Healthy Life Ad
Health Tips

ကိုယ်တွင်း သွေးတွင်းသကြားဓာတ်အကြောင်း

သင့်ခန္ဓာကိုယ်က အိပ်စက်အနားယူဖို့အတွက် ပြင်ဆင်နေပါပြီ။ ညစာစားပြီးချိန်မှာ သွေးဖိအားမြင့်တက်လာပြီး ညအိပ်ခါနီးမှာ သွေးဖိအား ပြန်ကျသွားပါလိမ့်မယ်။ ည ၁၀ နာရီမှာ အိပ်ရာဝင်သင့်နေပါပြီ။

ဒီအချိန်အထိ မအိပ်သေးဘူးဆိုရင် သွေးတွင်းသကြားဓာတ် လျော့ကျတာကြောင့် ကော်တီစောအဆင့် ထိုးတက်လာပြီး သင့်ကို နိုးကြားနေစေမှာပါ။

ဒီအချိန်မှာ ကိုယ်တွင်းကော်တီစောအဆင့်က အနည်းဆုံးဖြစ်နေသင့်ပါတယ်။ ဒီအချိန်အတွင်း နိုးနေတယ်ဆိုရင် ဒါက သွေးတွင်းသကြားဓာတ် အလွန်အမင်း လျော့နည်းနေတာကြောင့်ပါပဲ။ အိပ်ရာမဝင်ခင်မှာ ပရိုတင်းပါတဲ့ သရေစာနဲ့ ကျန်းမာရေးနဲ့ညီတဲ့ အဆီတွေကို စားပေးထားသင့်ပါတယ်။

ဒီအချိန်အတောအတွင်း ကော်တီစောအဆင့်က အမြင့်ဆုံးကို ရောက်နေပါပြီ။ သင့်ခန္ဓာကိုယ်က မနက်စာစားဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။

တစ်နေ့တာအတွင်း အစာစားပြီး မိနစ် ၃၀ ကြာတာနဲ့ သွေးတွင်းသကြားဓာတ်က အမြင့်ဆုံးဖြစ်နေပြီး အစာစားပြီး နှစ်နာရီကြာတာနဲ့ သွေးတွင်းသကြားဓာတ်က ပြန်ကျသွားပါလိမ့်မယ်။

Most Popular

Healthy Life Ad
To Top