Healthy Life Ad
International

ဆံပင်စားတတ်သည့် ကောင်မလေး ဗိုက်အတွင်းမှ အလွန်ကြီးမားသော ဆံပင်လုံးကြီး ခွဲထုတ်

၊ ကိုထက် ၊

အိနိယနိုင်ငံရှိ အသက် ၁၂ အရွယ်ရှိသော အမည်မဖော်လိုသူ ကလေးမလေးဟာ အချိန် အတော်ကြာကြာ ဝမ်းဗိုက်နာတဲ့ ဝေဒနာခံစားနေရတာကြောင့် ဆေးရုံကိုရောက်ရှိလာခဲ့ပါတယ်။ ဆရာဝန် တွေက စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် မထင်မှတ်ထားတဲ့ အရာတွေတွေ့ရှိခဲ့ကြပါတယ်။ကလေးမလေးဟာ လွန်ခဲ့တဲ့ နှစ်နှစ်ခန့် အချိန်ကတည်းက ဝမ်းဗိုက်နာကျင်တဲ့ဝေဒနာကို ခံစားခဲ့ရပြီး ပိုပိုပြီးဆိုးလာတဲ့အတွက် ဆရာဝန်ပြဖို့ ဆေးရုံ ရောက်လာခဲ့ပါတယ်။ သူရဲ့ပုံစံဟာ အလွန်အမင်း အာဟာရချို့တဲ့နေတဲ့ ပုံဖြစ်နေခဲ့ပါတယ်။

စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် သူရဲ့ ဝမ်းဗိုက်ထဲမှာ အလွန်ကြီးမားတဲ့ ဆံပင်လုံးကြီးရှိနေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဆရာဝန်တွေ မေးမြန်းချိန်မှာတော့ ကလေးမလေးဟာ ဆံပင်တွေကို စားတတ်တဲ့ အကျင့်ရှိတယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ ကလေးမလေးဟာ ဆံပင်တွေကို စားတတ်တဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ်ပွားနေခဲ့တာပါ။

ဒီကလေးမလေးကတော့ ဆံပင်တွေကို အများအပြားစားထားခဲ့ပြီး ကိုယ်တွင်း အစာအိမ်နဲ့ အူလမ်း ကြောင်းတစ်လျှောက်ရဲ့ နေရာတော်တော်များများ မှာ ဆံပင်တွေပြည့်နှက်နေခဲ့ပါတယ်။ ဆံပင်တွေဟာ ဗိုက်ထဲမှာ မချေဖျက်နိုင်ဘဲ စုမိနေပြီး တခြားအစာတွေထဲက အာဟာရတွေကိုလည်း ခန္ဓာကိုယ်က မစုပ် ယူနိုင်အောင် တားဆီးနေတဲ့အတွက် ကလေးမလေးက အာဟာရဓာတ်အလွန်ချို့တဲ့နေပြီး အားအင် ချည့်နဲ့နေတာဖြစ်ပါတယ်။

အလွန်အားနည်းနေတဲ့အတွက် ခွဲစိတ်မှုကို ချက်ချင်းမပြုလုပ်ဘဲ အချိန်နှစ်ရက်ယူကာ ပြင်ဆင်မှု တွေအများအပြားပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီးနောက် ဆံပင်အထွေးလုံးကြီးဟာ အစာအိမ်တစ်လျှောက် အပြည့်ဖြစ်နေပြီး အစာအတွက် နေရာနည်းနည်းလေးသာကျန်တော့တယ်လို့ ဆရာဝန်တွေကပြောပြခဲ့ပါတယ်။ သူ့ဗိုက်ထဲက ဆံပင်လုံးကြီးမှာ ၁၃ လက်မကျော်ရှည်ပြီး ၅ လက် မခန့်အထူရှိပါတယ်။ အလေးချိန် ၈ ပေါင်ခန့်ရှိပြီး ခွဲစိတ်စဉ်ကမြင်ရတာ တော်တော်လေးကို အကြည့်ရဆိုးပါတယ်လို့ ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်ကြီးကပြော ပြခဲ့ပါတယ်။

အခုဆိုရင်တော့ သူရဲ့ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီး ဆေးရုံမှာပဲ စောင့်ရှောက်မှုခံယူလျက်ရှိပါတယ်။ အခြေအနေတွေကလည်း ကောင်းမွန်ပြီး ပြန်လည်ကျန်းမာလာနေပြီဖြစ်တယ်လို့ သိရပါတယ်။

_ _ _
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top