Healthy Life Ad
Q & A

လက်ကိုအားစိုက်လုပ်ရသူတို့တွင် အဖြစ်များသည့် (Tennis Elbow)

ပါမောက္ခဦးနေဝင်း (အရိုးခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

Q. Tennis Elbow ဘာကြောင့် ဖြစ်ရပါသလဲ ဆရာ။

A. Tennis Elbow ဖြစ်ရင် ဖြစ်တဲ့နေရာက တံတောင်ဆစ်အပြင်ဘက် အရိုးငေါနေတဲ့နေရာမှာရှိတဲ့ Lateral Epicondyle အရိုးကို လက်ကောက်ဝတ်ကော့တဲ့ ကြွက်သားတွေက လာဆက်ပါတယ်။ ဒီလက်ကောက်ဝတ်ကော့တဲ့ ကြွက်သားတွေကို သိပ်အသုံးများတဲ့အခါကျတော့ တံတောင်ဆစ်အပြင်ဘက် ငေါနေတဲ့အရိုးက ပိုနာတတ်ပါတယ်။ ဆရာတို့ဆီမှာ အတွေ့ရများတာကတော့ လက်ကိုအားစိုက်ပြီး လုပ်ရတဲ့ အလုပ်မျိုးတွေ၊ အိမ်ရှင်မတွေဆိုရင် အဝတ်ကြီးတွေလျှော်ပြီး ရေညှစ်ရတဲ့အလုပ်မျိုးတွေ လုပ်သူတွေမှာ တွေ့ရတာများပါတယ်။ သူများနိုင်ငံတွေမှာတော့ အားကစားလေ့ကျင့်ခန်းတွေကြောင့် ဖြစ်တာများပါတယ်။

Q. Tennis Elbow က ဘယ်လိုလူတွေမှာ ဖြစ်တတ်ပါသလဲ ဆရာ။

A. ဆရာတို့ဆီမှာတော့ အားကစားလုပ်တဲ့သူ နည်းတဲ့အတွက် အားကစားနဲ့ဆက်စပ်ပြီး ဖြစ်တဲ့သူက ရှားပါတယ်။ Tennis Elbow ဖြစ်ရင် လက်ကောက်ဝတ်ကို ထပ်ခါတလဲလဲသုံးပြီး နေ့စဉ်ရက်ဆက်လုပ်ရတဲ့ လှုပ်ရှားမှုတွေနဲ့ အကြာကြီးလုပ်ရတဲ့ လုပ်ဆောင်မှုတွေကို ရှောင်သင့်ပါတယ်။ တစ်ခါတလေမှာ လက်တံတောင်ဆစ်ကို ထိမိခိုက်မိရင် နာတတ်ပါတယ်။ တံတောင်ဆစ်ကို မထိခိုက်မိအောင်ရှောင်ပါ။ အလေးအပင်တွေကို တအားမသယ်မပါနဲ့။ စောင်၊ ခြင်ထောင်တို့လို အဝတ်ကြီးတွေကိုလျှော်ပြီး ရေညှစ်တာကို သတိထားသင့်ပါတယ်။ အားကစားအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လက်တံတောင်ဆစ်က နာတယ်ဆိုရင် အားကစားကိုလျှော့ပြီး နည်းနည်းအနားယူသင့်ပါတယ်။ တချို့လူတွေ လက်နာနေရင် အားကစားကို ဆက်လုပ်တာက ကောင်းသွားမယ်လို့ထင်ပြီး ဆက်လုပ်ကြပါတယ်။ ဒါက အယူအဆမှားပါ။ နာနေတယ်ဆိုရင် အားကစားလုပ်တဲ့အချိန်ကို လျှော့ရပါမယ်။ ဒါမှမဟုတ် အနားပေးရပါမယ်။ အထွေထွေကျန်းမာရေး အခြေအနေကို ကောင်းအောင်နေရပါမယ်။ အားကစားလုပ်တဲ့အခါ လက်မောင်းကြွက်သားပဲ အားရှိနေလို့မဖြစ်ပါဘူး။ လက်မောင်းအပြင် ပခုံးတို့လို တခြားကြွက်သားတွေလည်း အားရှိအောင် လေ့ကျင့်ပေးသင့်ပါတယ်။ လက်တစ်ခုလုံး မျှမျှတတ အားရှိသန်မာအောင် လေ့ကျင့်ခန်းလုပ်ပေးရပါမယ်။ ဒါ့အပြင် ကောင်းမွန်သင့်တော်တဲ့ သက်ဆိုင်ရာ အားကစားပစ္စည်းတွေကိုသုံးပြီး အားကစားလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ နည်းလမ်းတကျ လုပ်ရင်နာတာကို ကာကွယ်နိုင်ပါတယ်။

Q. Tennis Elbow ဖြစ်မှန်းသိအောင် ဘယ်လိုနည်းနဲ့ စမ်းသပ်စစ်ဆေးမှု ခံယူရပါသလဲ ဆရာ။

A. Tennis Elbow ဖြစ်မှန်းသိအောင် ဓာတ်မှန် (X-ray) ရိုက်တာကို မလုပ်ကြပါဘူး။ အရင်တုန်းက ထိမိခိုက်မိဖြစ်တဲ့ ရာဇဝင်ရှိရင်တော့ ဓာတ်မှန်ရိုက်

“Tennis Elbow ဖြစ်ရင် လက်ကောက်ဝတ်ကို ထပ်ခါတလဲလဲသုံးပြီး နေ့စဉ်ရက်ဆက်လုပ်ရတဲ့ လှုပ်ရှားမှုတွေနဲ့ အကြာကြီးလုပ်ရတဲ့ လုပ်ဆောင်မှုတွေကို ရှောင်သင့်ပါတယ်။ တစ်ခါတလေမှာ လက်တံတောင်ဆစ်ကို ထိမိခိုက်မိရင် နာတတ်ပါတယ်။ တံတောင်ဆစ်ကို မထိခိုက်မိအောင်ရှောင်ပါ။ အလေးအပင်တွေကို တအားမသယ်မပါနဲ့။ စောင်၊ ခြင်ထောင်တို့လို အဝတ်ကြီးတွေကိုလျှော်ပြီး ရေညှစ်တာကို” . . .

