Healthy Life Ad
Health Tips

အရွယ်ရင့်စေနိုင်သဖြင့် အသိ၊ သတိဖြင့် ဆင်ခြင်စားသောက်သင့်သည့် အစားအသောက် ၁၀ မျိုး

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ကိုယ်စားသောက်တဲ့အတိုင်း ကိုယ်ဖြစ်တယ်ဆိုတဲ့ စကားလိုပဲ ကိုယ်နေ့စဉ် စားသောက်တဲ့ အစားအသောက်တွေက အသားအရေအပေါ် ပြောင်းလဲမှုဖြစ်စေနိုင်ပါတယ်။ သကြား၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီ၊ ဆား အလွန်အမင်းထည့်စားတာ၊ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်တွေက အရေးကြီး ပရိုတင်းတွေကို ထိခိုက်စေပြီး ရေဓာတ်ခမ်းခြောက်စေနိုင်ပါတယ်။ ဒါကြောင့် အရွယ်ရင့်စေနိုင်လို့ သတိနဲ့ ဆင်ခြင်စားသောက်သင့်ပါတယ်။

alignnone size-medium wp-image-57783
(၁) သကြားက ပရိုတင်းဓာတ်နဲ့ အဆီကို ချေဖျက်နိုင်

သကြားက ကိုယ်အလေးချိန် မြင့်တက်စေခြင်း၊ အရေးကြောင်းထင်စေခြင်း၊ အရေပြားတွဲကျစေခြင်းနဲ့ ကျန်းမာရေး ထိခိုက်စေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ သကြားအလွန်အကျွံ စားတာကြောင့် အရေပြားရဲ့ ကော်လာဂျင် (အသားအရေ တင်းရင်းစေတဲ့ ပရိုတင်းဓာတ်)ကို ထိခိုက်စေပြီး အရေးကြောင်း ဖြစ်ပေါ်စေပါတယ်။

alignnone size-medium wp-image-57814
(၂) ပြောင်းလဲဆီက အသားအရေဆီ သွေးစီးဆင်းရောက်ရှိမှု အားနည်းစေနိုင်

ပြောင်းလဲဆီကို အဆင်သင့်အစာ၊ ဆီကြော်စာ၊ မာဂျရင်းထောပတ်၊ စည်သွပ်ဘူး စတာတွေထဲမှာ တွေ့နိုင်ပြီး စားဖန်များရင် နှလုံးရောဂါဖြစ်နှုန်း မြင့်တက်စေရုံသာမက သွေးကြောတွေကို မာကြောကျဉ်းမြောင်းစေပါတယ်။ ဒါက အရေပြားဆီ သွေးစီးဆင်းမှု လျော့နည်းစေပြီး အရွယ်မတိုင်ခင် အိုမင်းမှုနဲ့ အရေးကြောင်းထင်တာတွေကို ဖြစ်စေနိုင်ပါတယ်။

alignnone size-medium wp-image-57785
(၃) တူးနေတဲ့ အသားက အသားအရေ ထိခိုက်စေနိုင်

အသားတွေကင်တဲ့အခါ တူးနေတဲ့ အပိုင်းကို လွှင့်ပစ်လိုက်ပါ။ တူးနေတဲ့အသားတွေမှာ ရောင်ရမ်းစေတဲ့ ဟိုက်ဒရိုကာဗွန်တွေ ပါဝင်ပြီး ခန္ဓာကိုယ်ကို အလွန်ရောင်ရမ်းစေနိုင်ပါတယ်။ တူးနေတဲ့ အသားတွေက အရေပြားအတွက် မရှိမဖြစ် အရေးပါတဲ့ ကော်လာဂျင်ဓာတ်ကို ပြိုကွဲစေပြီး အိုမင်းတဲ့အသွင် ဖြစ်ပေါ်စေပါတယ်။

alignnone size-medium wp-image-57786
(၄) ကောင်းတဲ့အဆီ စားသုံးမှုနည်းရင် အသားအရေ နုပျိုမှုလျော့ကျစေနိုင်

ကောင်းတဲ့အဆီက သင့်ကျန်းမာရေးနဲ့ အသားအရေ နုပျိုမှုအတွက် မရှိမဖြစ် အရေးပါတဲ့ အရာပါ။ ကောင်းတဲ့အဆီက အသားအရေရောင်ရမ်းမှုကို လျော့ကျစေပြီး ဆံပင်ပေါက်စေကာ ဆဲလ်အမြှေးပါးတွေကို ခိုင်မာအောင် တည်ဆောက်နိုင်ပါတယ်။ အသားအရေ ကျန်းမာတင်းရင်းစေဖို့ စားသင့်တဲ့ အဆီကောင်းတွေကတော့ ဆယ်လ်မွန်ငါး၊ ထောပတ်သီး၊ အယ်လ်မွန်သစ်စေ့၊ အခွံမာသီးနဲ့ အစေ့အဆန်၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။


(၅) ဆားက ရေဆွဲအားများစေနိုင်

ဒိန်ခဲ၊ အာလူးချောင်းကြော်၊ ခရက်ကာအငန် မုန့်စတာတွေထဲမှာ ဆားအလွန်အမင်း ပါတာကို တွေ့နိုင်ပါတယ်။ ဆားက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်စုစေပြီး ဖောသွပ်တဲ့အသွင်အပြင် ပေါ်စေနိုင်ပါတယ်။ ဆဲလ်တွေကို ကျုံ့စေပြီး ရေဓာတ်ခမ်းခြောက်စေပါတယ်။ ရေဓာတ်အလုံအလောက် မသောက်ရင် အသားအရေမှာ အရေးကြောင်းထင်စေပြီး မြန်မြန်အိုမင်းစေနိုင်ပါတယ်။

