Healthy Life Ad
Health Tips

ခန္ဓာကိုယ်ကို ဘယ်ဘက်စောင်းအိပ်ခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ

————-၊ စူး(ဆေးဝါးတက္ကသိုလ်) ၊—————

ဘယ်ဘက်စောင်းအိပ်တာကြောင့် ကျန်းမာရေးအတွက် အောက်ပါအကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

(၁) ဟောက်တာမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၂) အစာများများစားပြီးနောက် အစာကြေတာကို ကောင်းမွန်စေပါတယ်။

(၃) ခါးနာတာနဲ့ လည်ကုပ်နာ/ဇက်ကြောတက်တဲ့ဝေဒနာကို သက်သာစေပါတယ်။

(၄) ကိုယ်တွင်းအဆိပ်အတောက်၊ ခန္ဓာကိုယ်စွန့်ပစ်ပစ္စည်းတွေနဲ့ သားနံရည်တွေကို စစ်ထုတ်သန့်စင်ရာမှာ ကူညီပေးပါတယ်။

(၅) ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ စုဆောင်းနေတာလိုမျိုး ပြင်းထန်တဲ့ နာမကျန်းမှုတွေကို အလွယ်တကူ တွန်းထုတ်နိုင်ပါတယ်။

(၆) အသည်းနဲ့ ကျောက်ကပ်တွေကို ထိထိရောက်ရောက် အလုပ်လုပ်ဖြစ်စေပါတယ်။

(၇) အူမကြီးလှုပ်ရှားမှုကို ချောမွေ့စေပါတယ်။

(၈) နှလုံးမှာ ဖိအားသက်ရောက်မှု လျော့ကျစေပြီး လုပ်ငန်းဆောင်တာကောင်းမွန်အောင် ကူညီပေးပါတယ်။

(၉) အက်စစ်ဆန်တက်မှုမဖြစ်အောင် ကာကွယ်ပေးပြီး ရင်ပူဝေဒနာမဖြစ်အောင် ဟန့်တားပေးပါတယ်။

(၁၀) မနက်ခင်းမှာ နုံးချည့်ညောင်းညာတဲ့ ဝေဒနာမရအောင် ကာကွယ်ပေးနိုင်ပါတယ်။

(၁၁) အဆီတွေ အလွယ်တကူ ကြေညက်စေနိုင်ပါတယ်။

(၁၂) ဦးနှောက်ပေါ်မှာ ကောင်းတဲ့သက်ရောက်မှု ဖြစ်စေပါတယ်။

(၁၃) အကောင်းဆုံးအိပ်စက်တဲ့ အနေအထားလို့ အာယုဗေဒကဆိုပါတယ်။

Most Popular

Healthy Life Ad
To Top