Healthy Life Ad
Q & A

နှာစေးတာ မပျောက်လို့ပါ . . .

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)

မေး. မေမေ နှာစေးနေတာ ၂ရက်လောက်ရှိပြီ။ Para denk 500mg မနက်၊ ၁ လုံး alerday 120 mg ကို ည ၁ လုံး para denk 500mg ကို ညကျ ၁လုံး သောက်နေတာမပျောက်လို့ ဆရာ။ မေမေက မနက် စာမစားမီ ဆီးချိုစစ်တာ ၁၀၇ ရပါတယ်။ အခု ဘယ်လို လုပ်ရမလဲ ဆရာ။

Daw Myat Noe Khin (Fb)

ဖြေ. အခုသောက်နေတဲ့ ဆေးတွေက နှာစေးတဲ့ လက္ခဏာကို သက်သာစေရုံပဲ ရှိပါတယ်။ ဘာကြောင့် နှာ စေးရသလဲ၊ အအေးမိလို့လား၊ အမှုန်အမွှားတွေရှိလို့လား စတဲ့ အကြောင်းရင်း ရှာရပါမယ်။ မဟုတ်ရင် အအေးမိနေသရွေ့၊ အမှုန်အမွှားတွေရှိနေသရွေ့ နှာစေးတာက ပျောက်မှာမဟုတ်ပါဘူး။ ဒါကြောင့် နှာစေးနှာရည်ယိုစေတဲ့ အအေးမိဝေဒနာမဖြစ်အောင် ကာကွယ်ဖို့လိုပါတယ်။ အမှုန်အမွှား၊ အနံ့ အသက်တွေကို ဆင်ခြင်သင့်ပါတယ်။ နှာစေးရတဲ့ အကြောင်းရင်းကို ရှာ၊ ဖယ်လို့ရရင် ဖယ်ရှားရပါမယ်။ ရာသီအပြောင်းအလဲကြောင့်ဖြစ်တဲ့ နှာစေးတာကတော့ တစ်ပတ်လောက် ဆေးသောက်လိုက်ရင် သက်သာသွားတတ်ပါတယ်။ တစ်ပတ်လောက်သောက်ပြီး တဲ့အထိ မသက်သာရင် တစ်ခုခုနဲ့ ဓာတ်မတည့်လို့ နှာရည်ယိုတာလားဆိုတာကို ဆန်းစစ်သင့်ပါတယ်။

ဆီးချိုအစာမစားခင် ၁၀၇ ဆိုတာ Glucometer နဲ့ ကိုယ့်ဘာသာစစ်တယ်လို့ယူဆပါတယ်။ Glucometer နဲ့ စစ်တာက ၉၀ နဲ့ ၁၁၀ မှာ ၂၀လောက်ကွာ သွားရင် ဆီးချိုရှိခြင်းနဲ့ ဆီးချိုမရှိခြင်းအကြား ကွဲပြား သွားနိုင်ပါတယ်။ ဒါကြောင့် မနက်မိုးလင်း အစာမစားခင်ထဖောက်လို့ ၁၀၇ ဆိုရင် ဂရုပြုပြီး စစ်ဆေးရမယ့်အထဲမှာ ပါသွားပါပြီ။ မိသားစုရာဇဝင်မှာ ဆီးချို ရောဂါရှိသလား၊ အဝလွန်သလား၊ အချိုအစားများသလား စတာတွေကို စစ်ဆေးသင့်ပါတယ်။ အကောင်းဆုံးက ဓာတ်ခွဲခန်းကိုသွားပြီး အစာမစားခင် (Fasting) နဲ့ အစာစားပြီး ၂ နာရီတွေမှာ စစ်ဆေးသင့်သလို HBA1c ဆိုတဲ့ စစ်ဆေးမှုကို ထပ်မံပြုလုပ်သင့်ပါ တယ်။ ဒီသုံးခုအဖြေအရသာ ဆီးချိုအကြိုကာလလား၊ ဆီးချိုဖြစ်နေပြီလားဆိုတာကို သေချာခွဲခြား သိရှိနိုင်မှာဖြစ်ပါတယ်။ ဒီလို စစ်ဆေးရင်း သကြား၊ နို့ ဆီ၊ အချို၊ အဆီအအိမ်တွေရှောင်ပြီး သစ်သီးအချို လောက်ကိုပဲ စားဖို့ အကြံပြုလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top