၊ သွေးကြောနံရံထူနေတာ သက်သာစေမယ်လို့ ဆိုပါတယ်။

ဆားခါး (Epsom salt)

• ဓာတုဗေဒလို Magnesium sulfate (MgSO4) ဖြစ်တယ်။ ရေချိုးရာမှာသုံးတတ်လို့ Bath salts ခေါ်တယ်။

• ဆေးကုရာမှာ ဆားခါးသုံးတာကို Flotation therapy လို့ခေါ်တယ်။ Epsom salts 1% w/v solution ကိုသုံးပြီး ထိရောက်မှုကို လေ့လာဖူးတယ်။

• ပါးစပ်ကနေ Laxative or Osmotic purgative ဝမ်းနှုတ်ဆေးအဖြစ် သုံးနိုင်တယ်။

• သွေးပြန်ကြောထဲ ထိုးဆေးအနေနဲ့လဲ သုံးတယ်။ Eclampsia ခေါ်တဲ့ ကိုယ်ဝန်ဆောင်မှာ သွေးဆိပ်တက်ရောဂါမှာ သုံးတယ်။

• ကလေး လမစေ့ခင်မွေးမှာကို တားဖို့ရာလဲ သုံးတတ်တယ်။

• ဦးနှောက်ထိခိုက်မိသူတွေလဲ ဦးနှောက်ရောင်တာကျစေဖို့ သုံးနိုင်တယ်။

• လိပ်ခေါင်းထွက်ကျနေပြီး ပြန်မဝင်နိုင်တာ၊ ကလေးငယ်လေးတွေ စအိုကျွံကျနေတာတွေအတွက် ဆားခါးကို(ပါရာဖင်)အဆီနဲ့ရောပြီး ဖြစ်တဲ့နေရာမှာ ဆေးထည့်ပေးနိုင်တယ်။

• Barium chloride poisoning အဆိပ်သင့်တာကို ဖြေဆေးအနေနဲ့လဲ သုံးတယ်။

Most Popular

Healthy Life Ad
To Top