Healthy Life Ad
Life Style

ဦးစားပေးလုပ်ရမယ့် အလုပ်တွေလုပ်ရင်း အလွယ်တကူ အောင်မြင်မှုရရှိစေဖို့ . . .

———၊ ငွေကြယ်စင်ယံ ၊———

တစ်နေ့တာလုပ်ရမယ့် အလုပ်တွေကို ချရေးရင်း လုပ်စရာတွေများလို့ စိတ်ညစ်နေမယ့်အစား အောက်ပါနည်းလမ်းအတိုင်း လုပ်ကြည့်ပေးပါ။

ဆုံးဖြတ်ပါ

ဒီအလုပ်က အရေးတော့ကြီးတယ်၊ ဒါပေမဲ့ အမြန်လုပ်ဖို့ မလိုသေးဘူး။ ဒါဆိုရင် ဒီအလုပ်လုပ်ရမယ့်အချိန်ကို ချမှတ်ထားပါ။

ယနေ့ပင်လုပ်ပါ

ဒီအလုပ်က အရေးကြီးပြီး အမြန်လုပ်ရမှာ။ ဒါဆိုရင်တော့ ဒါကို ဒီနေ့လုပ်ရမယ့် အလုပ်စာရင်းရဲ့ ထိပ်ဆုံးမှာထားမှ ဖြစ်ပါမယ်။

ဖျက်ပစ်ပါ

ဒီအလုပ်က အရေးလည်းမကြီးဘူး၊ အမြန်လုပ်စရာလည်း မလိုဘူး။ ဒါဆိုရင်တော့ ခေါင်းထဲထည့်မထားတော့ဘဲ သင့်အလုပ်စာရင်းကနေ ဖျက်ပစ်လိုက်ပါ။

တောင်းဆိုပါ

ဒီအလုပ်က အရေးတော့ မကြီးဘူး၊ ဒါပေမဲ့ အမြန်လုပ်ဖို့လိုတယ်၊ ကိုယ်မလုပ်လည်းရတယ်။ ဒါမျိုးဆိုရင် တခြားကူလုပ်ပေးမယ့်သူကို ရှာကြည့်ပြီး အကူအညီတောင်းလိုက်ပါ။

Most Popular

Healthy Life Ad
To Top