၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)
အိမ်တစ်အိမ်က ကျန်းမာရေးနဲ့ ညီညွတ်ပြည့်စုံမှုရှိစေဖို့ အောက်ပါအချက်တွေ လိုအပ်ပါတယ်။
(၁) လေဝင်လေထွက် ကောင်းမွန်ခြင်း
သင့်အိမ်တွင်းမှာ လေဝင်လေထွက်ကောင်းမွန်နေဖို့ အဲကွန်းဖွင့်ထားတာ၊ ပြတင်းပေါက်ဖွင့်ထားတာတို့ လုပ်ဆောင်ပါ။
(၂) ဂေဟစနစ်အကျိုးပြုပစ္စည်းများသုံးခြင်း
ဂေဟစနစ်အကျိုးပြုတဲ့ အသုံးအဆောင်တွေထဲမှာ အဆိပ်အတောက်နဲ့ လေထုညစ်ညမ်းစေတဲ့အရာတွေ ပါဝင်မှုနည်းပါတယ်။ ဒါကြောင့် အိမ်တွင်းလေထုကို သန့်စင်စေပါတယ်။
(၃) သဘာဝအလှကုန်များကိုသုံးခြင်း
ဓာတုပစ္စည်းပါဝင်မှုများတဲ့ အလှကုန်တွေအစား သဘာဝပစ္စည်းတွေနဲ့ အဓိကပြုလုပ်ထားတဲ့ အလှကုန်တွေကို သုံးတာကြောင့် အိမ်တွင်းလေထုသန့်စင်နေစေပါတယ်။
(၄) သစ်သားကြမ်းခမ်းကို ရွေးချယ်ခြင်း
ကော်ဇောခင်းတဲ့အခါ ဖုန်မှုန့်၊ အမှုန်အမွှား၊ တိရစ္ဆာန်အမွေးအမှင်၊ ဖန်းဂတ်စ်မှိုနဲ့ တခြားအန္တရာယ်ရှိ ပစ္စည်းတွေ ကပ်ငြိနေတတ်တဲ့အတွက် သစ်သားကြမ်းခင်းကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
(၅) အသုံးပြုပြီး မီးပိတ်ခြင်း
လျှပ်စစ်ကိုသုံးပြီးတဲ့အခါ မီးပိတ်တဲ့ အကျင့်ကို လုပ်ဆောင်ပါ။
(၆) ရှူးဖိနပ်ချွတ်ခြင်း
ရှူးဖိနပ်တွေမှာပန်းဝတ်မှုန်၊ အညစ်အကြေးနဲ့ မြေမှုန်တွေ ပါဝင်တတ်တဲ့အတွက် အိမ်ပြင်ပမှာချွတ်ခဲ့ပါ။
(၇) သုတ်ဆေးကို သတိထားခြင်း
ဆေးသုတ်ထားတဲ့အခန်းကို အသုံးမပြုခင် လုံးဝခြောက်သွေ့နေပြီလားဆိုတာ အရင်ဆန်းစစ်သင့်ပါတယ်။
(၉) အိမ်ပြင်ပတွင် အဝတ်လှန်းခြင်း
ဖြစ်နိုင်ရင် အိမ်ပြင်ပမှာ လျှော်ထားတဲ့ အဝတ်တွေကို ခြောက်အောင်လှန်းပေးပါ။ အိမ်ထဲမှာ အဝတ်လှန်းရင် ပြတင်းပေါက်တွေကို ဖွင့်ထားပါ။
(၁၀) အသစ်လဲခြင်း
ရေချိုးခန်းလိုက်ကာတွေကို ပုံမှန်အသစ်လဲတပ်ပေးပါ။ ရေချိုးခန်းလိုက်ကာတွေက အစိုဓာတ်ရှိတဲ့အတွက် မှိုပိုးတွေ ကပ်ငြိပေါက်ပွားနိုင်ခြေများလို့ပါ။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)