Healthy Life Ad
Q & A

ဆီးချိုရောဂါရှိသူတွေ ကယ်လိုရီတွက်ပြီး စားဖို့လိုပါသလား

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး) မှ ဖြေကြားပေးပါသည်။

Q. ဆီးချိုရောဂါရှိသူတွေမှာ အစားအသောက်ကို ကယ်လိုရီ တွက်ချက်စားသင့်ပါသလား၊ အဲဒီလို စားတာက ဆီးချိုထိန်းနိုင်ပါသလား။
KMM(FB)

A. ဆီးချိုသွေးချို ရောဂါရှိသူတွေမှာ အစားအသောက်ကို ကယ်လိုရီတွက်ချက်ပြီး စားသောက်တာက ဆီးချိုထိန်းနိုင်ပါတယ်။ ဒါကြောင့် ကယ်လိုရီတွက်ချက်ပြီး စားသင့်ပါတယ်။ ဆီးချိုသမားတစ်ယောက်က တစ်နေ့မှာ ကယ်လိုရီ ၁၆၀ဝ ထက် ပိုပြီး မစားသင့်ပါဘူး။ အထူးသဖြင့် ကယ်လိုရီခွဲစားတဲ့ အခါမှာလည်း ညီညီမျှမျှခွဲတတ်ဖို့ လိုပါတယ်။ တချို့လူတွေက ညစာကို လုံးဝမစားတာမျိုး လုပ်တတ်ပါတယ်။ အဲဒီလို မလုပ်သင့်ပါဘူး။ ဆီးချိုရောဂါရှိတဲ့သူက အစာကို နည်းနည်းနဲ့ ခဏခဏစားတာ ပိုပြီးအဆင်ပြေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top