Healthy Life Ad
Q & A

၀မ်းမှန်မှန်သွားအောင် ဝမ်းနုတ်ဆေး၊ ဝမ်းချူဘူး သုံးတာကြာတဲ့အခါ . . .

ပါမောက္ခဦးအေးမွန် (ခွဲစိတ်ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ဝမ်းမှန်မှန်သွားအောင် မြန်မာဆေး၊ အင်္ဂလိပ်ဆေးတွေ သောက်တာ၊ ဝမ်းချူဘူးသုံးတာကရော ကြာရင် ဘာဖြစ်တတ်ပါသလဲ ဆရာ။
SS (FB)

A. မြန်မာဆေးတွေ၊ အင်္ဂလိပ်ဆေးတွေကို နှစ်နဲ့ချီပြီး စားလာတဲ့အခါ အူတွေက သူ့အလိုလို မညှစ်တော့ပါဘူး။ ဝမ်းသွားဖို့ ဆေးကိုပဲ မှီခိုတဲ့အနေအထား ဖြစ်သွားပါတယ်။ ဝမ်းချူတာကလည်း ဒီသဘောပါပဲ။ အသက်ကြီးသူတွေ ဝမ်းချူတာထက် အသက်ငယ်ငယ်ရွယ်ရွယ်အချိန်မှာ ဝမ်းချူတဲ့အကျင့်ဖြစ်သွားရင် ပုံမှန်အတိုင်း အူလှုပ်ရှားမှုမရှိတော့ဘဲ ဝမ်းချူမှပဲ ဝမ်းသွားသလို ဖြစ်သွားပါတယ်။ သဘာဝအတိုင်း ဝမ်းသွားတာကပဲ ကောင်းပါတယ်။ ဒီလို အကျင့်တွေရှိရင် အူကအလိုလို မညှစ်တော့တဲ့အတွက် ဒါတွေကို တစ်သက်လုံးမှီခိုရသလို ဖြစ်သွားတတ်ပါတယ်။ ဝမ်းမချုပ်အောင် လိုက်နာသင့်တဲ့ အချက်တွေကို အကြမ်းဖျင်းပြောရရင်တော့ ငယ်စဉ်ကတည်းက အချိန်မှန်မှန် ဝမ်းသွားပေးဖို့ လိုပါတယ်။ ရေများများသောက်ရမယ်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများများ စားပေးရပါမယ်။ လေ့ကျင့်ခန်းလုပ်ရမယ်။ ပြီးရင် ဝမ်းသွားတာကို အာရုံစိုက်ပြီး ပုံမှန်သွားနိုင်အောင် ကျင့်ပေးရပါမယ်။

Most Popular

Healthy Life Ad
To Top