Healthy Life Ad
Health Tips

မကြာခဏ ကိုက်ခဲနာကျင်ခြင်

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

တချို့လူတွေဟာ တစ်လမှာ တစ်ကြိမ်ထက်ပိုပြီး ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို ခံစားနေရပါတယ်။ အဲဒီလို ကိုက်ခဲနာကျင်တဲ့ ဝေဒနာ သက်သာစေဖို့ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲပေးသင့်ပါတယ်။

သဘာဝဆေး (၁)
အနားယူခြင်း

ကိုယ်တိုင်အတွက် အနားယူဖို့ သီးသန့်အချိန်ပေးပါ။ အပန်းဖြေခရီးထွက်တာ၊ စာအုပ်ကောင်းတစ်အုပ်ဖတ်တာ၊ သီချင်းနားထောင်တာ၊ ဟာသကားကြည့်တာ၊ ရေနွေးကြမ်းပူပူ တစ်ခွက်သောက်တာ စတဲ့နည်းတွေနဲ့ အပန်းဖြေပါ။ အသက်ပြင်းပြင်းရှူတဲ့ နည်းကလည်း စိတ်ဖိစီးမှုကို ပြေလျော့ပြီး ခန္ဓာကိုယ်ကိုက်ခဲနာကျင်မှု သက်သာစေပါတယ်။

သဘာဝဆေး (၂)
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း

ခပ်သွက်သွက်လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ အားကစားခန်းမကိုသွားတာ စတဲ့ လေ့ကျင့်ခန်းလုပ်တဲ့ နည်းတွေဟာ စိတ်ဖိစီးမှုနဲ့ ခန္ဓာကိုယ်တောင့်တင်းမှုကို လျော့ကျစေတဲ့နည်းတွေ ဖြစ်ပါတယ်။ တစ်နေ့မှာ မိနစ် ၃၀ လေ့ကျင့်ခန်းလုပ်ပြီး တစ်ပတ်မှာ ၂ နာရီလောက် လုပ်ဆောင်ပါ။

သဘာဝဆေး (၃)
အာဟာရပြည့်ဝစွာ စားခြင်း

တစ်နေ့လုံး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို စားတာက စိတ်ဖိစီးမှုကြုံလာရင်တောင် တွန်းလှန်နိုင်တဲ့ စွမ်းအားရှိစေပါတယ်။ ကဖင်းဓာတ်ကို လျှော့ချပါ။ အိပ်ရေးဝ၀ အိပ်ပျော်စေပါတယ်။

သဘာဝဆေး (၄)
ချင်း(ဂျင်း)ရေနွေးကြမ်းသောက်ခြင်း

ချင်း(ဂျင်း)ကို ဗိုက်အောင့်တာ၊ ပျို့ချင်အန်ချင်တာ၊ မူးဝေတာ စတဲ့ ပြဿနာတွေမှာ သုံးခဲ့ကြတာ ကြာပါပြီ။ နာကျင်ကိုက်ခဲနေချိန်မှာ ချင်းလက်ဖက်ရည်ကြမ်းသောက်ရင် ရောင်ရမ်းမှုကို လျော့ကျစေတဲ့အစွမ်း ရှိပါတယ်။ ဘလက်ကော်ဖီသောက်ရင်လည်း ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့် အများအပြား ပါဝင်လို့ပါ။

သဘာဝဆေး (၅)
ဟင်းခတ်အမွှေးအကြိုင် စားခြင်း

ဟင်းလျာတွေထဲ ထည့်စားရတဲ့ သစ်ကြားပိုးခေါက်၊ ငရုတ်ကောင်း၊ ပင်စိမ်းတို့လို ဟင်းခတ်အမွှေးအကြိုင်တွေက ရောင်ရမ်းမှုကို လျော့ကျစေတာကြောင့် နာကျင်မှုခံစားရချိန်မှာ ထည့်စားသင့်ပါတယ်။

သဘာဝဆေး (၆)
အကိုက်အခဲပျောက်ဆေး မှီဝဲခြင်း

ကိုက်ခဲနာကျင်ပြီး နေထိုင်မကောင်းဖြစ်ချိန်မှာ အိမ်မှာအဆင်သင့် ဆောင်ထားတဲ့ အကိုက်အခဲပျောက်ဆေးကို အစာစားပြီး သောက်သုံးလိုက်ပါ။

Most Popular

Healthy Life Ad
To Top