Healthy Life Ad
Health Tips

သွေးလှည့်ပတ်မှု ကောင်းစေလိုလျှင်

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ထိုင်နေချိန်မှာ ခြေထောက်နဲ့ လက်တွေထုံကျဉ်တဲ့ ခံစားချက်ရနေပါသလား။ သင့်ခန္ဓာကိုယ်ထဲမှာ သွေးစီးဆင်းမှုမကောင်းတာကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် သွေးလှည့်ပတ်စီးဆင်းမှုကောင်းမွန်စေဖို့ ဘယ်လိုနေထိုင်စားသောက်မှုပုံစံ လိုက်နာသင့်တယ်ဆိုတာ မျှဝေလိုက်ပါတယ်။

လှုပ်ရှားမှုလုပ်ခြင်း

အနေအထားတစ်မျိုးတည်းနဲ့ အချိန်ကြာကြာနေတဲ့အခါ ခန္ဓာကိုယ်ထုံကျဉ်တဲ့ ခံစားချက်ဖြစ်တတ်ပါတယ်။ အကြာကြီးထိုင်နေရာကနေ မတ်တပ်ရပ်လိုက်တဲ့အခါ သွေးကြောတွေ ကျုံသွားပါတယ်။ ၁၀ မိနစ်လောက် လမ်းလျှောက်ပေးလိုက်မှ သွေးလှည့်ပတ်မှုကောင်းလာမှာပါ။

ငရုတ်သီး

သွေးလှည့်ပတ်မှုကောင်းချင်ရင် သင်စားနေကျ ဟင်းရွက်သုပ်ထဲ ငရုတ်သီးထည့်စားပါ။ သွေးကြောတွေရဲ့လုပ်ငန်းဆောင်တာကို အားကောင်းစေပြီး သွေးလွှတ်ကြောတွေကို အားဖြည့်ပေးပါတယ်။

ဖရဲသီး

ဖရဲသီးမှာ အင်တီအောက်ဆီးဒင့် လိုင်ကိုပင်း ပါဝင်တာကြောင့် သွေးလှည့်ပတ်မှုကောင်းစေပါတယ်။ တစ်နေ့ ဖရဲသီးတစ်ပန်းကန်လုံးစာ ပမာဏ စားပေးရင် သွေးလှည့်ပတ်မှုကို ကောင်းမွန်စေတယ်လို့ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

အသင့်အတင့်

သင်က ကော်ဖီ၊ စီးကရက်၊ လက်ဖက်ရည် စတာတွေကိုသောက်သုံးတတ်သူဖြစ်ရင် တတ်နိုင်သမျှလျှော့ချသင့်ပါတယ်။

အုတ်ဂျုံကွေကာ

အုတ်ဂျုံကွေကာ ထည့်စားတာကြောင့် အင်တီအောက်ဆီးဒင့်နဲ့ ရောင်ရမ်းမှုတားအစွမ်းရှိတဲ့အတွက် သွေးလှည့်ပတ်မှုကောင်းမွန်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top