Healthy Life Ad
Health Tips

အရေပြားခြောက်ပြီး ကွာနေလျှင်

ငွေကြယ်စင်ယံ

လူ့အရေပြားဟာ အမြဲမပြတ် အသစ်အသစ်ဖြစ်လာနေပါတယ်။ သေသွားတဲ့ အရေပြား ဆဲလ်နေရာမှာ ဆဲလ်အသစ်တွေက အမြဲအစားထိုးနေပါတယ်။ ဒါပေမဲ့ နေရောင်ခြည်၊ ပတ်ဝန်းကျင်အခြေအနေတချို့၊ အာဟာရဓာတ်ချို့တဲ့တာ၊ ရောဂါပိုးဝင်တာနဲ့ ရာသီဥတု အေးမြတာတို့ကြောင့် အရေပြားကခြောက်ပြီး ကွာတတ်ပါတယ်။ ဒါက ဆေးဝါးတွေ မှီဝဲရာကရတဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဖြစ်နိုင်သလို ဆပ်ပြာနဲ့ အလှပြင်ပစ္စည်းတွေနဲ့ မတည့်လို့လည်း ဖြစ်နိုင်ပါတယ်။

• ရေကို မကြာခဏ သောက်ပေးပါ။

• ရေချိုးချိန်မကြာအောင် သတိထားပါ။ ပူလွန်းတဲ့ရေနဲ့ မချိုးသင့်ပါဘူး။ ရေချိုးတဲ့အခါ အပြင်းစားဆပ်ပြာတွေကို ရှောင်ဖို့လိုပါတယ်။

• အရေပြားခြောက်သွေ့မှု များတဲ့နေရာကို အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် အစိုဓာတ်ထိန်းလိုးရှင်း လိမ်းပေးပါ။ ဖြစ်နိုင်ရင် အလှဆီ၊ သံလွင်ဆီ စတာတွေကို လိမ်းပေးသင့်ပါတယ်။ ဒီလိုအသားအရေ လှစေတဲ့ဆီကို လိမ်းပြီး ညင်ညင်သာသာ နှိပ်နယ်ပေးဖို့လည်း လိုပါတယ်။

• အစားအသောက်အနေနဲ့ ဗီတာမင်စီ များများပါတဲ့ ချဉ်တဲ့အသီးအနှံတွေ၊ သံဓာတ်ပါဝင်မှုများတဲ့ အသား၊ ပဲအမျိုးမျိုး၊ ဟင်းနုနယ်ရွက် စတာတွေ၊ ဗီ တာမင်ဘီ အုပ်စုပါတဲ့ ကောက်နှံစာ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ဗီတာမင်အေ ပါဝင်မှုများတဲ့ မုန်လာဥနီ၊ ဥအမျိုးမျိုး စတာတွေကို စားပေးသင့်ပါတယ်။

• အပြင်ထွက်တဲ့အခါ မဖြစ်မနေ လုပ်သင့်တာက နေကာခရင်မ်လိမ်းတာပဲ ဖြစ်ပါတယ်။ အပြင်ကပြန်လာလို့ အရေပြားကခြောက်ပြီး တင်းနေရင် မျ က်နှာသစ်ပြီး သခွားသီးပါးပါးလှီးကာ ကပ်ပေးလိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

အရေပြားခြောက်ပြီး ကွာနေသူတွေ အထူးသတိထားသင့်တာက မခွာမိစေဖို့ပဲ ဖြစ်ပါတယ်။ အရေပြားကို စိုပြည်အောင်ထားပြီးမှ ကြေးတွန်းကျောက်နဲ့ ညင်ညင်သာသာပွတ်ပေးလိုက်ရင် အလိုလိုကွာကျသွားပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top