Healthy Life Ad
Q & A

စီပိုးရှိသူနဲ့ အတူနေရသူတွေ

ဒေါက်တာတင့်ဆွေ

(ကန်တော့ပါ)
၁။ မင်္ဂလာပါ။ ယောကျာ်းလေးပါ။ အသက် ၄၈နှစ်၊ အိမ်ထောင်ရှိ။ စီပိုးသေဆေးသောက်ပြီး ပျောက်ကင်းပြီးသားပါ။ အိမ်ထောင်ဖက်မှာ စီပိုးရှိနေပြီး အကာအကွယ်မဲ့ လိင်ဆက်ဆံရင် ကျွန်တော့်ကို စီပိုးပြန်လည်ကူးစက်နိုင်ပါသလားခင်ဗျား။

၂။ ကျွန်မယောက္ခမပါ။အသက်က ၅၂ နှစ် ရှိပါပြီ။ AIDS က လွန်ခဲ့တဲ့ဆယ်နှစ်ထဲကရှိပါတယ်။ ပြီးခဲ့တဲ့ ငါးလလောက်က အသဲခြောက်ပြီး စီပိုးဖြစ်နေတယ်လို့သိရပါတယ်။ ဝမ်းလဲ ခဏခဏလျှောပါတယ်။ ပြီးခဲ့တဲ့လက သွေးအန်ပြီး သွေးဝမ်းတွေသွားလို့ ဆေးရုံတင်လိုက်ပါတယ်။ ဆရာကတော့ အသည်းတော်တော် ခြောက်နေပြီလို့ပြောတယ်ရှင့်။ လူကတော့ ပိန်တာလေးဖြစ်နေပါပြီ။ ကျွန်မက ကလေးရှိတော့ ဘယ်လိုကူးစက်တတ်လဲသိချင်လို့ပါရှင့်။

၃။ ဆရာရှင့် ဦးလေးက စီပိုးရှိပြီး၊ အဖွားက ဘီပိုးဖြစ်နေလို့ပါရှင့်။ အတူနေသူတွေပါ ကူးလားလို့ သိချင်လို့ပါ။

၄။ ဆရာရှင့် မိသားစုဝင်ထဲမှာ စီပိုးရှိတဲ့သူ ရှိပါတယ်။ ဘယ်လိုအခြေနေမျိုးမှာ ကူးစက်နိုင်လဲရှင့်။ ချွေးကနေရော စီပိုး ကူးစက်နိုင်လားရှင့်။

စီပိုးကာကွယ်ဆေး မရှိသေးပါ။ သွေးမစစ်ဘဲ သွင်းတာ၊ သွေး-သွေးချင်းထိတာ၊ ဆေးထိုးအပ် သီးခြားမသုံးတာ၊ နားကပ်လဲဝတ်တာ၊ မုတ်ဆိပ်ရိတ်ဓား၊ သွားတိုက်တံ၊ လက်သဲညှပ်တွဲသုံးတာ၊ တက်တူးထိုးတာ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်တာတွေကနေ ကူးရတာပါ။ (ဓားလို့ရေးတာလည်း မှန်တယ်။)လိင်ဆက်ဆံရာကနေ မကူးစက်ပါဘူးလို့ မပြောနိုင်ပါ။ ဖြစ်နိုင်ခြေက မများပါ။ သုတေသနတွေ လုပ်နေဆဲဖြစ်ပါတယ်။ (၁) လိင်ဆက်ဆံဖက်များသူတွေ၊ (၂) ဆက်ဆံဘက်မှာ တခြားလိင်ကတဆင့် ကူးစက်ရောဂါ တခုခုရှိနေရင်၊ (၃) လိင်ဆက်ဆံတာကြမ်းတမ်းရင်၊ ကူးစက်ဖို့ အခွင့်အလမ်းပိုမယ်။မူးယစ်ဆေးသုံးစွဲသူတွေ၊ သွေးနဲ့ သွေးထဲက ပစ္စည်းသွင်းနေရသူတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းလှူတာ လက်ခံရသူတွေ၊ ကျောက်ကပ် ဆေးနေရသူတွေ၊ ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်နေရသူတွေ၊ HIV ပိုးရှိနေသူတွေ၊စီပိုးရှိတဲ့မအေကနေကလေးကို ၄-၅% လောက်သာ ကူးစေနိုင်ပါတယ်။ ဖအေမှာ စီပိုးရှိ နေပေမဲ့ သူ့ကလေးကို သွေးမထိမချင်း မကူးဘူး။ လိင်လမ်းကနေ ကူးတာကလည်း HIV နဲ့ B တို့လောက် မဟုတ်ပြန်ဘူး။ တလင်တမယား လိင်ကနေကူးတယ်ဆိုတာရှားပါတယ်။ စီပိုးရှိနေတဲ့ မိခင်ရဲ့ကလေးတွေမှာ ကူးနိုင်တဲ့ အခွင့်အလမ်းတွေပွင့်နေတယ်။ ပိုးရှိတဲ့မအေက နို့တိုက်တာနဲ့ မကူးပါ။ ရာသီသွေးကတော့ ကူးနိုင်တယ်။

