Healthy Life Ad
Health Tips

လူ့ခန္ဓာကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ မရှိမဖြစ် ဗီတာမင် ၁၃ မျိုး

…………….၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊…………….

လူ့ခန္ဓာကိုယ်ကျန်းမာဖို့ မရှိမဖြစ် ဗီတာမင် ၁၃ မျိုးရှိပါတယ်။ အဲဒါတွေကတော့ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဗီတာမင်အီး၊ ဗီတာမင်ကေနဲ့ ဗီတာမင်ဘီအုပ်စု (ဘီ-၁၊ ဘီ-၂၊ ဘီ-၃၊ ဘီ-၅၊ ဘီ-၆၊ ဘီ-၇၊ ဘီ-၉၊ ဘီ-၁၂)တို့ ဖြစ်ပါတယ်။ ဘယ်ဗီတာမင်က ဘာအတွက် အရေးပါသလဲ၊ ဘာတွေစားရင် ရရှိနိုင်သလဲဆိုတာ အသေးစိတ် သိချင်ရင် ပုံကိုနှိပ်ပြီး ဖတ်ပေးနိုင်ပါတယ်။

(၁) ဗီတာမင် (အေ)

ဘာအတွက် အရေးပါသလဲ-ဆဲလ်တွေ အသစ်ပြုပြင်ပေးပါတယ်၊ အရေပြား၊ လက်သည်း ခြေသည်း၊ သွားဖုံး၊ အရိုးနဲ့သွားတွေကို ကျန်းမာကြည့်ကောင်းစေပါတယ်။ ညဘက် မျက်စိမမြင်တာကို ကာကွယ်ပေးပါတယ်။ ကိုယ်ခံအား ကောင်းစေပါတယ်။<\p>

ဘယ်မှာ ပါဝင်ပါသလဲ-ငါးကြီးဆီ၊ တိရစ္ဆာန်အသည်း၊ ဥအနှစ်၊ နို့နှင့် နို့ထွက်အစာများ၊ မုန်လာဥနီတွေမှာ ပါဝင်သည်။

(၂) ဗီတာမင် ဘီ ၁ (သိုင်ယာမင်း)

ဘာအတွက် အရေးပါသလဲ-ပုံမှန် အစာကြေညက်စေပြီး အစာစားချင်စိတ် ဖြစ်စေပါတယ်။ အာရုံကြောလုပ်ငန်းဆောင်တာ ကောင်းစေပါတယ်။ ဘယ်ရီဘယ်ရီလို့ခေါ်တဲ့ ထုံနာကျင်နာရောဂါကို ကာကွယ်ပါတယ်။

ဘယ်မှာ ပါဝင်ပါသလဲ- ပဲသီး၊ ဥ၊ အသည်း၊ အစေ့အဆန်၊ အသားတို့မှာ ပါဝင်သည်။ ဆန်စေ့ရဲ့ အပေါ်ယံလွှာမှာ ပါဝင်တာကြောင့် ရေခမ်းချက်စားတာ ကောင်းပါတယ်။

(၃) ဗီတာမင် ဘီ ၂ (ရိုင်ဘိုဖလေဗင်း)

ဘာအတွက် အရေးပါသလဲ-စွမ်းအင်တည်ဆောက်ရေးမှာ မရှိမဖြစ် အရေးပါပါတယ်။ ပုံမှန် အမြင်အာရုံကောင်းစေပြီး အသားအရေကို ကျန်းမာကြည့်ကောင်းစေပါတယ်။

ဘယ်မှာပါဝင်ပါသလဲ- နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသည်း၊ အသီးအရွက်၊ ဆန်၊ ဂျုံတွေမှာ ပါဝင်ပါတယ်။ ချို့တဲ့ရင် ကျီးကန်းပါးစပ်နာ ဖြစ်တတ်ပါတယ်။

(၄) ဗီတာမင် ဘီ-၃ (နိုင်ယာစင်)

ဘာအတွက် အရေးပါသလဲ-စွမ်းအင်တည်ဆောက်ဖြိုခွဲဖို့နဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့ အရေးပါပါတယ်။ သွေးတွင်းကိုလက်စထရောအဆင့်ကို လျော့ကျစေပါတယ်။

ဘယ်မှာပါဝင်ပါသလဲ- အဆီနည်းအသား၊ ပင်လယ်စာ၊ နို့၊ ဥအမျိုးမျိုး၊ ပဲသီး၊ ကွေကာတွေမှာ ပါဝင်ပါတယ်။

(၅) ဗီတာမင် ဘီ-၅ (ပန်တိုသီးနစ်အက်စစ်)

ဘာအတွက် အရေးပါသလဲ-စွမ်းအင်တည်ဆောက်ဖြိုခွဲရာမှာ ကူညီပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးပါတယ်။

ဘယ်မှာပါဝင်ပါသလဲ- အစိမ်းရောင်အသီးအရွက်၊ ဥ၊ ငါး စတဲ့ အစာအားလုံးနီးပါးမှာ ပါဝင်ပါတယ်။

(၆) ဗီတာမင် ဘီ ၆ (ပိုင်ရီဒေါက်ဆင်း)

ဘာအတွက် အရေးပါသလဲ-ကျန်းမာဖို့ အရေးပါတဲ့ ဗီတာမင်တစ်မျိုးပါ။ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် တည်ဆောက်ဖြိုခွဲပြီး စွမ်းအင်ထွက်ရှိစေပါတယ်။ အာရုံကြောလုပ်ငန်းဆောင်တာကောင်းပြီး သွေးနီဥတည်ဆောက်ပေးပါတယ်။

