Healthy Life Ad
Health Tips

ကျွန်မတို့ယနေ့ပင်စတင်လုပ်သင့်ပြီဖြစ်သည့် အကျင့်ကောင်း ၉ ရပ်

ဒီနေ့ခေတ်မှာ လူအများစုအတွက် အသက်ကြီးတာက ပျော်စရာကောင်းပြီး လှပတဲ့အတွေ့အကြုံ တစ်ရပ်ဖြစ်လာနေပါပြီ။ အောက်ပါအကျင့်ကောင်းတွေကို ထပ်ဖြည့်လိုက်ရင် အမြဲတမ်းနုပျိုတဲ့ ခံစားချက်ကို ရရှိစေမှာပါ။

အကျင့်ကောင်း (၁) အစာဖြတ်ခြင်း

အစာစားချိန် တစ်ချိန်နဲ့တစ်ချိန်ကြား မစားဘဲနေတဲ့အချိန်ကို ကြာနိုင်သမျှ ကြာကြာဟထားပါ။ အစာဖြတ်တာကြောင့် သင့်ကိုယ်တွင်း ဟော်မုန်းအဆင့်ကို ပုံမှန်ဖြစ်စေပြီး ကိုယ်အလေးချိန် လျော့ကျစေကာ ကင်ဆာ ဒါမှမဟုတ် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ လေ့လာမှုတွေအရ အစာဖြတ်ခြင်း (ဥပုသ်စောင့်တာ)က ပင်မဆဲလ်ကို ပြန်လည်အားရှိစေပါတယ်။

အကျင့်ကောင်း (၂) အကောင်းမြင်သဘောထားရှိခြင်း

ဘယ်အခြေအနေမှာမဆို ခက်ခဲတဲ့အခိုက်အတံ့တွေကြုံချိန်မှာ ဟာသအမြင်ရှိတာက ကောင်းပါတယ်။ အသက်ကြီးတယ်ဆိုတာ စိန်ခေါ်မှုဖြစ်ပေမယ့် အဆိုးမြင်သဘောထားတွေဖယ်ပြီး အပြုသဘောနဲ့ အကောင်းဘက်က တွေးတောနေထိုင်ကြည့်ပါ။ ပြုံးတာက ကြီးမားတဲ့ကုထုံးဖြစ်ပြီး စိတ်ခံစားမှုကောင်းစေ၊ ကျန်းမာစေတဲ့ဓာတ်တွေ ထွက်ရှိစေနိုင်ပါတယ်။

အကျင့်ကောင်း (၃) မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုဝင်များနှင့် နီးကပ်စွာနေထိုင်ခြင်း

မိတ်ဆွေသူငယ်ချင်းရှိပြီး ပေါင်းသင်းဆက်ဆံ ရေးကောင်းတာက သင်ထင်ထားတာထက်ပိုပြီး ကောင်းကျိုးရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိသူတွေက ပိုအသက်ရှည်ပြီး ကျန်းမာရေးပြဿနာနည်းပါးတယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

အကျင့်ကောင်း (၄) ကော်လာဂျင်ဖြည့်တင်းခြင်း

ကော်လာဂျင်ဆိုတာ ကျွန်မတို့ခန္ဓာကိုယ်ထဲမှာ တွေ့ရလေ့ရှိတဲ့ ပရိုတင်းဓာတ်တစ်မျိုးပါ။ အသက်ကြီးလာတာနဲ့အမျှ ကော်လာဂျင်ထုတ်လုပ်မှုနှေးလာပြီး အရေးကြောင်းနဲ့ အသားအရေခြောက်တာတွေ ဖြစ်နှုန်းများလာပါတယ်။ ကော်လာဂျင်ပါတဲ့ ဖြည့်စွက်ဆေးမှီဝဲတာက အသားအရေရဲ့တင်းအားကိုတိုးစေပြီး အသားအရေ နုပျိုကြည့်ကောင်းစေပါတယ်။ အဆစ်နာကျင်ကိုက်ခဲမှုသက်သာပြီး အရိုးထုထည် ဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အကျင့်ကောင်း (၅) ဆန်ကို စတင်သုံးခြင်း

အာရှအမျိုးသမီးတွေ နုပျိုတောက်ပရတာက ဆန်ဆေးရည်ကြောင့်လို့ တချို့ကဆိုပါတယ်။ ဆန်ဆေးရည်နဲ့ မျက်နှာသစ်လို့ပါ။ ဆန်ဆေးရည်မှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမိုင်နိုအက်စစ်ဓာတ်အပြည့်အဝ ပါဝင်တာကြောင့် အသားအရေနုပျိုတောက်ပ ကြည့်ကောင်းစေပါတယ်။

အကျင့်ကောင်း (၆) သင့်အသွင်ကို ပြောင်းလဲခြင်း

အသက်ကြီးလာတာနဲ့အမျှ မျက်နှာနဲ့ဦးခေါင်းကလည်း ပြောင်းလာပါတယ်။ အသားအရေကောင်းဖို့ ရေဓာတ်ဖြည့်ခရင်မ်လိမ်းသင့်ပါပြီ။ ဆံပင်ပုံစံအသစ်ကိုလည်း ပြောင်းလဲတာက အသက်အများကြီး ငယ်ရွယ်နုပျိုစေပါတယ်။

အကျင့်ကောင်း (၇) ပက်လက်လှန်အိပ်စက်ခြင်း

လှပတဲ့ မျက်နှာအသားအရေပိုင်ဆိုင်ဖို့ ပက်လက်လှန်အိပ်စက်ပါ။ မှောက်လျက်၊ ဘေးတိုက်အိပ်တာက သက်သောင့်သက်သာရှိပေမယ့် တညလုံးဆိုရင် မျက်နှာပေါ်မှာ အရေးကြောင်း၊ အတွန့်အခေါက်တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပက်လက်လှန်အိပ်တာက အသားအရေအတွက် အသင့်တော်ဆုံးပုံစံပါ။

အကျင့်ကောင်း (၈) ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်း

မျက်နှာကို အိုမင်းမှုတားခရင်မ်လိမ်းသလို ရေချိုးပြီးချိန်မှာ တစ်ကိုယ်လုံးကို အစိုဓာတ်ထိန်းတာ၊ နှိပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေပဲ စားတာတို့လုပ်ဆောင်ပြီး ကိုယ့်ကိုယ်ကိုယ်ချစ်ခင်တန်ဖိုးထားကြောင်း ပြသသင့်ပါတယ်။

အကျင့်ကောင်း (၉) ဦးနှောက်နှင့်ကိုယ်ခန္ဓာကို စိန်ခေါ်ခြင်း

အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်က ပြောင်းလဲလာပါပြီ။ ဒါပေမဲ့ အလုပ်တွေလုပ်ပြီး စဉ်းစားတွေးခေါ်ပေးပါ၊ မှတ်ဉာဏ်ကော အာရုံစူးစိုက်မှုကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top