Healthy Life Ad
Health Tips

မတော်တဆထိခိုက်မှု မဖြစ်ရလေအောင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မတော်တဆထိခိုက်မှုဖြစ်နိုင်ခြေကို လျော့ကျစေဖို့အရေးကြီးပါတယ်။ အကြောင်းကတော့ မတော်တဆထိခိုက်မှုဖြစ်ရင် ဒဏ်ရာပြင်းပြင်းထန်ထန်ရတာနဲ့ သေဆုံးတာတွေအထိဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာ၊ အိမ်မှာ၊ လမ်းမှာ၊ ကျောင်းမှာ . . နေရာတိုင်းမှာ ဘေးကင်းလုံခြုံမှုရှိစေဖို့နဲ့ မတော်တဆထိခိုက်မှုရှိစေဖို့ ဂရုစိုက်သင့်ပါတယ်။

အိမ်မှာ
ယူကေမှာ လူဦးရေ လေးထောင်ကျော်ဟာ အိမ်တွင်းမတော်တဆထိခိုက်မှုဖြစ်ပြီး သေဆုံးနိုင်ခြေရှိပါတယ်။ နှစ်စဉ် လူဦးရေ သုံးသန်းနီးပါးက မတော်တဆထိခိုက်မှုဖြစ်ပြီး ဆေးကုသမှုခံယူဖို့အတွက် အရေးပေါ်ခန်းရောက်နေလေ့ရှိပါတယ်။

မတော်တဆမှု ကင်းဝေးစေရန်
လှေကားအတက်အဆင်းတွေမှာ သတိထားပါ။ သွားလာရာလမ်းတစ်လျှောက်မှာ ရှုပ်ထွေးနေတဲ့ ပစ္စည်းအသုံးအဆောင်တွေကို ရှင်းလင်းစွာထားရှိပေးပါ။
ဘာဘီကြူးမီးကင်ပွဲ၊ ဟင်းအိုးနဲ့ မီးပုံပွဲတွေနားမှာသတိထားပြီး နေထိုင်သင့်ပါတယ်။ချွန်ထက်စူးရှတဲ့ ဓားတွေ၊ ကတ်ကြေးတွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေကို ဝေးဝေးမှာထားပေးပါ။

ကားထဲမှာ
မတော်တဆထိခိုက်မှုကြောင့် သေဆုံးမှုအားလုံးရဲ့ ၃၀နဲ့ ၄၀ရာခိုင်နှုန်းကြားဟာ ယာဉ်တိုက်မှုကြောင့် ဖြစ်တတ်ပါတယ်။

မတော်တဆမှု ကင်းဝေးစေရန်
ကားထိုင်ခုံမှာထိုင်တဲ့အခါ ရှေ့မှာထိုင်ထိုင်၊ နောက်မှာထိုင်ထိုင်ထိုင်ခုံခါးပတ်ကို ပတ်ထားပေးပါ။

ကားမောင်းနေစဉ်မှာ လက်ကိုင်ဖုန်းကို မသုံးပါနဲ့။

ကား၊ ဆိုင်ကယ်စတဲ့ယာဉ်တွေကို အမြန်မမောင်းပါနဲ့။

ဆေး၊ မူးယစ်ဆေးနဲ့ အရက်မှီဝဲပြီး ကားမမောင်းပါနဲ့။

လုပ်ငန်းခွင်မှာ
နှစ်စဉ် ယူကေမှာအလုပ်သမား ၃၅၀ခန့်ဟာ လုပ်ငန်းခွင်မတော်တဆထိခိုက်မှုကြောင့် သေဆုံးနေကြကြောင်း၊ အရင်က အန္တရာယ်ပေးနိုင်တဲ့ ကျောက်မီးသွေးလို အရာတွေနဲ့ ထိတွေ့လုပ်ကိုင်ခဲ့ရသူ တစ်သောင်းခန့်က အချိန်မတိုင်ခင် စောစောသေဆုံးတတ်ကြောင်း လေ့လာမှုစစ်တမ်းတွေအရသိရပါတယ်။

မတော်တဆမှု ကင်းဝေးစေရန်
အလုပ်တစ်ခုကိုရွေးချယ်တဲ့အခါမှာ ကျန်းမာရေးကောင်းဖို့နဲ့ ဘေးကင်းလုံခြုံမှုရှိဖို့ အရေးကြီးပါတယ်။လုပ်ငန်းခွင်နဲ့ ဆက်စပ်နေတဲ့ အန္တရာယ်တွေကို သိနားလည်ပြီးဘေးကင်းလုံခြုံမှုရှိတဲ့ လုပ်ငန်းခွင်အနေအထားကို ဖန်တီးပါ။တခြားသူတွေအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ အသုံးအဆောင်တွေကိုလည်း လျစ်လျူရှူမထားပါနဲ့။ လုပ်ဖော်ကိုင်ဖက်၊ မန်နေဂျာစတဲ့ လူတွေကို ပြောပြပါ။

လုပ်ငန်းခွင်မှာ မတော်တဆထိခိုက်မှု၊ ကျန်းမာရေးမကောင်းမှုစတဲ့ တစ်စုံတစ်ရာကို ကြုံတွေ့ရပါက အထက်လူကြီးကို ပြောပြပါ။လုပ်ငန်းခွင်မှာ မတော်တဆမှုတစ်ခုခုဖြစ်လာရင် ရှေးဦးကုသမှုပေးနိုင်မယ့် အနီးဆုံးရှေးဦးသူနာပြု ပေးမယ့်သူကို စုံစမ်းထားပါ။ မတော်တဆထိခိုက်မှု တစ်စုံတစ်ရာဖြစ်လာရင် သူ့ကို ချက်ချင်းဆက်သွယ် သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top