Healthy Life Ad
Q & A

ငရုတ်သီးကို ဘယ်လိုစားရင် ကျန်းမာရေးနဲ့ ညီညွတ်နိုင်ပါသလဲ . . .

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ငရုတ်သီးမှုန့်စားရင် ကင်ဆာဖြစ်တယ်၊ ဗိုက်နာတယ်နဲ့ ပြောနေကြလို့ပါ။ ငရုတ်သီးအစပ်ကလည်းကြိုက်တော့ ဘယ်လိုစားရမှန်း မသိပါဘူး။ ငရုတ်သီးကို ဘယ်လိုစားပေးရင် ကျန်းမာရေးနဲ့ ညီညွတ်နိုင်ပါသလဲရှင့်။
Khin Khin(FB)

A. ငရုတ်သီးနဲ့ပတ်သက်ပြီး အတော်များများက မေးကြပါတယ်။ ငရုတ်သီးကို အစိမ်းစားတာ ပိုသဘောကျပါတယ်။ မုန့်ဟင်းခါးစားတဲ့အခါ ငရုတ်သီးမှုန့်က မပါမဖြစ် စားတတ်ကြတယ်။ အဲဒီမှာ ငရုတ်သီးကို မီးနဲ့လှော်ထားတတ်ကြတယ်။ အဓိကက ငရုတ်သီးကို နေပြင်းပြင်းနဲ့ လှန်းထားတယ်ဆိုရင် ပိုးအတန်အသင့် သေသွားပေမယ့် မြန်မာနိုင်ငံမှာ ငရုတ်သီးကို စနစ်တကျ အခြောက်လှန်းတာက ရှားပါတယ်။ ငရုတ်သီးကို စနစ်တကျ အခြောက်လှန်းမယ်၊ ပေါင်းမယ်ဆိုရင်တော့ မှိုမပါတာ သေချာပါတယ်။ ဒါပေမဲ့ ငရုတ်သီးမှုန့်တော်တော်များများကို အဲဒီလိုလုပ်ထားတာ မဟုတ်တဲ့အတွက် ဖြစ်နိုင်ရင် ဆီပူပူလေးထဲထည့်ပြီး ဆီချက်လုပ်လိုက်ရင် အကောင်းဆုံးပါပဲ။ မုန့်ဟင်းခါးနဲ့ ငရုတ်သီးမှုန့်ဆီချက်က မလိုက်ပေမယ့် ဆီပူပူထဲ ငရုတ်သီးကို လှော်ထည့်ပြီးစားတာက ကျန်းမာရေးနဲ့ ပိုသင့်တော်ပါတယ်။ ငရုတ်သီးကို ဒီအတိုင်းလှော်ရင် ပတ်ဝန်းကျင်ကို အနံ့အသက်တွေရောက်ပြီး လေထုညစ်ညမ်းမှုဖြစ်စေတဲ့အတွက် ဆီပူပူထဲထည့်ပြီး ဆီချက်လုပ်တာက ပိုသင့်တော်ပါတယ်။

Most Popular

Healthy Life Ad
To Top