Healthy Life Ad
Q & A

အသက် ၄၀ ကျော် အမျိုးသား၊ အမျိုးသမီးများ၏ ကျန်းမာရေး

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း-တာဝန်ခံ)နှင့် တွေ့ဆုံဆွေးနွေးခြင်း

Q. အသက် ၄၀ ကျော်လာချိန်မှာ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်တတ်ပါသလဲ ဆရာ။

A. အမျိုးသမီးတွေမှာ အသက် ၄၀ ကျော်-၅၀ အရွယ်လောက်ရောက်လာရင် သွေးဆုံးတာတွေ ဖြစ်လာတတ်ပါတယ်။ အမျိုးသားတွေမှာတော့ အသက် ၄၀ကျော်- ၅၀ အရွယ်လောက်ရောက်လာရင် သွေးဆုံးတယ်လို့ပြောရင် တမျိုးကြီးပေါ့။ ဒါပေမဲ့ ဟာသအနေနဲ့ပြောရရင် အမျိုးသားတွေမှာလည်း သွေးဆုံးတယ်လို့ တင်စားပြောလို့ရပါတယ်။ ဒီအရွယ်မှာ အမျိုးသားဟော်မုန်း တက်စတိုစတီရုန်းကျားဟော်မုန်းက သွေးထဲမှာ ကျသွားပါတယ်။
အမျိုးသမီးတွေကျတော့ သွေးဆုံးတဲ့အရွယ်မှာ အမြဲတမ်းလစဉ် ပုံမှန်လာနေတဲ့ရာသီသွေးက မဆင်းတော့ပါဘူး။

Q. အမျိုးသမီးတွေမှာ သွေးဆုံးတဲ့အချိန်ဆိုရင် ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်ပါသလဲ ဆရာ။

A. အမျိုးသမီးတွေက သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးချိန်မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ခံစားရတာတွေ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာအနေနဲ့ စိတ်ဓာတ်ကျသလိုလို၊ စိတ်အားငယ်သလိုလို ခံစားရတတ်ပါတယ်။ တစ်ခုခုကို အလိုမကျတာ၊ ဒေါသထွက်တာတွေ ဖြစ်တတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ညဘက်ဆိုရင် ချွေးတွေပြန်တယ်၊ အိပ်မပျော်ဘူး စသဖြင့် ဖြစ်တတ်ပါတယ်။ ပြီးတော့ အမျိုးသမီးတွေရဲ့ သားမွေးလမ်းကြောင်းမှာ ခြောက်ကပ်လာတတ်ပါတယ်။ လိင်ဆက်ဆံဖို့ စိတ်မပါတော့တာတွေ

“အသက် ၄၀ ကျော်လာချိန်မှာ အမျိုးသားရော အမျိုးသမီးပါ ကိုယ်လက်လှုပ်ရှားအားကစားကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပေးရပါမယ်။ အဝလွန်တဲ့သူတွေ၊ ကိုယ်အလေးချိန်များတဲ့ သူတွေအနေနဲ့ ကိုယ်အလေးချိန်ကို တတ်နိုင်သမျှ လျှော့ချပေးရပါမယ်။ အိပ်ရေးဝ၀ အိပ်စက်အနားယူပေးရပါမယ်။”

ဖြစ်လာတတ်ပါတယ်။ တချို့အမျိုးသမီးတွေဆိုရင် သွေးဆုံးချိန်မှာ စိတ်နဲ့ပတ်သက်တဲ့ ဝေဒနာတွေကို တော်တော်လေး ခံစားရတာကို တွေ့ရပါတယ်။

Q. အမျိုးသားတွေမှာ ကောတက်စတိုစတီရုန်း ဟော်မုန်းအဆင့်ကျတာကြောင့် ဘယ်လိုတွေ ဖြစ်တတ်ပါသလဲ ဆရာ။

A. အမျိုးသားတွေလည်း အသက် ၄၀ ကျော်ပြီး နောက်ပိုင်းအချိန်မှာ တက်စတိုစတီရုန်းဟော်မုန်းအဆင့်က လျော့ကျသွားတတ်ပါတယ်။ အဲဒီအချိန်မှာ လိင်ကိစ္စစွမ်းဆောင်ရည် ကျတာတွေဖြစ်တတ်ပါတယ်။

Q. အသက် ၄၀ ကျော်လာချိန်မှာ အမျိုးသားရော အမျိုးသမီးပါ ကျန်းမာနေစေဖို့ ဘယ်လိုနေထိုင် ပြုမူသင့်ပါသလဲ ဆရာ။

A. အသက် ၄၀ ကျော်လာချိန်မှာ အမျိုးသားရော အမျိုးသမီးပါ ကိုယ်လက်လှုပ်ရှားအားကစားကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပေးရပါမယ်။ အဝလွန်တဲ့သူတွေ၊ ကိုယ်အလေးချိန် များတဲ့သူတွေအနေနဲ့ ကိုယ်အလေးချိန်ကို တတ်နိုင်သမျှ လျှော့ချပေးရပါမယ်။ အိပ်ရေးဝ၀ အိပ်စက်အနားယူပေးရပါမယ်။ အစားအသောက်ကို ကျန်းမာရေးနဲ့ ညီညွတ်မျှတစွာ စားသောက်ပေးရပါမယ်။ ကျန်းမာရေးစစ်ဆေးမှုကိုလည်း စတင်ခံယူသင့်ပါတယ်။ အမျိုးသားတွေဆိုရင် လိုအပ်လာတဲ့အခါ တက်စတိုစတီရုန်း ကျားဟော်မုန်းထိုးဆေးကို ဆရာဝန်နဲ့တိုင်ပင်ပြီး ထိုးနှံလို့ရပါတယ်။ အမျိုးသမီးတွေဆိုရင် သားဖွားမီးယပ်အထူးကု ဆရာဝန်နဲ့တိုင်ပင်ပြီး လိုအပ်တဲ့ဖြည့်စွက်အားဆေးတွေ မှီဝဲပေးလို့ရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top