Healthy Life Ad
Health Tips

ကျောက်ကပ်အပေါ် သက်ရောက်စေတဲ့ ဆေးတွေ (Drugs and Kidneys)

ဒေါက်တာတင့်ဆွေ

ဆရာရှင့် ဆေးပြင်းတွေသောက်ရင် ကျောက်ကပ်ပျက်စီးတတ်တယ်လို့ ပြောကြပါတယ်။ ကိုယ်ဝန်တားဆေးတွေကရော ကျောက်ကပ်ကို ပျက်စီးစေပါသလား။ ပြီးတော့ ဘယ်လိုအကြောင်းတွေက ကျောက်ကပ်ကို ပျက်စီးစေပါသလဲရှင့်။

ဆေးမှန်သမျှ ဘေးထွက်ဆိုးကျိုး အမျိုးမျိုးရှိတယ်။ သက်ရောက်မှု၊ ထိခိုက်မှုနေရာတွေ မတူကြဘူး။ ကျောက်ကပ်တခုထဲ ကွက်ပြီး ရေးပါမယ်။ နှလုံး၊ အသည်း၊ ကျောက်ကပ်မကောင်းတော့တာကို ဆေးစာလို Failure ကျရှုံးသွားတယ်လို့ ပြောပါတယ်။ ကျောက်ကပ်ဘာလို့ ကျရှုံးသလဲ။

၁။ Nephrons ခေါ်တဲ့ စစ်ထုတ်တာလုပ်ပေးတဲ့ နေရာကို သွားထိခိုက်လို့ ဖြစ်ရတယ်။ အမြန်အဆန်ဖြစ်တာက ထိခိုက်လို့၊ အဆိပ်သင့်လို့ ဖြစ်တယ်။ ဖြေးဖြေးဖြစ်တာက ဆီးချိုနဲ့ သွေးတိုးရောဂါတွေ ဖြစ်တယ်။ သွေးတိုးကျဆေးတွေထဲက ACE inhibitors and ARBs ဆေးအုပ်စုတွေက ကျောက်ကပ်ကို တခြားဆေးတွေထက် အကာအကွယ်ပေးနိုင်တယ်။ မျိုးရိုးလိုက်တတ်တာလဲ မှတ်သားမိတယ်။

၂။ Glomerular Diseases ခေါ်တဲ့ ရောဂါတွေကြောင့်လဲ ကျောက်ကပ်ပျက်စီးစေနိုင်တယ်။ Autoimmune diseases ရယ်Infection-related diseases နဲ့ Sclerotic diseases တွေပါတယ်။ ကျောက်ကပ်ထဲက သွေးကြောသေးသေးလေးတွေ စုဝေးနေတဲ့နေရာကို ထိတာပါ။ ဆီးစစ်ရင် ဆီးထဲမှာ Proteinuria အနယ်ပါနေမယ်။ Hematuria သွေးပါနေမယ်။ ဒီရောဂါကို ကုတဲ့အခါ Immunosu­ppressive drugs or Steroids တွေပေးရပြန်တယ်။

“ကျောက်ကပ်ကောင်းကောင်း ဖွံ့ထွားမှုမရှိသေးတဲ့ ကလေးငယ်တွေမှာ Vasoactive or Diuretic drugs (Furosemide) ဆိုတဲ့ ဆီးသွားစေမဲ့ဆေးတွေ ကလေးပေးရင်ဖြစ်ဖြစ် မအေကနေတဆင့် ရတာဖြစ်ဖြစ်၊ Postnatal anuria ဆိုတဲ့ ဆီးမသွားရောဂါအထိ ရစေနိုင်တယ်။”

၃။ Inherited and Congenital Kidney Diseases မွေးရာပါ၊ မျိုးဗီဇကြောင့်ဖြစ်တဲ့ ကျောက်ကပ်ရောဂါတွေလဲ ကျောက်ကပ်ပျက်စီးစေတဲ့ ရောဂါတွေထဲမှာပါတယ်။ ဥပမာ Polycystic kidney disease (PKD) ရောဂါ။

