Healthy Life Ad
International

ငါးနှစ်ကြာနှာရည်ယိုနေတဲ့ အမျိုးသမီး နောက်ဆုံးမှ ဦးနှောက်အရည်တွေ ထွက်ကျနေကြောင်းသိလိုက်ရ

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ နီဗရားစကားမှ အသက် ၅၂နှစ်အရွယ် ကန်ဒရာဂျက်ဆင်ဟာ လွန် ခဲ့တဲ့ ငါးနှစ်က ကားမတော်တဆထိခိုက်မှုဖြစ်ခဲ့ပြီး ခေါင်းနဲ့ ကားဒက်ရှ်ဘုတ်နဲ့ ဆောင့်မိခဲ့ပါတယ်။ ပခုံးရိုးတစ်ဖက်ကျိုးသွားခဲ့ပြီး အဲဒီအချိန်ကတည်းက ခေါင်းတစ်ခြမ်းကိုက်ကာ အမြဲနှာရည်ယိုနေခဲ့ပါတယ်။ ဆရာဝန်ပေါင်းစုံနဲ့ပြသခဲ့ပေမယ့် ဓာတ်မတည့်တာကြောင့် နှာရည်ယိုတာလို့သာ ယူဆခဲ့ကြပါတယ်။ ရောဂါသက်သာခြင်းမရှိဘဲ ခေါင်းအမြဲကိုက်၊ နှာရည်ယိုနေတာကြောင့် ဘာကိုမှလုပ်နိုင်ခြင်းမရှိခဲ့ပါဘူး။ အိပ်ပျက်ညတွေများစွာဖြစ်သန်းခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့တောင် စဉ်းစားမိခဲ့ပါတယ်။

နောက်ဆုံးမှာ နီဗရားစကားဆေးပညာဌာနမှ ဆရာဝန်တစ်ယောက်က ကန်ဒရာရဲ့ရောဂါကို သံသယရှိခဲ့ပြီး နှာခေါင်းမှကျတဲ့အရည်ကို စစ်ဆေးကြည့် ခဲ့တဲ့အခါ ဦးနှောက်မှစိမ့်ထွက်လာတဲ့ အရည်တွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်အနည်းငယ်က ကန်ဒရာရဲ့ဦးနှောက်မှ အရည်စိမ့်ထွက်နေတဲ့ နေရာကို ပြုပြင်ဖာထေးတဲ့ အသေးစားခွဲစိတ်မှုကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ဦးနှောက်အရည်တွေက ဦးခေါင်းခွံအတွင်းမှ ဦးနှောက်ကို ကာကွယ်ပေးတဲ့ အရည်တွေဖြစ်ပြီး ကားမတော်တဆမှုအတွင်း အမြှေးပါးပေါက်ထွက် ရာကတဆင့် အရည်တွေစိမ့်ကျနေတာဖြစ်နိုင်ကြောင်း ဆရာဝန်က သုံးသပ်ထားပါတယ်။ ခွဲစိတ်မှုပြီးနောက် ကန်ဒရာရဲ့အခြေအနေဟာ ကောင်းမွန်နေပြီး ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း မရှိတော့ကြောင်း သိရပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top