Healthy Life Ad
Q & A

အသည်းရောင်အသားဝါ စီပိုးအကြောင်း သိကောင်းစရာ

—–၊ ပါမောက္ခဦးခင်မောင်ဝင်း (အသည်းအထူးကု ဆရာဝန်ကြီး)နှင့် တွေ့ဆုံဆွေးနွေးခြင်း ၊—–

Q. အသည်းရောင်အသားဝါစီပိုးရဲ ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

A. အသည်းရောင်အသားဝါစီပိုးရှိတဲ့အခါမှာလည်း ဘီပိုးလိုပဲ အစောပိုင်းမှာ လက္ခဏာမပြတတ်ပါဘူး။ အကြောင်းကြောင်းကြောင့် သွေးစစ်လိုက်တဲ့အခါကျမှ၊ နိုင်ငံခြားသွားဖို့၊ သွေးလှူဖို့ သွေးစစ်လိုက်တဲ့အခါကျမှ စီပိုးတွေ့ကြတာများပါတယ်။ စီပိုးဖြစ်ပြီး အသည်းရောင်လို့ မျက်လုံးဝါတာ၊ အရေပြားဝါတာတွေဖြစ်မှ ဆေးရုံ၊ဆေးခန်းကို လာပြကြတာလည်း ရှိပါတယ်။

Q. အသည်းရောင်အသားဝါစီပိုးဖြစ်ရင် ကုသပျောက်ကင်းနိုင်ပါသလား ဆရာ။

A. အသည်းရောင်အသားဝါ စီပိုးရှိရင် ကုသပျောက်ကင်းနိုင်ပါတယ်။ ၁၀ဝ ရာခိုင်နှုန်း ကုသပျောက်ကင်းပါတယ်။ အရင်တုန်းကတော့ ဆေးတွေထိုးရတယ်၊ ဆေးတွေသောက်ရတယ်။ ဆေးတွေက ဈေးတွေလည်းကြီးပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်-၃ နှစ်လောက်ကစပြီး ဆေးကောင်းတွေ ပေါ်လာပါတယ်။ စစချင်းတုန်းက ၆၀-၇၀ ရာခိုင်နှုန်းပျောက်တဲ့ ဆေးတွေဖြစ်ပြီး အခုဆိုရင် ၁၀ဝ ရာခိုင်နှုန်းနီးပါးပျောက်တဲ့ ဆေးတွေပေါ်လာပါပြီ။

“သောက်ဆေးလေးကို နေ့စဉ်ပုံမှန်သောက်ပေးရုံနဲ့ တချို ့ဝေဒနာရှင်တွေမှာ သုံးလ၊ တချို ့မှာ ၆ လ အများဆုံးကြာရင်ပျောက်ပါတယ်။ စီပိုးနဲ့ အစာအိမ်ဆေးဆိုရင် လုံးဝမတည့်ပါဘူး။ ဆေးသောက်မယ်ဆိုရင် သက်ဆိုင်ရာအသည်းဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။”

Q. အသည်းရောင်အသားဝါစီပိုးကို ဘယ်လိုကုသရင်ပျောက်ကင်းနိုင်ပါသလဲ။ ကုသနေစဉ်မှာ ဘာတွေဆင်ခြင်သင့်ပါသလဲ ဆရာ။

A. သောက်ဆေးလေးကို နေ့စဉ်ပုံမှန်သောက်ပေးရုံနဲ့ တချို ့ဝေဒနာရှင်တွေမှာ သုံးလ၊ တချို ့မှာ ၆ လ အများဆုံးကြာရင် ပျောက်ပါတယ်။ စီပိုးနဲ့ အစာအိမ်ဆေးဆိုရင် လုံးဝမတည့်ပါဘူး။ ဆေးသောက်မယ်ဆိုရင် သက်ဆိုင်ရာ အသည်းဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

Q. အသည်းရောင်အသားဝါ စီပိုးနဲ့ ပတ်သက်ပြီး ထပ်မံပြောလိုတာရှိရင် ပြောပေးပါဦး ဆရာ။

A. ခြုံပြောရရင် ဘီပိုးက ကုရတာခက်တယ်၊ ကာကွယ်လို့ရတယ်၊ ကာကွယ်ဆေးရှိတာကိုး။ စီပိုးက ကုရတာလွယ်တယ်၊ ကာကွယ်လို့မရဘူး။ သွေးနဲ့ထိမယ်၊ ဆေးမင်ကြောင်ထိုးမယ်၊ အသားဖောက်မယ် စတာတွေမှာ ဆင်ခြင်ဖို့လိုပါတယ်။

Most Popular

Healthy Life Ad
To Top