Healthy Life Ad
Life Style

“နားထဲ အသံကြားခြင်းအတွက် စိတ်ကုထုံး”

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ကျန်းမာရေးဘွဲ့လွန်သင်တန်းဆရာဝန် ဒေါက်တာပီတာက သူတင်ပြရမယ့် လူနာတစ်ယောက်ရဲ့ ရောဂါအကြောင်းကို စာရေးသူနဲ့ လာရောက်ဆွေးနွေးပါတယ်။

“အသက် ၃၅နှစ်အရွယ်မောရစ်က စိတ်ကစဉ့်ကလျားစိတ္တဇရောဂါ(စိတ်နှစ်ခွရောဂါ) (Schizophrenia)ရှင် ဖြစ်ပါတယ်။ ရောဂါသက် ၁၀ နှစ် ရှိပါပြီ။ အပြင်းဖြစ်စိတ္တဇရောဂါလက္ခဏာတွေ သက်သာလာပေမယ့် အကြွင်းကျန်ရောဂါလက္ခဏာတချို့ (Residual symptoms) ရှိနေသေးတယ်”

“ဘယ်လိုရောဂါလက္ခဏာတွေ ရှိသေးလဲ”

“မောရစ်ကို ဒုက္ခပေးနေတဲ့ ရောဂါလက္ခဏာ တစ်ခုက” နားထဲမှာ အကြောင်းမဲ့ စကားပြောသံကြားခြင်း “(Auditory Verbal Hallucination) (AVH) ဖြစ်ပါတယ်”

“နာတာရှည် AVH လက္ခဏာလား”

“ဟုတ်ပါတယ်။ အဲဒီနာတာရှည် AVH လက္ခဏာက မောရစ်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ ပရိဒေဝစိတ်သောက (Distress) ဖြစ်စေပါတယ်”
“စိတ္တဇရောဂါကုသဆေးပေးထားတာ မှန်ကန် ရဲ့လား”

“အခုအထိ စိတ္တဇရောဂါကုသဆေးအမျိုးမျိုးနဲ့ ကုသဖူးပါတယ်။ AVHရောဂါလက္ခဏာတစ်ဝက်လောက်ပဲ သက်သာပါတယ်”

“Clozapine ဆေးက စိတ်နှစ်ခွရောဂါအတွက် အကောင်းဆုံးဆေးပဲ။ အဲဒီဆေးသုံးဖို့ မောရစ်နဲ့ ဆွေးနွေးကြည့်ပါလား”

“မောရစ်သဘောမတူပါဘူး ဒေါက်တာအုန်း၊ လစဉ်သွေးဖောက်စစ်ဆေးတာ မလုပ်ချင်ဘူးတဲ့”

“အဲဒီတော့ ပီတာက ဘာဆွေးနွေးချင်သလဲ”

“ကျွန်တော်တင်ပြမယ့် လူနာမှတ်တမ်းထဲမှာ နာတာရှည် AVH ရောဂါလက္ခဏာကို ကုသဖို့အတွက် အသုံးပြုတဲ့ စိတ်ကုထုံးကို ထည့်သွင်းဆွေးနွေးချင်ပါတယ်။ အဲဒီကိစ္စကို ဒေါက်တာအုန်းနဲ့ တိုင်ပင်ချင်တာပါ”

“ရပါတယ်။ ပထမဆုံး ထည့်သွင်းဆွေးနွေးရမယ့်အချက်က လူနာနဲ့လူနာကို ကူညီကုသပေးသူရဲ့ ဆက်ဆံရေးဖြစ်တယ်။ “အကြောင်းမဲ့နားထဲမှာ စကားပြောသံကြား”(AVH)တယ်လို့ လူနာကပြောလာရင် ဂရုစိုက်ပြီးနားထောင်ပါ။ သူရဲ့အတွေ့အကြုံကို စိတ်ဝင်စားတဲ့ အမူအရာပြပါ။ လူနာကိုပျက်ရယ်ပြုခြင်း၊ မထီလေးစားနောက်ပြောင်ပြောဆိုခြင်း၊ ပစ်ပယ်တဲ့ အပြောအဆိုအမူအရာပြခြင်း စတဲ့ဆက်ဆံမှုမျိုးကို ရှောင်ကြဉ်ရမယ်။ လူနာကြားနေတဲ့ AVH အတွေ့အကြုံကို အရှိအတိုင်းလက်ခံမေးမြန်းရမယ်”

