Healthy Life Ad
Health Tips

လေထုညစ်ညမ်းမှုကြောင့် လေဖြတ်နိုင်ခြေ မြင့်တက်စေနိုင်

———၊ ကိုထက် ၊———

ညစ်ညမ်းတဲ့လေထုနဲ့ ထိတွေ့ရတဲ့အတွက် လေဖြတ်ခြင်းကြောင့် သေဆုံးနိုင်ခြေ မြင့်တက်မှုရှိတယ်လို့ ဗြိတိန်လေ့လာသူတွေက ပြောကြားခဲ့ပါတယ်။

လေ့လာမှုအသစ်အရ ကာဗွန်မိုနော့ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက် အစရှိတာတွေနဲ့ ရေတိုထိတွေ့မှုကလည်း လေဖြတ်ခြင်းနဲ့ ဆက်စပ်မှုရှိကြောင်း သိရပါတယ်။

ညစ်ညမ်းတဲ့ လေထုနဲ့ တစ်ပတ်ကျော်ကြာ ထိတွေ့မှုရှိရင် လေဖြတ်ခြင်းကြောင့် ဆေးရုံတက်ရနိုင်ခြေ သိသိသာသာ မြင့်တက်မှုရှိကြောင်း လေ့လာမှုစစ်တမ်းအရ သိရပါတယ်။

လေဖြတ်တာက နှစ်စဉ် ယူကေမှာ လူလေးသောင်းကျော်ကို သေဆုံးစေပြီး မသန်စွမ်းဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။

“ညစ်ညမ်းတဲ့ လေထုနဲ့ ရေရှည်ထိတွေ့မှုရှိတာက အဆုတ်၊ နှလုံးနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ ညစ်ညမ်းတဲ့ လေထုနဲ့ ရေတိုထိတွေ့မှုရှိရင်တောင် လေဖြတ်ပြီး မသန်စွမ်းတာ ဒါမှမဟုတ် လေဖြတ်ပြီး သေဆုံးတာတို့ ဖြစ်စေနိုင်ပါတယ်”လို့ အီဒင်ဘာ့ဂ်တက္ကသိုလ်မှ နှလုံးသွေးကြော သိပ္ပံစင်တာမှ လေ့လာမှုခေါင်းဆောင် ဒေါက်တာအနွန်က ပြောကြားခဲ့ပါတယ်။

စက်ရုံအလုပ်ရုံနဲ့ ယာဉ်ကြောပိတ်ဆို့မှုတို့ကြောင့် အဓိကဖြစ်ရတဲ့ လေထုညစ်ညမ်းမှုကြောင့် ဗြိတိန်မှာ နှစ်စဉ်လူဦးရေ ၂၉၀ဝ၀ ခန့် သေဆုံးမှုရှိကြောင်း ခန့်မှန်းထားပါတယ်။ ညစ်ညမ်းတဲ့ လေထုအမှုန်အမွှားတွေက အဆုတ်ထိခိုက်မှု ဖြစ်စေနိုင်ပြီး သွေးကြောတွေကို ထိခိုက်စေကာ သွေးခဲခြင်းကိုလည်း ဖြစ်စေနိုင်ကြောင်း သိရပါတယ်။

(Ref;DM)

Most Popular

Healthy Life Ad
To Top