Healthy Life Ad
International

လိင်တူချစ်သူအမျိုးသားများက နှလုံးရောဂါဖြစ်နိုင်ခြေပိုများ

၊ ကိုထက် ၊

လိင်တူချစ်သူအမျိုးသားတွေက လိင်ကွဲချစ်သူ အမျိုးသားတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေပိုများတယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။ အမေရိကန် အမျိုးသား ၃၀ ရာခိုင်နှုန်းကျော်က နှလုံးရောဂါ ခံစားနေရပြီး အသက်အန္တရာယ်ရှိတဲ့ အကြောင်းရင်း ဖြစ်နေပါတယ်။ နယူးယော့ခ်တက္ကသိုလ်မှ လေ့လာသူတွေက နှလုံးရောဂါဖြစ်နှုန်းနဲ့ အမျိုးသားတွေရဲ့ လိင်မှုကိစ္စချစ်ရေးချစ်ရာဆက်စပ်မှုကို လေ့လာခဲ့ကြပါတယ်။ ဆေးလိပ်သောက်တာနဲ့ စိတ်ကျန်းမာရေးအားနည်းတာတို့လို နှလုံးရောဂါဖြစ်စေတဲ့ အချက်တွေကလည်း ဂေးနဲ့ လိင်တူချစ်သူ အမျိုးသားတွေမှာ ပိုအတွေ့ရများတယ်လို့ သိရပါတယ်။

နှလုံးဆိုတာ ကြွက်သားနဲ့ ဖွဲ့စည်းထားတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဘဝတစ်လျှောက် ကိုယ်စားသောက်တာ၊ စိတ်ဖိစီးမှုများတာ စတဲ့ နေထိုင်စားသောက်မှုပုံစံအပေါ် အလွန်တုံ့ပြန်လွယ်တဲ့ အရာပါ။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ စားသောက်တာ၊ စိတ်ကျန်းမာရေးမကောင်းတာ စတာတွေက နှလုံးကျန်းမာရေး ထိခိုက်စေတဲ့ အချက်တွေပါ။

နှစ်ပေါင်းများစွာ လေ့လာမှုအရ ဂေးနဲ့ လိင်တူချစ်သူအမျိုးသားတွေက လိင်ကွဲချစ်သူအမျိုးသားတွေထက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအဆင့် ပိုမြင့်မားမှုရှိတာကိုတွေ့ရပါတယ်။ စိတ်ကျရောဂါ ဖြစ်နှုန်းကလည်း နှစ်ဆပိုမြင့်မားတယ်လို့ လူ့အခွင့်အရေး ကမ်ပိန်းက ပြုလုပ်တဲ့ မှတ်တမ်းအရ သိရပါတယ်။ လေ့လာမှုအသစ်မှာ အသက် ၂၀ နဲ့ ၅၉ နှစ်ကြား အမျိုးသား ၇၇၃၁ ဦးကို စစ်တမ်းကောက်ယူခဲ့တဲ့အခါ လိင်တူချစ်သူ အမျိုးသားတွေက လိင်ကွဲချစ်သူ အမျိုးသားတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်မားတယ်လို့ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ အကြောင်းကတော့ လိင်တူချစ်သူအမျိုးသားတွေက ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ သွေးတိုးတာနဲ့ ဆီးချိုရောဂါ စတဲ့ နှလုံးရောဂါဖြစ်စေတဲ့ အကြောင်းအချက်တွေမြင့်မားတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Most Popular

Healthy Life Ad
To Top