Healthy Life Ad
Health Tips

ဒီအချိန်မှာ အဆုတ်ကျန်းမာရေးကောင်းနေအောင် ဆောင်သင့်၊ ရှောင်သင့်တဲ့ အရာများ

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကု ဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

ဒီအချိန်မှာ လူတိုင်းလူတိုင်း အဆုတ်ကျန်းမာရေးကောင်းနေအောင် နေထိုင်စားသောက်ဖို့ အထူးအရေးကြီးပါတယ်။ အရင်ဆုံး အဆုတ်ကျန်းမာဖို့ လိုက်နာသင့်တာတွေကို ပြောပြချင်ပါတယ်။

(၁) ရေ

ရေက အဆုတ်ကို သန့်ရှင်းပေးရာရောက်တယ်။ ဒါကြောင့် ရေကို တစ်နေ့အနည်းဆုံး နှစ်လီတာ သောက်ပေးသင့်ပါတယ်။ ရေနွေးကြမ်းသောက်ချင်ရင်လည်း သောက်ပါ။ အခုနောက်ပိုင်း Detox Water ဆိုပြီး ရေထဲ ပူစီနံ၊ သခွားသီး၊ သံပရာသီး ဒါမှမဟုတ် သံပရိုသီး၊ ပန်းသီးထည့်ပြီး သောက်ကြပါတယ်၊ ဒါလည်း ရပါတယ်။ Hydrogen rich Water လည်း သောက်လာကြတယ်။

(၂) အမျှင်ဓာတ် (Fiber)

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေဖြစ်တဲ့ ဘရိုကိုလီ(ပန်းဂေါ်ဖီစိမ်း)၊ ကန်စွန်းရွက်တွေ စားပေးရပါမယ်။ ဒါတွေမှာ အင်တီအောက်ဆီးဒင့်ပါလို့ ကျန်းမာရေးကောင်းစေတယ်။

(၃) သစ်သီးများ

ဗီတာမင်စီပါဝင်မှုများတဲ့ အသီးတွေ (ဥပမာ- လိမ္မော်သီး၊ ပန်းသီး၊ မာလကာသီး စသဖြင့်) စားပေးရင် ကိုယ်ခံအားကောင်းစေတဲ့အတွက် စားသင့်တာပါ။ အဆုတ်ကျန်းမာရေးအတွက် အကောင်းဆုံးအသီးကတော့ သလဲသီးပါပဲ။ သလဲသီးက အဆုတ်မှာ အမှုန်အမွှာကပ်ငြိတာကို ဖယ်ရှားပေးနိုင်ပါတယ်။

(၄) ကင်ပွန်းချဉ်ရွက်

အရွက်တွေထဲမှာ ကင်ပွန်းချဉ်ရွက်က အဆုတ်ကျန်းမာရေး ကောင်းစေပါတယ်။

(၅) ပရိုတင်းဓာတ်

အသက်ရှူသွင်းလိုက်တဲ့အခါ ရင်ဝမ်းတား ြွကက်သား (Diaphragm)၊ အရိုးတွေကြားထဲက ြွကက်သား (Intercostal Muscle)၊ ဝမ်းဗိုကြွ်ကက်သား (Abdominal Muscle)တွေ လှုပ်ရှားရတဲ့အတွက် ဒြွီကက်သားတွေ အားကောင်းဖို့ အဓိကအားဖြင့် ပရိုတင်းဓာတ် လိုအပ်ပါတယ်။ ပရိုတင်းဓာတ်ရဖို့နို့၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ ကြက်ဥ၊ အစေ့အဆန်၊ တိုဟူးတွေ စားပေးရပါမယ်။ သာမန်ကောင်းနေတဲ့သူတွေမှာ ဒီကြွက်သားတွေ ပုံမှန်အလုပ်လုပ်နေရင် အသက်ရှူရတာ ကောင်းပါတယ်။ ငါးအဆီတွေစားရင်လည်း အဆုတ်ကျန်းမာစေပါတယ်။ အခုလောလောဆယ် ငါးစားဖို့အဆင်မပြေရင် ငါးကြီးဆီ (Omega 3 Fatty Acid) သောက်ထားသင့်ပါတယ်။ ဆေးရုံရောက်တဲ့အခါ Albumin ကို ကြည့်ပါတယ်။ Albuminလျော့နည်းသွားရင် သွေးဆိပ်က ချက်ချင်းတက်လာတတ်တယ်။ ဒါကြောင့် စားနိုင်တုန်းမှာ ကြက်ဥကျွေးပါတယ်။ နို့တိုက်ပါတယ်။ ဒါကိုမှ မစားနိုင်တော့ဘူးဆိုရင် လက်ကနေ Albumin သွင်းရပါတယ်။ ဒါကတော့ ဆေးရုံတက်တဲ့အခါ လုပ်ပေးရတာပါ။

(၆) လေ့ကျင့်ခန်း

ရင်ဝမ်းတား ြွကက်သား (Diaphragm)၊ အရိုးတွေကြားထဲက ြွကက်သား(Intercostal Muscle)၊ ဝမ်းဗိုက်ကြွက်သား (Abdominal Muscle) တွေ ကောင်းဖို့အတွက် လေ့ကျင့်ခန်းကတော့ မဖြစ်မနေ လုပ်ရပါမယ်။ နှာခေါင်းကနေ အသက်ရှူပြီး နှုတ်ခမ်းကိုစူပြီး မှုတ်ထုတ်တဲ့လေ့ကျင့်ခန်းကို တစ်ရက်မှာ မနက် အကြိမ် ၂၀၊ ည အကြိမ် ၂၀ လုပ်ပေးပါ။ ဒီလေ့ကျင့်ခန်းက အသက်ရှူလမ်းကြောင်းကြွက်သားတွေ အားကောင်းနေအောင် လုပ်ဆောင်တာပါ။ Plank လေ့ကျင့်ခန်းတွေကလည်း အဆုတ်ကျန်းမာစေပါတယ်။ လမ်းလျှောက်တာကလည်း လုပ်သင့်ပါတယ်။

ရှောင်ရန်များ

♦ အဆုတ်ကျန်းမာချင်တယ်ဆိုရင် ဆေးလိပ်ကို လုံးဝမသောက်ပါနဲ့။ ဆေးလိပ်က အဆိုးဆုံးပါပဲ။

♦ အချိုရည်တွေ အများကြီး မသောက်ဖို့လည်း လိုအပ်ပါတယ်။

♦ လေထုညစ်ညမ်းတဲ့နေရာတွေမှာ မနေသင့်ပါဘူး။

♦ နဂိုက ပန်းနာရင်ကျပ်၊ COPDအဆုတ်ပွရောဂါ စတာတွေရှိရင် အထူးဂရုစိုက်သင့်ပါတယ်။

Most Popular

Healthy Life Ad
To Top