Healthy Life Ad
Health Tips

ဦးနှောက်ကျန်းမာရေးဆိုင်ရာ သတိပေးလက္ခဏာများ

– စူး (ဆေးဝါးတက္ကသိုလ်)

ဦးနှောက်နဲ့ပတ်သက်ပြီး အောက်ပါအခြေအနေတွေဖြစ်နေပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

(၁) ဦးခေါင်းထိခိုက်မှုဖြစ်ခြင်း

ဦးခေါင်းထိခိုက်ဒဏ်ရာရပြီး သတိမလစ်သွားရင်တောင် ဒါကပြင်းထန်တဲ့ ဦးနှောက်ထိခိုက်မှုဖြစ်နိုင်ပါတယ်။ ဦးနှောက်ထိခိုက်မှုအတိုင်း အဆကိုသိနိုင်ဖို့ စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်နေပါတယ်။

(၂) တက်ခြင်း

တက်တဲ့အခါ လက်တွေ/ခြေတွေက အလိုလို ဆတ်ခနဲဆွဲသလိုဖြစ်တာ၊ အသိစိတ်ပြောင်းတာ၊ ကြွက်သားလှုပ်ရှားမှုတွေ ထပ်ခါထပ်ခါဖြစ်တာနဲ့ အသိစိတ်ဆုံးရှုံးတာတွေဖြစ်တတ်ပါတယ်။ တက်တာကအတက်ရောဂါ (Epilepsy)ကြောင့် မဟုတ်ဘဲ ရုတ်တရက်ဖြစ်ပေါ်တာဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။ ဦးနှောက်အကျိတ်နဲ့ ဦးနှောက်ထဲက သွေးလွှတ်ကြောဖောင်းကားမှု အခြေအနေနှစ်ရပ်စလုံးဟာ အသက်အန္တရာယ်ရှိပြီး တက်တာကိုဖြစ်စေနိုင်တဲ့ အကြောင်းရင်း တွေဖြစ်ကြပါတယ်။

(၃) ခန္ဓာကိုယ်တစ်ခြမ်း ထုံခြင်း၊ ကျဉ်ခြင်းနှင့် ကိုယ်တစ်ခြမ်းသေခြင်း

ခန္ဓာကိုယ်ရဲ့ တစ်ခြမ်းမှာ ထုံတာ၊ ကျဉ်တာနဲ့ အကြောသေသလိုဖြစ်တာတွေက လေဖြတ်တာကြောင့်ဖြစ်တဲ့ အဓိက လက္ခဏာတွေပဲ ဖြစ်ကြပါတယ်။

(၄) ရုတ်တရက် ခေါင်းကိုက်ခြင်း

အလွန်အမင်း ပြင်းထန်တဲ့ ခေါင်းကိုက်ရောဂါဟာ လေဖြတ်တာ၊ သွေးလွှတ်ကြောပေါက်တာ စတဲ့အခြေအနေတွေကို ဖော်ပြနေတတ်ပါတယ်။

(၅) စိတ်ရှုပ်ခြင်း၊ မေ့တတ်ခြင်း

စကားပြောရင်း ဘာပြောနေမှန်းမသိတာ၊ နာမည်တွေကို မကြာခဏ သတိမေ့လျော့တာနဲ့ ပစ္စည်းတွေကို နေရာလွဲမှားပြီး ထားတာတွေက သက်ကြီးသူငယ်ပြန် မှတ်ဉာဏ်လျော့နည်းရောဂါရဲ့အစောပိုင်းလက္ခဏာတွေဖြစ်နေနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top