Healthy Life Ad
Q & A

ကလေးအဝလွန်ရင် ဘယ်လိုပုံစံမျိုးနဲ့ ဝိတ်လျှော့ခိုင်းသင့်ပါသလဲ

—–၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး) ၊—–

Q. ကလေးတွေ အဝလွန်တဲ့အခါ ဘယ်လိုပုံစံ၊ ဘယ်လိုစားသောက်နည်းစနစ်နဲ့ ဝိတ်လျှော့ခိုင်းသင့်ပါသလဲရှင့်။

A. တချို ့ကလေးတွေက စားတာများသွားတဲ့အတွက် အဝလွန်တာ ဖြစ်တတ်ပါတယ်။ ကလေးတစ်ယောက် အဝလွန်တယ်၊ မလွန်ဘူး၊ ပုံမှန်ဆိုတာကို သိဖို့ဆိုရင် ကလေးရဲ ့အရပ်၊ ကိုယ်အလေးချိန်တို့ကို တိုင်းတာပြီးမှ တွက်ချက်သိရှိနိုင်မှာ ဖြစ်ပါတယ်။ အရပ်နဲ့လိုက်တဲ့ ခန္ဓာကိုယ်အလေးချိန် ကျော်လွန်နေရင် ကိုယ်အလေးချိန်များတယ် ဒါမှမဟုတ် အဝလွန်တယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဥပမာ-အသက်နှစ်နှစ်အရွယ် ကလေးမှာဆိုရင် အနည်းဆုံး ၂၈ ပေါင်ကနေ ၃၁ ပေါင်အထိ ရှိမယ်။ အသက်နှစ်နှစ်ကျော် သုံးနှစ်အတွင်း ကလေးတွေမှာဆိုရင် အနည်းဆုံး ၃၀ ပေါင်ကနေ ၃၅ ပေါင်ကြားမှာရှိမယ်။ အသက် ၄ နှစ်မှာဆိုရင် ပေါင် ၄၀ လောက် ရှိသင့်ပါတယ်။ အဲဒီ့ထက်ပိုပြီး များလာပြီဆိုရင် ကလေးလေးတွေက အဝလွန်တဲ့ဘက်ကို ရောက်နေပြီလို့ ပြောနိုင်ပါတယ်။

“ကလေးလေးတွေကို အစာကျွေးတဲ့အခါ သတိပြုရမှာက ဝတဲ့ကလေးအများစုက အစာစားတာ သိပ်ကိုမြန်ပါတယ်။ အစာကို ပါးစပ်ထဲထည့်တယ်၊ ပြီးရင် မျိုချပစ်လိုက်တယ် . . အဲဒီလို ကလေးတွေက များသောအားဖြင့် ဝတာကို တွေ့ရပါတယ်။ ဒါက ပထမအချက်ပါ”

ကလေးတွေ အသက် ၁၆ နှစ်ကျော်မှာ အဝလွန်လို့ ဝိတ်ချမယ်ဆိုရင် ချလို့ရပါတယ်။ အသက် ၃ နှစ်-၄ နှစ်-၅ နှစ်တို့နဲ့ ရောက်လာတဲ့ကလေးတွေကျတော့ ဝိတ်ချဖို့ ခက်ပါတယ်။ ဒါကြောင့်မို့ ကလေးလေးတွေကို အစာကျွေးတဲ့အခါ သတိပြုရမှာက ဝတဲ့ကလေးအများစုက အစာစားတာ သိပ်ကိုမြန်ပါတယ်။ အစာကို ပါးစပ်ထဲထည့်တယ်၊ ပြီးရင် မျိုချပစ်လိုက်တယ် . . အဲဒီလို ကလေးတွေက များသောအားဖြင့် ဝတာကို တွေ့ရပါတယ်။ ဒါက ပထမအချက်ပါ။

ဒုတိယအချက်အနေနဲ့ ကလေးတွေကို ရေဆာတယ်ဆိုတိုင်း အချိုရည်တွေကို တိုက်တဲ့အခါ ကလေးတွေက အချိုရည်ကို အရမ်းကြိုက်သွားတတ်ကြပါတယ်။ အဲဒီလိုကလေးတွေက ဝတာကို တွေ့ရပါတယ်။

တတိယအချက်က ကလေးတွေကို အပြင်ဆိုင်တွေကနေ ကြက်ကြော်တွေ၊ အာလူးချောင်းကြော်တွေ ဝယ်ကျွေးဖန်များတဲ့အခါ ကလေးတွေက ဝလာတာ တွေ့ရပါတယ်။

ပြီးတော့ ဝတဲ့ကလေးတွေက များသောအားဖြင့် အရွက်လုံးဝ မစားပါဘူး၊ အသီးအနှံ လုံးဝမစားပါဘူး။ ဒါကြောင့်မို့ ငယ်ငယ်လေးကတည်းက ကလေးတွေကို အရွက်နှစ်ဇွန်း-သုံးဇွန်းလောက် ကျွေးရမယ်၊ အသီးအနှံကိုလည်း နှစ်ဇွန်း-သုံးဇွန်း လောက်ကျွေးရမယ်၊ အသားကိုလည်း ကျွေးရမယ်၊ ထမင်းကိုလည်း ပုံမှန်ပမာဏပဲ ကျွေးရပါမယ်။

ထမင်းစားတဲ့အခါမှာလည်း စားပြီးမျိုချတဲ့ အကျင့်မဟုတ်ဘဲ နည်းနည်းအချိန်ကြာကြာ ကြိတ်ဝါးပြီးမှ စားတဲ့အကျင့်ကို ကျင့်ပေးရပါမယ်။ ဒါဆိုရင်တော့ အဝလွန်တာ လျော့ကျစေမှာ ဖြစ်ပါတယ်။

Most Popular

Healthy Life Ad
To Top