Healthy Life Ad
Health Tips

သွေးစွန်းကွက် ထင်သွားသလား

ဟင်းချက်ရင်း လက်မှာ သွေးစွန်းသွားတဲ့အခါ၊ နှင်းဆီပန်းခူးရင်း အစူးစူးတဲ့အခါ၊ ဖန်ခွက်ကွဲရှမိတဲ့အခါ အဝတ်အစားတွေကို မတော်တဆ သွေးစွန်းသွားတတ်ပါတယ်။ အဲဒီ သွေးစွန်းနေတဲ့ အဝတ်အစားတွေကို လျှော်ဖွတ်သန့်စင်တဲ့အခါ ပြောင်စင်သွားစေမယ့် ပစ္စည်းတွေကို ဖော်ပြလိုက်ပါတယ်။

– ရှလကာရည်

ကုတ်ခြစ်ရာ ဒါမှမဟုတ် ဒဏ်ရာအနာတရဖြစ်တာတွေကြောင့် အဝတ်အစားမှာ သွေးစွန်းကွက်တင်နေရင် အလွယ်တကူ ဖယ်ရှားနိုင်ဖို့ ရှလကာရည်ကို အသုံးပြုနိုင်ပါတယ်။ အဝတ်အစားပေါ်က သွေးစွန်းကွက်ပေါ်မှာ စွမ်းအားပြင်းတဲ့ ရှလကာရည် အစက်အနည်းငယ်လောင်းပြီး အချိန် ၅-၁၀ မိနစ်ကြာ စိမ်ထားပါ။ ပြီးရင် အဝတ်စ ဒါမှမဟုတ် တဘတ်နဲ့ ကောင်းကောင်း သုတ်လိုက်ပါ။ လိုအပ်ရင် ထပ်ခါထပ်ခါလုပ်ပြီး ချက်ချင်းဆေးကြောပေးပါ။

– ကိုလာ

ကိုလာဟာ သွေးစွန်းကွက်တွေကို ဖယ်ရှားနိုင်တဲ့အရာပါ။ ကိုလာရည်ကို သွေးစွန်းနေတဲ့ အဝတ်အစားထဲ တစ်ညတာ စိမ်ထားလိုက်ရင် အစွန်းအထင်းတွေ ကင်းစင်သွားပါလိမ့်မယ်။

– ပေါင်ဒါမှုန့်

အဝတ်အစား ဒါမှမဟုတ် ပရိဘောဂပစ္စည်းတွေပေါ်က သွေးစွန်းကွက်ကိုဖယ်ရှားဖို့ ပေါင်ဒါမှုန့်နဲ့ ရေအရောအနှောကိုသုတ်လိမ်းကာ ခြောက်သွေ့အောင်ထားပြီး ဘရပ်ရှ်နဲ့တိုက်ပေးရမှာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top