Healthy Life Ad
Q & A

လူတွေ ဘာကြောင့် အဝလွန်လာကြသလဲ . . .

မေး. အခုခေတ်မှာ အဝလွန်သူတွေများလာပါတယ်။ အရင်နဲ့စာရင် ဘာကြောင့် ပိုပြီး အဝလွန်လာရတာပါလဲ ဆရာ။

ပါမောက္ခဦးကိုကို(ဆီးချိုနှင့် အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. Thifty သီအိုရီအရ ကျောက်ခေတ်မှာလူတွေက ထမင်းဝ၀မစားခဲ့ရပါဘူး။ အမဲရမှ စားရတယ်၊ အမဲမရရင် မစားရပါဘူး။ အမဲရပြီဆိုရင်တော့ အမဲရတဲ့နေ့မှာ များများစားကြတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ အဆီအနေနဲ့ သိုလှောင်ထားတတ်တယ်။ အစာမစားတဲ့နေ့တွေမှာ သိုလှောင်ထားတဲ့ အဆီကနေပြန်ယူတယ်။

စွမ်းအင်က (၁) ကာဗိုဟိုက်ဒရိတ်၊ (၂) အဆီနဲ့ (၃) ပရိုတင်းဆီကနေ ရယူပါတယ်။ အဲဒီမျိုးဗီဇက တောက်လျှောက်ပါလာပါတယ်။ အခုခေတ်မှာ အစာကို နေ့တိုင်းစားတယ်။ တစ်နေ့တာ စားသင့်တဲ့ ပမာဏထက် ပိုစားတဲ့အတွက် ပိုသမျှအစာတွေက ခန္ဓာကိုယ်ထဲမှာ အဆီဖြစ်သွားတယ်။ အဲဒီတော့ ပိုဝလာပါတယ်။

လူတွေ ဝရတဲ့အကြောင်းရင်း နှစ်ရပ်က (၁) ပတ်ဝန်းကျင်နဲ့ (၂) အဝလွန်တဲ့ဗီဇကြောင့် ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ဆိုတာက ဝအောင် ဖန်တီးတဲ့ ဆီကြော်စာတွေ၊ ဥပမာ- ခေါက်ဆွဲကြော်၊ ကြက်ကြော် စတဲ့ အစာတွေ၊ ဆီများများနဲ့ ကြော်ထားတဲ့ ဒန်ပေါက်၊ အကြော်စုံ စတာတွေကြောင့် ဝဖို့ အခွင့်အလမ်းများစေပါတယ်။ ဒီလိုအခြေအနေမှာ နေ့တိုင်း လှုပ်ရှားမှုမရှိရင် ပိုဝစေနိုင်ပါတယ်။ ကွန်ပျူတာအသုံးများပြီး တီဗီအကြည့်များတာကလည်း ဝစေတဲ့ အချက်ပါပဲ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top