Healthy Life Ad
Health Tips

နှလုံးကျန်းမာ . .သိမှတ်ဖွယ်ရာ

စူး (ဆေးဝါးတက္ကသိုလ်)

ကမ္ဘာ့နှလုံးကျန်းမာရေးနေ့မှာ နှလုံးကျန်းမာဖို့အတွက် အစားအသောက်တွေကို ဘယ်လိုစားသင့်တယ်၊ လေ့ကျင့်ခန်းကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ အဲဒီအထဲက မှတ်သားစရာအချက်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အစားအသောက်ကို အစုံစားပါ။ ဒါပေမဲ့ ဘယ်တော့မှ အလွန်အကျွံမစားပါနဲ့။ မတူညီတဲ့ အရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ၊ ပဲအမျိုးမျိုးတွေနဲ့ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်းတွေ စားပေးပါ။

သင့်ကိုယ်အလေးချိန်ကိုတိုင်းပါ။ ကိုယ်အလေးချိန်ပုံမှန်ထက်များနေရင် သွေးတိုးနိုင်ခြေများသလို ဆီးချိုရောဂါလို ရောဂါဝေဒနာတွေ ဖြစ်နိုင်ခြေများပါတယ်။ ဒီပြဿနာတွေကိုရှောင်ရှားနိုင်ဖို့ အစာကို နည်းနည်းနဲ့ မကြာခဏစားပါ၊ အစာကို ဖြည်းဖြည်းချင်း ကြေညက်အောင် ဝါးစားပါ။ အထူးသဖြင့် ကယ်လိုရီနည်းပါးပြီး အာဟာရဓာတ်များတဲ့ အစာကို ရွေးချယ်စားပါ။

အဆီများတဲ့ အစားအသောက်တွေကို ရှောင်ပါ။ ဆီကြော်စာထက်ပြုတ်ထား၊ပေါင်းထားတဲ့ အစာကိုရွေးပါ။ မျှင်ဓာတ် အလုံအလောက်ပါတဲ့ အစာ၊ ဥပမာ- သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကိုစားပေးပါ။ သကြားကို ဘယ်တော့မှ အလွန်အမင်း မစားပါနဲ့။ သကြားပါတဲ့ သရေစာတွေကို တတ်နိုင်သမျှရှောင်ပါ။ ဆိုဒီယမ်(ဆား)ကိုလည်း ပမာဏနည်းနည်းပဲ စားသင့်ပါတယ်။ ဟင်းလျာချက်ပြုတ်ပြင်ဆင်ရာမှာ ဆားအစား သဘာဝ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ သံပရာရည်၊ ခရမ်းချဉ်သီး၊ ဒိန်ခဲစတာတွေကို ထည့်စားပေးပါ။

လေ့ကျင့်ခန်းကို တစ်ခါမှမလုပ်ဖူးရင် ပြေးတာ၊ လမ်းလျှောက်တာ စတဲ့လေ့ကျင့်ခန်းတွေနဲ့ စတင်လုပ်ဆောင်ပါ။ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကို မလုပ်ပါနဲ့။ လေ့ကျင့်ခန်းတွေလုပ်ရင်း နာမကျန်းမှုဖြစ်ရင်၊ မောပန်းနွမ်းနယ်လာရင် သင်လုပ်နေတဲ့ လေ့ကျင့်ခန်းအတိုင်းအတာကို လျှော့ချဖို့လိုအပ်နေပါပြီ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top