“အမှန်တကယ်မရှိတဲ့ စကားပြောသံကို လူနာထင်သလို သဘောတူလက်ခံရမှာလား”

“သဘောတူထောက်ခံတာ မဟုတ်ပါဘူး။ ဥပမာ-ခင်ဗျားက မောရစ်ကို အခုလိုပြောပြနိုင်တယ်။” မောရစ်နားထဲမှာ ကြားနေတဲ့ စကားသံတွေကို ဆ

ပထမဆုံးထည့်သွင်းဆွေးနွေးရမယ့်အချက်က လူနာနဲ့လူနာကို ကူညီကုသပေးသူရဲ့ ဆက်ဆံရေးဖြစ်တယ်။ ‘အကြောင်းမဲ့နားထဲမှာ စကားပြောသံကြား’(AVH)တယ်လို့ လူနာကပြောလာရင် ဂရုစိုက်ပြီး နားထောင်ပါ။ သူရဲ့အတွေ့အကြုံကို စိတ်ဝင်စားတဲ့ အမူအရာပြပါ။ လူနာကို ပျက်ရယ်ပြုခြင်း၊ မထီလေးစားနောက်ပြောင် ပြောဆိုခြင်း၊ ပစ်ပယ်တဲ့အပြောအဆိုအမူအရာပြခြင်း စတဲ့ဆက်ဆံမှုမျိုးကို ရှောင်ကြဉ်ရမယ်။

ရာမကြားရပါဘူး။ ဒါပေမဲ့ မောရစ်အနေနဲ့ အမှန်တကယ်ကြားနေတယ်ဆိုတာကို ဆရာ လက်ခံပါတယ်။ အဲဒီတော့ မောရစ်ကြားနေတဲ့ စကားပြောသံတွေအကြောင်းကို ပြောပြပါ” . . လို့ နိဒါန်းပျိုးရမယ်။

သူ့ဝေဒနာကို စိတ်ဝင်စားနားလည်သူလို့ လူနာကယုံကြည်အားကိုးလာရင် သူရဲ့ခံစားချက်တွေကို ဖွင့်ဟပြောဆိုဖို့ အလားအလာများပါတယ်။ အဲဒီအချက်ကိုက ကုသမှုအာနိသင်ရှိပါတယ်။

“လူနာကို စိတ်ဒုက္ခပေးနေတဲ့ စကားပြောသံတွေအကြောင်းကို နှိုက်နှိုက်ချွတ်ချွတ်မေးမြန်းရင် အကျိုးရှိတယ်။ လူနာကြားနေတဲ့ AVH စကားပြော သံအမျိုးမျိုးရှိနိုင်တယ်။ လူနာကို ဝေဖန်ရှုံ့ချနေတဲ့ စကားပြောသံ (၇၇ ရာခိုင်နှုန်း)၊ လူနာကို ဆဲရေးတိုင်းထွာစော်ကားနေတဲ့ စကားသံ (၇၀ ရာခိုင်နှုန်း)၊ လူနာကို ခြိမ်းခြောက်နေတဲ့အသံ (၆၆ ရာခိုင်နှုန်း)၊ သာသာယာယာပြောကြားနေတဲ့လေသံ (၄၈ ရာ ခိုင်နှုန်း) စတာတွေ ဖြစ်တယ်”