တာက မမှားဘူးပေါ့။ ဒါပေမဲ့ အဆစ်နည်းနည်း ထိခိုက်သလား၊ အရိုးနည်းနည်းထိခိုက်သလား ဆိုတာ သေချာအောင် ဓာတ်မှန်ရိုက်ချင်လည်း ရိုက်ခိုင်းပါတယ်။ နောက်တစ်ခုက Ultrasonography နဲ့ MRI ရိုက်ပြီး စစ်ဆေးလို့လည်း ရပါတယ်။ လက်တံတောင်မှာ ရောင်နေတာ၊ အရွတ်တွေပြဲနေတာတို့ဖြစ်ရင် သိနိုင်ပါတယ်။ ဒါပေမဲ့ ဆရာတို့ကတော့ လုပ်လေ့လုပ်ထ မရှိပါဘူး။ အထူးသဖြင့် MRI ရိုက်တာက ဈေးကြီးလို့ လုပ်လေ့မရှိပါဘူး။ လူနာကို လက်တွေ့ စမ်းသပ်ကြည့်ရှုလိုက်ရုံနဲ့ အလွယ်တကူ သိတာများပါတယ်။ တံတောင်ဆစ်အရိုးကို ခေါက်ကြည့်ရင်လည်း နာတတ်ပါတယ်။ တံတောင်ဆစ်ကိုဆန့်ပြီး လက်ကောက်ဝတ်ကို ဖိချလိုက်လို့နာတယ်၊ လက်ကိုကုပ်ပြီး ကြွက်သားကို တင်းအောင်လုပ်တယ်၊ ပြီးမှ အောက်ကိုဖိချလိုက်ရင်နာတယ်၊ ဒါကို Cozen’s Test လို့ ခေါ်ပါတယ်။ ဒီနည်းနဲ့ သိတာများပါတယ်။ Tennis Elbow ကို ကုသမှုက အမျိုးမျိုးရှိပါတယ်။ အဲဒီအထဲမှာ PhysicalTherapy ပါတယ်၊ Heat Therapy ပါတယ်၊ Stretching Exercise တွေပါတယ်။

Q. Tennis Elbow ဖြစ်ရင် ဘယ်လိုကုသမှု ပေးလေ့ရှိပါသလဲဆရာ။

A. ပုံမှန်အားဖြင့်ဆိုရင် သောက်ဆေးအနေနဲ့ အနာသက်သာဆေး (NSAIDs)ပေးပါတယ်။ ကြွက်သားတင်းတောင့်မှု သက်သာစေတဲ့ဆေး (Muscle Relaxant) ပေးပါတယ်။ လိမ်းဆေးပေးပါတယ်။ ပြီးတော့ နည်းနည်းအနားယူခိုင်းလိုက်ပါတယ်။ ဒါဆိုရင် သက်သာသွားတတ်ပါတယ်။ ဒီနည်းတွေနဲ့ မသက်သာရင် ဆေးထိုးပေးပါတယ်။ စတီးရွိုက်ထိုးဆေး ထိုးပေးတာပါ။ စတီးရွိုက်ဆေးထိုးရင် ထိုးတဲ့နေရာမှာ အရေပြားက ဖြူသွားတတ်ပါတယ်။ ဒါကို လူနာကိုရှင်းပြရပါတယ်။ အသားညိုတဲ့သူတွေမှာ သိသာလို့ အဖြူကွက်လို ဖြစ်နေတတ်ပါတယ်။ အရေပြားက ပါးသွားပါတယ်။ ဒါတွေက စတီးရွိုက်ရဲ့ ဘေးထွက်ဆိုးကျိုးပါ။ အများအားဖြင့်တော့ ဒီနည်းနဲ့ သက်သာတာများပါတယ်။

Q. Tennis Elbow ကို နောက်ပိုင်းမှာ ဘယ်လိုနည်းသစ်နဲ့ ကုသမှုပေးပါသလဲ ဆရာ။

A. အခုနောက်ပိုင်း အသစ်ပေါ်တဲ့နည်းကတော့ Pr-olotherapy လို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ သွေးထဲက Blood Plasma ပြန်ထိုးတဲ့နည်းပါ။ နောက်တစ်နည်းက ၅၀ ရာခိုင်နှုန်း ဂလူးကို့စ်ကို ထိုးတာပါ။ ဒီနည်းတွေက အမာရွတ်ဖြစ်အောင် လုပ်တဲ့နည်း (Fibrosing Agent) ဖြစ်ပြီး သက်သာပါတယ်။ နောက်တစ်နည်းက BotulinumToxin Type A နဲ့ လက်တံတောင်ဆစ်နာတဲ့နေရာမှာ ထိုးတဲ့နည်းပါ။ ဒီနည်းက ကြွက်သားကို Paralyse ဖြစ်အောင် လုပ်ပေးတာဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top