(၆) အယ်လ်ကိုဟောက အဆိပ်အတောက် စုပြုံမှုဖြစ်စေနိုင်

ဝိုင်တစ်ဖန်ခွက် သောက်တာက သင့်ခန္ဓာကိုယ်ကို မထိခိုက်စေဘူးဆိုရင်တောင် နေ့တိုင်းမှန်မှန် သောက်နေရင်တော့ အသည်းကို ထိခိုက်စေနိုင်ပါတယ်။ အသည်းက ကောင်းကောင်းအလုပ်လုပ်တဲ့အခါ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ကနေ သဘာဝကျကျ တွန်းထုတ်လိုက်ပါတယ်။ အဲဒီအဆိပ်အတောက်တွေက အသည်းမှာ စုပုံနေပြီး ကောင်းကောင်းကြေပျက်မှုမရှိရင် အသားအရေမှာ ထိခိုက်မှုဖြစ်စေကာ ဝက်ခြံပေါက်တာ၊ အသားအရေဖောရောင်တာ၊ အရေးကြောင်းထင်တာ၊ ကော်လာဂျင်ဓာတ်ဆုံးရှုံးတာ၊ ဆွဲဆန့်နိုင်စွမ်း လျော့ကျတာ၊ နီမြန်းတာ၊ ရေဓာတ်ခမ်းခြောက်တာတို့ ဖြစ်စေနိုင်ပါတယ်။

alignnone size-medium wp-image-57789
(၇) ကော်ဖီနဲ့ ကဖင်းပါအရည်တွေက အသားအရေခြောက်သွေ့စေနိုင်

ကဖင်းဓာတ်က ဆီးသွားများစေပြီး ခန္ဓာကိုယ်ကနေ အစိုဓာတ်ကိုပါ ခမ်းခြောက်စေနိုင်ပါတယ်။ ဒါက အသားအရေခြောက်သွေ့ပြီး ထိခိုက်ကျိုးပြတ်မှု ဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာဖြေရှင်းနိုင်ဖို့ ကော်ဖီသောက်မယ့်အစား ရေတစ်ဖန်ခွက်သောက်ပါ။

(၈) ပြုပြင်ထားတဲ့ အသားက ရေဓာတ်ခမ်းခြောက်စေနိုင်

ဝက်အူချောင်း၊ ဝက်ပေါင်ခြောက် စတဲ့ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အသားတွေမှာ ဆားနဲ့ တာရှည်ခံပစ္စည်းများစွာ ထည့်ထားပါတယ်။ တာရှည်ခံအောင် ပြုပြင်ထားတဲ့ အစားအသောက်တွေကို စားသောက်တာကြောင့် ရေဓာတ်ခမ်းခြောက်တာနဲ့ ရောင်ရမ်းတာကို ဖြစ်စေနိုင်ပါတယ်။ ဒီပြုပြင်ထားတဲ့ အသားတွေက ကိုယ်ထဲက ဗီတာမင်စီကို လျော့ကျစေပြီး ကော်လာဂျင်ဖြစ်ပေါ်မှုကို ဟန့်တားလိုက်ပါတယ်။

(၉) အာလူးချောင်းကြော်တွေက ခန္ဓာကိုယ်ထဲက အရေးကြီးသတ္တုဓာတ်တွေကို ဖြိုခွဲနိုင်

အပူချိန်ပြင်းပြင်း၊ ထပ်ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အဆင်သင့်အာလူးချောင်းကြော်တွေက အသားအရေရှိ ဆဲလ်တွေကို ထိခိုက်စေပြီး ဖရီးရယ်ဒီကယ်တွေကို ထွက်ရှိစေပါတယ်။ ဖြစ်နိုင်ရင် အာလူးကို အိမ်မှာမီးဖုတ်ပြီး စားနိုင်ပါတယ်။

alignnone size-medium wp-image-57788
(၁၀) အစပ်စာအစားများတာက အသားအရေ နီမြန်းဖောရောင်မှု ဖြစ်စေနိုင်

အစပ်စာအစားများတာက သွေးကြောတွေကို ကျယ်စေတဲ့အတွက် အသားအရေကို နီမြန်းစေနိုင်ပါတယ်။

အကြံပြုချက်

အသားအရေ နုပျိုတင်းရင်းစေဖို့-

• တလဲသီးမှာ ဗီတာမင်နဲ့ အင်တီအောက်ဆီးဒင့် ပါတာကြောင့် နေဒဏ်ကြောင့် အရေပြားထိခိုက်မှုမဖြစ်အောင် တွန်းလှန်ပေးနိုင်ပါတယ်။

• သံလွင်ဆီစစ်စစ်မှာ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် သွေးကြောတွေကို ပျော့ပျောင်းစေပြီး သွေးတိုးကျစေပါတယ်။

• လက်ဖက်စိမ်းရေနွေးကြမ်းက အသားအရေမှာ ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

• အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်ကေ၊ အေ၊ စီနဲ့ အီးပါဝင်မှုများတာကြောင့် အိုမင်းမှုမဖြစ်အောင် တွန်းလှန်နိုင်ပါတယ်။

• အဆီများတဲ့ ငါးတွေမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်မှုများတာကြောင့် အသားအရေ ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။

• ရေက အိုမင်းမှုဖြစ်စဉ်ကို တွန်းလှန်ပေးတဲ့အတွက် ရေသောက်တာကြောင့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းနဲ့ အဆစ်တွေကို ကောင်းကောင်း အလုပ်လုပ်ဖြစ်စေပါတယ်။

Most Popular

Healthy Life Ad
To Top