Healthy Life Ad
Health Tips

ညဘက် ချွေးထွက်နေလျှင်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

ညဘက်ချွေးထွက်တာက သွေးဆုံးချိန်အတွင်း အလွန်အမင်း အဖြစ်များပါတယ်။ ဒီလိုအမျိုးသမီးတွေက တစ်ညကို အိပ်ချိန် ၇-၉ နာရီလိုအပ်ပေမယ့် တစ်ကိုယ်လုံးချွေးထွက်ပြီး အိပ်မပျော်တာမျိုး ဖြစ်တတ်ပါတယ်။ တစ်ကိုယ်လုံး ပူစပ်ပူလောင်ဖြစ်ပြီး ညဘက်ချွေးထွက်တာက ညဉ့်လယ်ပိုင်းမှာ အဖြစ်များပါတယ်။ သတင်းကောင်းအနေနဲ့ ဒီလိုညဘက်ချွေးထွက်များတဲ့ သူတွေအနေနဲ့ သက်သာရာရစေနိုင်မယ့် အိမ်တွင်းကုထုံးတွေ ရှိနေတာပါပဲ။

သဘာဝကုထုံး (၁) ကော်ဖီရှောင်ပါ

ကဖင်းဓာတ်မှာ လှုံ့ဆော်ပေးတဲ့ အစွမ်းရှိပြီး ချွေးဂလင်းကို တက်ကြွစေပါတယ်။ အထူးသဖြင့် သင်က ကဖင်းဓာတ်နဲ့ ဓာတ်မတည့်မှုရှိရင် ညအိပ်ရာမဝင်ခင် ၅-၆ နာရီအလိုမှာ ကဖင်းပါတဲ့ အရည်ကို ရှောင်တာ အကောင်းဆုံးပါ။

သဘာဝကုထုံး (၂) အရက်မသောက်သင့်ပါ

အရက်သောက်တာက ညဘက်ချွေးထွက်နည်းစေတယ်လို့ တချို့က အထင်မှားနေကြပါတယ်။ အယ်လ်ကိုဟောက အရေပြားအနီးရှိ သွေးကြောတွေကို ကျယ်စေတဲ့အတွက် ပိုပူနွေးပြီး ချွေးပိုထွက်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အယ်လ်ကိုဟောက အိပ်ရေးဝ၀ အိပ်ပျော်နိုင်စွမ်းကို ထိခိုက်စေတဲ့အပြင် သွေးဆုံးလက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။

သဘာဝကုထုံး (၃) ပူစပ်လွန်းသော အစားအသောက်များ ဆင်ခြင်ပါ

ပူစပ်တဲ့ ဟင်းလျာတွေ၊ အစားအသောက်တွေ စားသောက်တာက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေနိုင်တာကြောင့် သတိပြုဆင်ခြင်ရပါမယ်။

သဘာဝကုထုံး (၄) ပဲပိစပ်ထုတ်ကုန်များ ထည့်စားပါ

ကိုယ်တွင်းဟော်မုန်း ဟန်ချက်မညီတာကြောင့် ညဘက်ချွေးထွက်များတာနဲ့ ပူစပ်ပူလောင်ဖြစ်တာကို ဖြစ်စေနိုင်ပါတယ်။ ပဲပိစပ်နဲ့ ပဲပုပ်စေ့ထုတ်ကုန် အစားအသောက်တွေကို စားပေးရင် အီစထရိုဂျင်အဆင့်ကို ထိန်းပေးနိုင်ပါတယ်။

သဘာဝကုထုံး (၅) စိတ်ဖိစီးမှု လျှော့ချပါ

ညဘက်ချွေးထွက်များသူတွေမှာ စိတ်ဖိစီးမှုအဆင့် များနေတတ်ပါတယ်။ စိတ်ဖိစီးမှုရှိနေရင် စိတ်ဖိစီးမှု လျော့ကျစေဖို့ ဒိုင်ယာရီရေးတာ၊ ယောဂကျင့်တာ၊ အနှိပ်ခံတာ၊ ရေနွေးစပ်ချိုးတာတို့ လုပ်ဆောင်ပေးဖို့ လိုပါတယ်။

Most Popular

Healthy Life Ad
To Top