စီပိုးရှိနေသူချက်ပြုတ်တာစားမိလို့ မကူးပါ။ လက်တွဲလျှောက်တာ၊ နှာချေ၊ ချောင်းဆိုး၊ တအိမ်တည်း အတူနေတာနဲ့လဲမကူးဘူး။ ချွေး၊ သွားရည်၊ မျက်ရည်တွေကနေမကူးပါ။ တအိမ်ထဲအတူနေသူ တွေ ကူးစက်နိုင်ပါတယ်။ အဖြစ်များတာ မတွေ့ရသေးပါ။ ကူးမယ်ဆိုတာလဲ သွေးကနေ ဝင်လို့သာ ဖြစ်ပါမယ်။ ပန်းကန်၊ ဇွန်း၊ ဖန်ခွက်၊ အိုး-ခွက် အတူသုံးလို့ မကူးပါ။ ရင်ချင်းအပ်-ပါးချင်းကပ်-လက်ဆွဲနှုတ်ဆက်တာတွေကနေ မကူးပါ။ အသာအယာနုတ်ခမ်းချင်းစုပ်တာနဲ့လဲမကူးပါ။ ရေအတူသောက်လဲ မကူးပါ။ ခြင်နဲ့ အင်းဆက်ပိုးတွေကနေ ကူးစက်တာ မတွေ့သေးပါ။စီပိုးရှိနေသူဟာ သွေးမလှူရပါ၊ အင်္ဂါအစိတ်အပိုင်းမလှူရပါ၊ သုက်ပိုးမလှူရပါ။

ပိုးရှိနေရင် ဘာဖြစ်လာနိုင်သလဲ

သွေးစစ်လို့ စီပိုးတွေ့ပေမဲ့ ၇၀-၈၀ ရာခိုင်နှုန်းမှာ ဘာမှမခံစားရသလိုရှိနေမယ်။ ခံစားရသူတွေမှာလဲဆိုးတာမပါဘူး။ ကိုယ်ပူ၊ အားယုတ်၊ အစားပျက်၊ ပျို့ချင်၊ အန်ချင်၊ ဗိုက်နာ၊ ဆီးအရောင်ရင့်၊ ဝမ်းအရောင်ပျော့၊ အဆစ်နာ၊ ဆီး-အသားအရေ-မျက်လုံးဝါ၊ ရက်တိုရောဂါလက္ခဏာတွေဟာ ကူးစက်ပိုးဝင်လာခဲ့တဲ့နောက် ၆-၇ ပါတ်အကြာမှာဖြစ်တယ်။ တချို့မှာ ၂ ပတ်ကနေ ၆ လလည်း ကြာနိုင်တယ်။

သူတို့အထဲက ၆၀-၈၅% က နာတာရှည်ဖြစ်လာရင်လဲ ရောဂါလက္ခဏာတွေဟာ ရှိသူတွေမှာ သာရှိမယ်။ သူ့အသည်းက ပျက်စီးစပြုလာမယ်။ နှစ်တွေကြာမှလဲ ဖြစ်နိုင်တယ်။

နာတာရှည် နာတာရှည်အသည်းရောင်တာဆိုတာ ဆိုးဝါးတဲ့ ရောဂါတခု ဖြစ်တယ်။၅-၂၀% ဟာ အနှစ် ၂၀-၃၀ အတွင်းအသည်းခြောက်တာ ဖြစ်လာနိုင်တယ်။၁-၅% ဟာ အသည်းခြောက်တာ ဒါမှမဟုတ် အသည်းကင်ဆာကြောင့် သေဆုံးနိုင်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top