Healthy Life Ad
Health Tips

သက်သတ်လွတ်သမားများ သတိပြုသင့်သည့် အာဟာရဓာတ်သုံးမျိုး

——–၊ ငွေကြယ်စင်ယံ ၊——–

သက်သတ်လွတ်စားတဲ့အခါ အရေးကြီးတဲ့ အာဟာရဓာတ်တွေ ချို့တဲ့ရင် ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် သက်သတ်လွတ်သမားတွေ သတိပြုသင့်တဲ့ အာဟာရဓာတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဗီတာမင် B12

ဗီတာမင် B12 ဟာ သက်သတ်လွတ်စားသူတွေ ရရှိဖို့ခက်ခဲတဲ့ ဗီတာမင်ဓာတ်ဖြစ်ပါတယ်။ ဒီဗီတာမင် B12 ဟာ မျိုးအောင်နိုင်ဖို့၊ အစာကြေညက်စေဖို့နဲ့ ဆဲလ်တွေ ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အသုံးဝင်ပါတယ်။ B12 ဟာ သင်ယူနိုင်စွမ်းနဲ့ မှတ်ဉာဏ်ကို ကောင်းမွန်စေပြီး အိပ်စက်မှုစနစ်ကို ပုံမှန်ဖြစ်စေပါတယ်။ ဗီတာမင် B12 ကို ခန္ဓာကိုယ်ထဲ ငါးနှစ်ကျော်ကြာ သိုလှောင်ထားနိုင်တဲ့အတွက် ချို့တဲ့မှုက ချက်ချင်းမပြသနိုင်ပါဘူး။ ဗီတာမင် B12 ကို အပင်ထွက်အစာ၊ အားဖြည့်ကွေကာတွေမှာ တွေ့ရပေမယ့် ပမာဏအလုံအလောက် ရရှိဖို့အတွက် ဖြည့်စွက်ဆေးကို မှီဝဲသင့်ပါတယ်။ သတိပြုရမယ့်အချက်က ပဋိသန္ဓေတားဆေးတွေဟာ အရက်လိုပဲ ဗီတာမင် B12 အာနိသင်ကို လျော့ကျစေပါတယ်။

(၂) သံဓာတ်

ခန္ဓာကိုယ်က ဟေမိုဂလိုဘင်ကို အလုံအလောက် မပြုလုပ်နိုင်တဲ့အခါ သံဓာတ်ချို့တဲ့တဲ့ သွေးအားနည်းရောဂါ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ရာသီသွေးဆင်းနေတဲ့ အမျိုးသမီးတွေနဲ့ ကိုယ်ဝန်ဆောင်တွေမှာ အတွေ့ရများတတ်ပါတယ်။ သံဓာတ်ကို ဟင်းနုနယ်ရွက်၊ စပီရူလိုင်းနား ရေညှိ၊ မှို၊ ပဲနီလေး၊ ရွှေဖရုံစေ့၊ ကိုက်လန် အစရှိတဲ့ အရင်းအမြစ်တွေထဲမှာ တွေ့ရတတ်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ဝိုင်နီတွေက သံဓာတ်ရယူမှုကို ဟန့်တားပေးနိုင်ပါတယ်။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အများစုအပါအဝင် ဗီတာမင်စီပါတဲ့ အစာတွေက သံဓာတ်စုပ်ယူမှုကို အားပေးပါတယ်။

(၃) ပရိုတင်း

သက်သတ်လွတ်စားတဲ့သူတွေအနေနဲ့ ပရိုတင်းဓာတ်ကို အခွံမာတဲ့ အစေ့အဆန်၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ ပဲနီလေး၊ တိုဟူး စတဲ့အစာတွေကနေ ရယူနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top