Healthy Life Ad
Q & A

ကင်းမွန်စားတာက ကျန်းမာရေးနဲ့ ညီညွတ်သလား

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. ကင်းမွန်စားတာက ကျန်းမာရေးနဲ့ ညီညွတ်မှုရှိပါသလား ဆရာ။

A. ပင်လယ်စာအမျိုးအစားထဲမှာပါတဲ့ ကင်းမွန်က ကျန်းမာရေးနဲ့ ညီညွတ်မှုရှိပါတယ်။ ကင်းမွန်လိုမျိုး ပင်လယ်စာတွေက လူ့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် ကိုလက်စထရောတွေကို နည်းစေနိုင်ပါတယ်။ ကင်းမွန်မှာ အသားဓာတ်နဲ့ တခြားအာဟာရဖြစ်စေတဲ့ ဓာတ်တွေပါဝင်ပါတယ်။ ဒါကြောင့် ကင်းမွန်အပါအဝင် ပင်လယ်စာတွေစားရင် ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။

Q. ပင်လယ်စာတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် ပင်လယ်စာတွေကြောင့် ဓာတ်မတည့်မှု ဖြစ်တာတွေကိုလည်း တွေ့ရပါတယ်။ အဲဒါဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

A. ဟုတ်ပါတယ်။ ကင်းမွန်လို ပင်လယ်စာတွေနဲ့ မတည့်တဲ့သူတွေ ရှိတတ်တဲ့အတွက် ကိုယ်ကပင်လယ်စာ တစ်မျိုးမျိုးစားပြီး ယားတာ၊ အနီပြင်ထတာ၊ အန်တာ၊ ဝမ်းလျှောတာ စတဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ အဲဒီလို လက္ခဏာတွေ ဖြစ်ဖူးရင်တော့ အဲဒီပင်လယ်စာကို မစားဘဲ ရှောင်ကြဉ်သင့်ပါတယ်။

Q. ပင်လယ်စာတွေကို တချို့က အစိမ်းစားတာ၊ အစိမ်းနီးပါးစားတာတွေလည်း တွေ့ရပါတယ်။ အဲဒါကရော ကျန်းမာရေးအတွက် ဘယ်လိုသက်ရောက်မှု ရှိနိုင်ပါသလဲ ဆရာ။

A. ပင်လယ်စာတွေကို အစိမ်းစားမယ်ဆိုရင်တော့ ဒါကိုပြင်ဆင်တဲ့အပိုင်းက အင်မတန် သန့်ရှင်းလတ်ဆတ်ဖို့ လိုပါတယ်။ ဖော်မလင်နဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုမှာ ကြားဖူးတာကို ပြန်ပြောပြချင်ပါတယ်။ တချို့ပင်လယ်စာတွေကို အချိန်ကြာမြင့်တဲ့အထိ အထားခံအောင် ဖော်မလင်အရည်နဲ့ဖျန်းရင် အသားက နည်းနည်းမာသွားတယ်၊ ကြာရှည်ခံတယ်။ တချို့စီးပွားရေးသမားတွေက အဲဒီလို လုပ်ကြတယ်လို့ သိရတယ်။ အမှန်တော့ အဲဒီလိုဖော်ပလင်ဖျန်းထားတဲ့ ပင်လယ်စာစားတာက ကျန်းမာရေးနဲ့ ဘယ်လိုမှ ညီညွတ်မှုမရှိပါဘူး။ ဒါကြောင့် ရောင်းချသူတွေဘက်ကလည်း ဒီလိုမလုပ်ဖို့ စီးပွားရေးကျင့်ဝတ်တစ်ခုအနေနဲ့ လိုက်နာစေချင်ပါတယ်။

Q. ကင်းမွန်လို ပင်လယ်စာတွေကို စားနည်းမမှန်ရင် အဆီတက်တယ်လို့ တချို့ကပြောကြပါတယ်။ ဟုတ်ပါလား ဆရာ။

A. ကင်းမွန်လို ပင်လယ်စာတွေစားရင် သွေးတွင်းမကောင်းတဲ့ အဆီလျော့ကျတယ်ဆိုပေမယ့် ချက်ပြုတ်စားသောက်နည်း မှန်ဖို့တော့ လိုပါတယ်။ ဆီတွေအများကြီးနဲ့ ကြော်စားတာမျိုး မလုပ်သင့်ပါဘူး။

Q. ကင်းမွန်လို ပင်လယ်စာတွေ စားသုံးမှုနဲ့ပတ်သက်ပြီး အများပြည်သူကို သတိပေးပြောကြားလိုတာရှိရင် ထပ်မံပြောကြားပေးပါ ဆရာ။

A. ပင်လယ်စာက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ပင်လယ်စာကြိုက်တဲ့ သူတွေအနေနဲ့ စားနိုင်ပါတယ်။ ဒါပေမဲ့ သန့်စင်မှုအပိုင်း၊ ချက်ပြုတ်ပြင်ဆင်မှုအပိုင်းမှာ သန့်ရှင်းသပ်ရပ်အောင်လုပ်ပြီး ကျက်အောင် ချက်ပြုတ်စားသင့်ပါတယ်။ အစိမ်းစားမယ်ဆိုရင် သန့်စင်မှုအပိုင်းနဲ့ ပြင်ဆင်မှုအပိုင်းကို သန့်ရှင်းသပ်ရပ်အောင်လုပ်ပြီးမှ စားစေချင်ပါတယ်။ တချို့ပင်လယ်စာတွေကို အချိန်ကြာမြင့်တဲ့အထိ အထားခံအောင် ဖော်မလင်အရည်နဲ့ဖျန်းရင် အသားက နည်းနည်းမာသွားတယ်၊ ကြာရှည်ခံတယ်။ တချို့စီးပွားရေးသမားတွေက အဲဒီလိုလုပ်ကြတယ်လို့ သိရတယ်။ အမှန်တော့ အဲဒီလိုဖော်ပလင်ဖျန်းထားတဲ့ ပင်လယ်စာစားတာက ကျန်းမာရေးနဲ့ ဘယ်လိုမှ ညီညွတ်မှုမရှိပါဘူး။

Most Popular

Healthy Life Ad
To Top