Healthy Life Ad
Q & A

ဆေးသောက်ပြီး မူးလာရင် ဘယ်လိုလုပ်ရမလဲ

မေး. ကျွန်မအိမ်ထောင်ကျခါစပါ။ ရာသီလာပြီး ၃ရက်မှ ပထမဆုံး marvalon ၂၈ ကို စသောက်ပါတယ်။၂ ညဆက်သောက်ပြီး သောက်စဉ် ၂ညလုံး ခေါင်းတွေ ချာချာလည်အောင်မူးပြီး အော့အန်ပြီး သွေးပေါင်ကျပါတယ်။ ဆက်မသောက်ရဲတော့ဘူး။ ၂လုံးတည်းသောက်ပြီး ရုတ်တရက် ရပ်လိုက်တဲ့အတွက် မကြာသေးခင်က တစ်ခါပေါ်ထားတဲ့ရာသီ ဆေးဖြတ်ပြီးပြီးချင်း ဘယ်နေ့ပြန်ပေါ်နိုင်ပါသလဲဆရာ။

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ. ဒီဆေးကတ်တွေသောက်ရင် သောက်ခါစမှာ မူးတာ၊ မော်တာ၊ ပျို့အန်ချင်တာ၊ ရင်သားတွေတင်းတာ၊ ခေါင်းကိုက်တာ စတဲ့စတဲ့ ဝေဒနာလေးတွေ ခံရတတ်တယ်။ နည်းနည်းပါးပါးပဲ… ခံနိုင်တယ်ဆိုရင်တော့ ဆက်သောက်ပါ။ ၁၀ရက် ၁၅ရက်လောက်ကြာရင် သူ့အလိုလို ပျောက်သွားတတ်တယ်။ လုံးဝမခံနိုင်ဘူးဆိုရင်တော့ ရပ်လိုက်ရမှာပေါ့။ ဆေးရပ်လိုက်ရင် ရက်ပိုင်းအတွင်း ရာသီသွေး ပြန်ဆင်းနိုင်တယ်။ ဒါပေမဲ့ ၂လုံးတည်းဆိုရင်တော့ ပြန်ပေါ်ချင်မှပေါ်မှာ။ ပေါ်ပေါ်၊ မပေါ်ပေါ် အရေးမကြီးပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top