Immunosuppressive drugs ဆိုတဲ့ ရောဂါပြီးစနစ်ကို သက်ရောက်စေတဲ့ ဆေးအမျိုးအစားကလဲ ကျောက်ကပ်ကို ထိတယ်။ Glucocorticoids, Cytostatics, Antibodies, Drugs acting on immunophilins တွေနဲ့ တခြားဆေးတွေဖြစ်တယ်။ ဒီဆေးမျိုးတွေက ကျောက်ကပ်၊ နှလုံး၊ အသဲ၊ ရိုးတွင်းခြင်ဆီလဲရသူတွေကို ပေးတာပါ။ နောက်ပြီး Rheumatoid arthritis, Multiple sclerosis, Myasthenia gravis, Systemic Lupus Ery­thematosus, Crohn’s disease, Pemphigus, Ulcerative colitis ဆိုတဲ့ ရောဂါတွေအတွက် ပေးတယ်။ နာတာရှည် အလာဂျီနဲ့ ဆက်နေတဲ့ ပန်းနာရောဂါမှာလဲ သုံးတတ်တယ်။ မူးယစ်ဆေးတွေဖြစ်တဲ့ Heroin, Inhalants, MDMA, PCP တွေသုံးရင်တော့ သိသာတယ်။ ကျောက်ကပ်ကောင်းကောင်း ဖွံ့ထွားမှုမရှိသေးတဲ့ ကလေးငယ်တွေမှာ Vasoactive or Diuretic drugs (Furosemide) ဆိုတဲ့ ဆီးသွားစေမဲ့ဆေးတွေ ကလေးပေးရင်ဖြစ်ဖြစ် မအေကနေတဆင့် ရတာဖြစ်ဖြစ်၊ Postnatal anuria ဆိုတဲ့ ဆီးမသွားရောဂါအထိ ရစေနိုင်တယ်။ ကိုယ်ဝန်တားဆေးတွေက ကျောက်ကပ်ကို ထိခိုက်စေတယ်လို့ မှတ်မှတ်သားသား မရှိပါ။

ဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရတဲ့ ဆေးတွေထဲမှာ ကျောက်ကပ်ကို ထိခိုက်တာတွေ ပါတယ်။ ဆရာဝန်ကနေ ညွှန်းမှ ဝယ်ရတာတွေထဲမှာလဲ ပါတယ်။

• Diclofenac အနာ-အကိုက်ပျောက်ဆေး၊

• Furosemide or Frusemide (Lasix) ဆီးအတင်းသွားစေတဲ့ဆေး၊

• Amicip, Amikacin sulphate, Amikacin, Amoxicillin, Ampicillin, Carbenicillin, Cloxacillin, Colistin, Dicloxacillin, Gentamicin, Gentamicin, Kanamycin, Nafcillin, Neomycin, Neomycin, Net­il­micin, Oxacillin, Penicillin G, Peni­cillin V, Piperacillin, Polymyxin B, St­re­ptomycin, Streptomycin, Ticar­cillin, Tobramycin ပဋိဇီဝဆေးတွေ

• Cox Kit တီဘီဆေး၊

အများသိ၊ အမြဲသောက် ဆေးတွေထဲက အနာ-အကိုက်-အဖျားသက်သာဆေး Pain killers တွေကို သတိထားစေချင်တယ်။ Non-Steroidal Antiinflammatory Drugs (NSAID) လို့ ခေါ်တယ်။

၁။ ကျောက်ကပ်ထဲဝင်တဲ့ သွေးစီးဆင်းမှု၊

၂။ စစ်ယူပေးနှုန်း၊

၃။ (ဆိုဒီယမ်)နဲ့ (ပိုတက်စီယမ်)တွေ စွန့်ထုတ်ပေးမှု၊ ဆိုတာတွေအပေါ် သက်ရောက်စေတယ်။

သက်ကြီးလူနာ ၇၅ ယောက်ကို Paracetamol 1000 mg IV ထိုးပြီး စမ်းသပ်လို့ ပြောနိုင်တာပါ။ အဆိုးကြီးတော့မဟုတ်ပါ။ နဂိုအခံကိုက ကျောက်ကပ်မကောင်းသူတွေမှာသာ ပိုသိသာတယ်။ ကိုယ်ရောင်တာ၊ အရည်တွေအောင်းနေတာ ဖြစ်လာတယ်။ မသိသာလှပါဘူး။ ၅% လောက်သာ မျက်စိနဲ့ မြင်ရတယ်။ ဆေးဖြတ်လိုက်ရင် ပြန်ကောင်းပါတယ်။ လိုတော့လဲ ဆေးခါးကြီးသောက်ကြရတာပဲ မဟုတ်ပါလား။

Most Popular

Healthy Life Ad
To Top