Healthy Life Ad
Health Tips

သွေးကြောပိတ်ဆို့မှု မဖြစ်ဘဲ နှလုံးကျန်းမာရေး ကောင်းမွန်နေစေရန်

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

နှလုံးကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေက သွေးကြောကျန်းမာရေးအတွက် ဆေးတစ်လက်လိုပဲ အသုံးဝင်ပါတယ်။
ဟင်းသီးဟင်းရွက်များများ စားပါ

အပင်ထွက်အစာတွေမှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ ဖိုင်တိုနျူးထရီးရန့်တွေ များစွာပါဝင်နေတဲ့အတွက် နှလုံးကျန်းမာစေပါတယ်။ မနေ့ကထက် ဒီနေ့မှာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ပိုစားပါ။ တစ်နေ့ ၅-၆ ကြိမ်လောက် စားသင့်ပါတယ်။

အစိမ်းရောင် ဟင်းရွက်များ စားပါ
ဆလတ်ရွက်၊ ကိုက်လန်၊ ဟင်းနုနယ်ရွက် အစရှိတဲ့ အစိမ်းရောင်ဟင်းရွက်တွေမှာ နိုက်ထရိတ်ပါဝင်မှုများတာကြောင့် အစာချေဖျက်စဉ် အတွင်းနိုက်ထရစ်အောက်ဆိုက ်ထွက်ကာ သွေးလွှတ်ကြောတွေရဲ့ ဆွဲဆန့်မှုကို တွန်းလှန်ပေးနိုင်ပါတယ်။ သင်စားတဲ့ အစားအသောက်တွေထဲမှာ အစိမ်းရောင်ဟင်းရွက်တွေကို ထည့်ပါ။

ဟင်းခတ်အမွှေးအကြိုင်နှင့် ဆေးဖက်ဝင်အပင်များစားပါ
ဟင်းရွက်သုပ်၊ စွပ်ပြုတ် အစရှိတာတွေထဲ ဟင်းခတ်အမွှေးအကြိုင်တွေထည့်စားပါ။ အဲဒီအစာတွေထဲမှာ ကာကွယ်နိုင်တဲ့ဓာတ်တွေ ပါတာကြောင့် ရောဂါဝေဒနာတွေမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

ပြုပြင်မထားသည့် အသားကို ရွေးစားပါ
ဟော်မုန်း၊ ပိုးသတ်ဆေးအစရှိတာတွေနဲ့ ပြုပြင်ထားတဲ့ အသားမဟုတ်တဲ့ ပကတိအသားကို စားပါ။ အသားနဲ့ ဟင်းသီးဟင်းရွက်ကို ရောပြီး ချက်စားပါ။ အပင်ထွက်အစာထဲက ဓာတ်တွေက အသားရဲ့ အန္တရာယ်ရှိတဲ့ သက်ရောက်မှုကို တွန်းလှန်နိုင်ပါတယ်။

ငါးစားပါ
အိုမီဂါ ၃ ဖက်တီးအက်စစ် အများဆုံးပါတဲ့ ငါးတွေက ကိုယ်တွင်းရောင်ရမ်းမှု၊ နှလုံးခုန်နှုန်း မမှန်တာ၊ သွေးတွင်းထရိုင်ဂလစ်စရိုက်ပမာဏနဲ့ သွေးတိုးတာတို့ကို လျော့ကျစေပါတယ်။ ဒီအဆီပါတဲ့ အစာတွေက သွေးကြောတွေထဲအဆီခဲစုပုံ မှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆာဒင်းငါး၊ မက်ကရယ်ငါး၊ ဆယ်လ်မွန်ငါး အစရှိတဲ့ ငါးသေတ္တာငါးတွေကို စားပါ။ တစ်ပတ်မှာ နှစ်ကြိမ်ငါးစားပေးပါ။

လက်ဖက်ရည်သောက်ပါ
လက်ဖက်စိမ်းလက်ဖက်ရည်မှာပါတဲ့ ဖလေဗိုးနွိုက်တွေက ဆဲလ်တွေကို အကာအကွယ်ပေးနိုင်စွမ်းရှိပါတယ်။ လက်ဖက်စိမ်း၊ လက်ဖက်ရည်ကြမ်းနဲ့ အူလွန်လက်ဖက်ရည်တွေက သွေးကြောထဲ ကိုလက်စထရောစုပုံမှုမဖြစ်အောင် ပိတ်ပင်နိုင်ပြီး သွေးတွင်းသကြားဓာတ် ပမာဏလျော့ကျစေကာ ရောင်ရမ်းမှုကို ကင်းစင်စေတဲ့အတွက် နှလုံးရောဂါဖြစ်နိုင်ခြေကို ထက်ဝက်လျော့ကျစေပါတယ်။

ကော်ဖီစစ်စစ်ကို အသင့်အတင့် သောက်ပါ
ကော်ဖီကို အသင့်အတင့်ပဲသောက်ပါ။ တစ်နေ့လေးခွက်ထက် ပိုမသောက်ပါနဲ့။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top