ဘယ်မှာပါဝင်ပါသလဲ- ငါး၊ အသား၊ ကောက်နှံစာ၊ ငှက်ပျောသီး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အာလူးနဲ့ ပဲပိစပ်တွေမှာ ပါဝင်ပါတယ်။

(၇) ဗီတာမင် ဘီ ၇ (ဘိုင်အိုတင်)

ဘာအတွက် အရေးပါသလဲ-ခန္ဓာကိုယ်ဇီဝကမ္မ တည်ဆောက်ရေးမှာ အရေးပါပါတယ်။

ဘယ်မှာပါဝင်ပါသလဲ- ဥအနှစ်၊ ပဲပိစပ်၊ ကောက်နှံစာ၊ အခွံမာအစေ့အဆန်တွေမှာ ပါဝင်ပါတယ်။

(၈) ဗီတာမင် ဘီ ၉ (ဖောလစ်အက်စစ်)

ဘာအတွက် အရေးပါသလဲ- သွေးနီဥသန်စွမ်းစေဖို့ အသုံးဝင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအတွက် မရှိမဖြစ် အရေးပါပြီး ကလေးမွေးရာပါ ချို့ယွင်းချက်မပါအောင် ကာကွယ်ပေးပါတယ်။

ဘယ်မှာပါဝင်ပါသလဲ- အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ကညွတ်၊ လိမ္မော်ရည်၊ ထောပတ်သီး၊ ပဲသီး စတာတွေမှာ ပါဝင်ပါတယ်။

(၉) ဗီတာမင် ဘီ ၁၂ (ကိုဘယ်လမင်း)

ဘာအတွက် အရေးပါသလဲ-ဘယ်မှာပါဝင်ပါသလဲ- ကသည် (ရိစ်)၊ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ ငါး၊ အသားတို့မှာ ပါဝင်သည်။ ခန္ဓာကိုယ်ကြီးထွားစေရန်၊ (ဆဲလ်)တည်ဆောက်ရန်၊ သွေးနှင့် အာရုံကြော ကောင်းစေရန်အတွက်ဖြစ်သည်။ ၄င်းနည်းပါက (ပါနီးရှပ်စ်) သွေးအားနည်းရောဂါ ဖြစ်စေသည်။

(၁၀) ဗီတာမင် စီ (အက်စကောဗစ် အက်စစ်)

ဘာအတွက် အရေးပါသလဲ-အရိုး၊ သွား၊ သွားဖုံး၊ သွေးကြော၊ အရွတ်ကောင်းစေပါတယ်။ ခုခံအားလည်း ကောင်းစေပါတယ်၊ အနာကျက်စေပါတယ်။ သံဓာတ်စုပ်ယူမှုကောင်းစေပါတယ်။ အင်တီအောက်ဆီးဒင့်အဖြစ် လုပ်ဆောင်ပါတယ်။

ဘယ်မှာ ပါဝင်ပါသလဲ- ပန်းဂေါ်ဖီစိမ်းလို စိမ်းတဲ့အသီးအရွက်၊ အသီးအနှံတွေမှာ ပါဝင်ပါတယ်။ သံပရာသီး၊ ရှောက်သီး၊ ဆီးဖြူသီးတို့လို ချဉ်တဲ့အသီးတွေမှာလည်း ပါဝင်ပါတယ်။

(၁၁) ဗီတာမင် ဒီ

ဘာအတွက် အရေးပါသလဲ- ဗီတာမင် ဒီ က ကယ်လ်ဆီယမ်စုပ်ယူမှုကောင်းစေပြီး အရိုးနဲ့ သွားတည်ဆောက်ဖို့ အသုံးဝင်ပါတယ်။

ဘယ်မှာပါဝင်ပါသလဲ- ငါးကြီးဆီ၊ အဆီများတဲ့ငါး၊ နို့ထွက်အစာတွေမှာ ပါဝင်ပါတယ်။ နေရောင်နဲ့ ထိတွေ့တဲ့အခါ သင့်ခန္ဓာကိုယ်က ဗီတာမင် ဒီ ဖြစ်လာစေပါတယ်။

(၁၂) ဗီတာမင်အီး

ဘာအတွက်အရေးပါသလဲ-အာရုံကြော၊ ကြွက်သားနဲ့ သွေးနီဥအလုပ်ကောင်းစေဖို့ အသုံးဝင်ပါတယ်။ အရေးကြီး အင်တီအောက်ဆီးဒင့်အဖြစ် လုပ်ဆောင်ပါတယ်။

ဘယ်မှာပါဝင်ပါသလဲ- အသီးအရွက်ကရတဲ့ ဆီ၊ ဂျုံ၊ ဆန်၊ ပေါင်မုန့်၊ ဥ၊ အစေ့အဆန်တွေမှာ ပါဝင်ပါတယ်။

(၁၃) ဗီတာမင်ကေ

ဘာအတွက် အရေးပါသလဲ-သွေးခဲဖြစ်စဉ်အတွက် အရေးပါပြီး သွေးတိတ်စေပါတယ်။

ဘယ်မှာပါဝင်ပါသလဲ- ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်း၊ အစိမ်းရောင်အသီးအရွက်တွေမှာ ပါဝင်ပါတယ်။

Most Popular

Healthy Life Ad
To Top