“ကျွန်တော့်လူနာ မောရစ်ကတော့ သူလုပ်သမျှတွေကို ပြစ်တင်ဝေဖန်နေတဲ့ စကားပြောသံကို ကြားရတယ်” လို့ ဒေါက်တာပီတာက ကြားဖြတ် ပြောတယ်။
“နောက်ပြီး နားထဲမှာ ကြားနေတဲ့အသံတွေကို လူနာက ဘယ်လိုတုံ့ပြန်သလဲဆိုတာကို လေ့လာရမယ်။ လူနာက အသံကြားတဲ့ဘက်ကို ဦးတည်ပြီး အကြမ်းဖက်တိုက်ခိုက်နေသလား၊ အရက်သောက်၊ ဆေးလိပ်သောက် ဒါမှမဟုတ် မူးယစ်ဆေးသုံးစွဲပြီး အသံတွေကို ဖြေဖျောက်တဲ့အကျင့်ရှိသလား၊ စကားပြောသံတွေကို ရှောင်ကြဉ်ပုန်းအောင်းတဲ့ အပြုအမူတွေရှိသလား(ဥပမာ-အိပ်ရာထဲမှာခွေနေခြင်း၊ ချောင်ကုပ်ပြီး ငုပ်တုပ်ထိုင်နေခြင်း)၊ ဒါမှမဟုတ် စကားပြောသံတွေအမိန့်ကိုနာခံပြီး သူတို့ပြောသလို ပြုမူလုပ်ကိုင်နေသလား စတဲ့ အပြုအမူတွေ ဖြစ်ပါတယ်။ အဲဒီအပြုအမူတွေက လူနာခံစားနေရတဲ့ AVH လက္ခဏာကို သက်သာပျောက်ကင်းစေတဲ့ နည်းပရိယာယ်မဟုတ်ဘူး။ အန္တရာယ်မကင်းတဲ့ အပြုအမူတွေဖြစ်တယ်။ ဒါကြောင့် “ကျန်းမာရေးနဲ့ ကိုက်ညီ တဲ့ နည်းပရိယာယ်”(Healthy Coping Strategies)တွေကို သင်ကြားပေးရမယ်”

ေ ဒါက်တာပီတာက အားတက်သရောမေးမြန်း ပါတယ်။

“နားထဲမှာစကားပြောသံကြား AVHတဲ့ လက္ခ ဏာမှာ အသုံးပြုတဲ့ စိတ်ကုထုံးကို ပြောတာလား”

“မှန်ပါတယ်။ AVH စိတ်ကုထုံးကို သုံးမျိုးသုံးစားခွဲခြားဖော်ပြနိုင်တယ်။ (၁) စိတ်အာရုံပြောင်းလဲစေသောနည်း (Distraction)၊ (၂) စကားပြောသံကို အာရုံစူးစိုက်နည်း (Focusing)နဲ့ (၃) အတွေးအမြင် ပြောင်းလဲပေးနည်း (Cognitive Methods) တို့ ဖြစ်ပါတယ်”

“အဲဒီစိတ်ကုထုံးနည်းပရိယာယ်တွေကို အကျယ်ရှင်းပြပါ” လို့ ဒေါက်တာပီတာက တောင်းဆိုပါတယ်။

“စိတ်အာရုံပြောင်းလဲနည်း”တွေကို နမူနာ ပြောပြမယ်။ ခင်ဗျားရဲ့လူနာမောရစ်က သူ့နားထဲမှာ စကားပြောသံတွေကြားလာတိုင်း လူတွေကိုရှောင်ပြီး အိပ်ခန်းထဲမှာချောင်ကုပ်နေတတ်တယ် မဟုတ်လား”

“မှန်ပါတယ်”

“အဲဒီလိုအပြုအမူကို ပြုပြင်ပေးရမယ်။ စကားပြောသံကြားလာရင် တစ်ယောက်တည်း ထိုင်မနေဘဲ တစ်ယောက်ယောက်နဲ့ ထိတွေ့ဆက်ဆံဖို့အား ပေးရမယ်။ လူနာက အိမ်သားတစ်ဦးဦးနဲ့ စကားပြောလိုက်ရင် AVHအသံတွေ လျော့နည်းသွားတာ တွေ့ ရှိရလိမ့်မယ်”

“တစ်ယောက်ယောက်နဲ့ စကားပြောဖို့ အခွင့် အလမ်းမရှိရင်ကော”

“လူနာကို စာဖတ်ခိုင်းပါ၊ စိတ်ထဲမှာ မဖတ်ဘဲ အသံထွက်ပြီး ဖတ်ခိုင်းပါ။ အဲဒီလေ့ကျင့်နည်းက AVH အသံတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်”
“ဘာကြောင့်လဲ ဒေါက်တာအုန်း”

“အကြောင်းမဲ့နားထဲမှာ အသံကြားနေတဲ့ လူနာရဲ့လည်မျို<ကက်သား(အသံထွက်စေတဲ့အင်္ဂါပိုင်း)တွေက မသိမသာ လှုပ်ရှားနေတာ တွေ့ရှိရတယ်။ အဲဒီလည်မျို<ကက်သားကို အသုံးပြုပြီး အသံထွက်အောင် စာဖတ်ရင် ဒါမှမဟုတ် စကားပြောလိုက်ရင် အကြောင်းမဲ့နားထဲမှာ အသံကြားစေတဲ့ လှုံ့ဆော်မှုကို တားဆီးနိုင်တယ်လို့ ယူဆပါတယ်။ တခြားစိတ်အာရုံပြောင်းလဲပေးနည်းတွေ ရှိသေးတယ်”

ေ ဒါက်တာပီတာက လက်ဦးအောင်ပြောတယ်။

“သီချင်းနားထောင်ခိုင်းတာလား”

“မှန်ပါတယ်။ လူနာနှစ်ခြိုက်တဲ့ တေးသီချင်းဖြစ်ဖြစ်၊ တီးလုံးဖြစ်ဖြစ် နားထောင်ခိုင်းရမယ်။ ပိုပြီး ထိရောက်စေချင်ရင် “နားဘူးဆို့”(Earplug)ဒါမှမဟုတ် “နားညှပ်ဖုန်း(Headphone)တပ်ပြီး သီချင်းနားထောင်ဖို့ အကြံပေးနိုင်တယ်။ “နားဘူးဆို့”ကို ပိုအားသန်တဲ့နားရွက် (Dominant Ear)မှာ တပ်ပြီး သီချင်းနားထောင်ရင် ပိုမိုထိရောက်တာကို တွေ့ရှိရပါတယ်။ (ညာသန်သူရဲ့ ပိုအားသန်တဲ့နားရွက်က “ဘယ်ဘက်ဦးနှောက်ပိုင်း”ဖြစ်ပါတယ်။ ဒါကြောင့် ညာသန်တဲ့လူနာရဲ့ အားသန်တဲ့နားရွက်က ဘယ်ဘက်နားရွက်ဖြစ်တယ်)။ တခြားစိတ်အာရုံ ပြောင်းလဲနည်းတွေကို ပီတာစဉ်းစားလို့ရမလား”

“အသံထွက်ပြီး ဘုရားရှိခိုးတာ၊ ဆောင်ပုဒ်တစ် ခုခုကို ထပ်တလဲလဲရွတ်တာမျိုးပါ”

“မှန်ပါတယ်။ အခုခေတ်မှာ ကမ္မဋ္ဌာန်းထိုင်နည်း (Meditation)ကိုလည်း အသုံးပြုလာကြပါတယ်။ ဘာသာရေးကျင့်စဉ်သဘောမဟုတ်ဘဲ စိတ်ကျန်းမာရေးလေ့ကျင့်ခန်းတစ်ခုအဖြစ် ခေတ်စားလာတာဖြစ်ပါတယ်။ နားထဲမှာ ကြားနေတဲ့အသံတွေကို အာရုံလွှဲပြီး တစ်စုံတစ်ခုမှာ စိတ်အာရုံစူးစိုက်စေတာ ဖြစ်ပါတယ်။ နောက်ထပ်ရှိသေးလား”

ဒေါက်တာပီတာက မျက်စိမှိတ်စဉ်းစားပြီး ရွတ်ဆိုပါတယ်။

“ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ကျားကွက်ကစားခြင်း၊ စစ်တုရင်ကစားခြင်း၊ ပဟေဠိဉာဏ်စမ်းဂိမ်းကစားခြင်း (ဥပမာ-Crossword, Sudoku ဂိမ်း) စတာတွေပါ”

“မှန်ပါတယ်ပီတာ၊ အခုဆရာတို့ ဆွေးနွေးခဲ့တဲ့ စိတ်အာရုံပြောင်းလဲနည်းတွေက ခက်ခက်ခဲခဲပြုလုပ်ဆောင်ရွက်ရမယ့် အလုပ်မဟုတ်ပါဘူး။ လူနာတိုင်း လေ့ကျင့်နိုင်တဲ့ နည်းပရိယာယ်တွေပါ။ AVH လက္ခဏာကုသဖို့အတွက် ပိုမိုထိရောက်တဲ့ စိတ်ကုထုံးနှစ်ခုရှိသေးတယ်မဟုတ်လား”

“စကားပြောသံကို အာရုံစိုက်နည်းနဲ့ အတွေးအမြင်ပြောင်းလဲစေတဲ့ ကုထုံးတွေပါ ဒေါက်တာအုန်း”

“ဆက်လက်ဆွေးနွေးကြတာပေါ့”

ေ ရှ့တစ်ပတ် ဆက်လက်ဖတ်ရှုပါရန်

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top