Healthy Life Ad
Health Tips

ခေါင်းကိုက်ခြင်း

၊ မီမိုးမေ ၊ (ဆေးဝါးတက္ကသိုလ်)

ခေါင်းကိုက်တဲ့ဝေဒနာကို ခံစားရပြီဆိုရင် ဘာအလုပ်ကိုမှမလုပ်ချင်၊ မကိုင်ချင်ဖြစ်ရတတ်ပါတယ်။ ခေါင်းကိုက်တဲ့ဝေဒနာက လူအတော်များများမှာ ဖြစ်ပေါ်တတ်ပြီး ဖြစ်လာရင်လည်း စိတ်မသက်မသာနဲ့ ပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တဲ့ဝေဒနာ အမြန်ဆုံးသက်သာစေမယ့် အိမ်တွင်းကုထုံးတွေကို အကြံပြုပါရစေ။

သဘာဝကုထုံး (၁) အချိုမှုန့် ရှောင်ခြင်း

အချိုမှုန့် Monosodium glutamate (MSG)ဟာ သွေးကြောတွေကို ကျယ်စေပြီး ဦးနှောက်နာ့ဗ်ကြောတွေကို လှုံ့ဆော်ပေးတာကြောင့် ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ အဆင်သင့်ထုပ်ပိုးထားတဲ့ အစားအသောက်ထုပ်တွေမှာ အချိုမှုန့်ပါဝင်တတ်တာကြောင့် သတိထားပြီးရှောင်သင့်ပါတယ်။

သဘာဝကုထုံး (၂) နိုက်ထရိတ်ပါ အစာရှောင်ခြင်း

နိုက်ထရိတ်ပါတဲ့ဟော့ဒေါ့၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းစတဲ့ ပြုပြင်ထားတဲ့ အသားတွေဟာလည်း သွေးကြောတွေကိုကျယ်စေပြီး ခေါင်းကိုက်စေပါတယ်။

သဘာဝကုထုံး (၃) ငါးအဆီစားခြင်း

စင်စင်နာတီတက္ကသိုလ်ရဲ့လေ့လာမှုတစ်ရပ်အရ ငါးကြေးဆီမှီဝဲတာဟာ အာနိသင်မရှိတဲ့ ဆေးမှီဝဲတာထက် ခေါင်းကိုက်တဲ့ ပြင်းထန်မှုနဲ့ အကြိမ်အရေအတွက်ကို လျော့ကျစေကြောင်း သိရပါတယ်။ ဒါဟာ ငါးအဆီမှာပါတဲ့ အိုမီဂါသရီး ဖက်တီးအက်စစ်ကြောင့် ခေါင်းကိုက်တာလျော့ပါးစေတာပါ။

သဘာဝကုထုံး (၄) ရေနွေးနှင့် ရေချိုးခြင်း

ကြက်သီးနွေးရေ (ရေနွေး)ထဲကို မုန်ညင်းမှုန့် လက်ဖက်စားဇွန်း အနည်းငယ်ထည့်ကာ ချိုးပေးပါက ခေါင်းကိုက်သက်သာစေပါတယ်။ ကြက်သီးနွေးရေဟာ ခန္ဓာကိုယ်ထဲရှိ သွေးတွေကို တစ်နေရာတည်းကနေ နေရာအနှံ့ ဖြန့်ဝေပေးနိုင်ပါတယ်။ မုန်ညင်းမှုန့်ထဲမှာပါတဲ့ မရှိမဖြစ်အဆီကတော့ ခေါင်းကိုက်တာ သက်သာစေပါတယ်။

သဘာဝကုထုံး (၅) ချင်း(ဂျင်း) စားခြင်း

ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်တဲ့ ချင်း (ဂျင်း)ဟာ သွေးကြောကျယ်စေတဲ့ ဒြပ်ထုတ်တာကိုတားဆီးပေးပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်စီးဆင်းမှုကိုလည်း အားကောင်းစေတာကြောင့် ခေါင်းကိုက်တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လတ်ဆတ်တဲ့ ချင်း(ဂျင်း)ကို ကြိတ်ချေပြီး အရည်ဖြစ်အောင်လုပ်ကာ သောက်ပါ။ ဒါမှမဟုတ် ချင်း(ဂျင်း)ကို ဟင်းချက်တဲ့အခါ ထည့်ချက်ပါ။

သဘာဝကုထုံး (၆ ) ခဲတံ သုံးခြင်း

သင့်အနေနဲ့ စိတ်ပင်ပန်းတာကြောင့် ခေါင်းကိုက်နေရင် မေးရိုးနဲ့မေးစေ့ကို ဆက်သွယ်ထားတဲ့ ကြွက်သားတွေအပေါ် ဖိအားသက်ရောက်ကာ ခေါင်းကိုက်တတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် စိတ်ပင်ပန်းတဲ့အခါမှာ အပေါ်သွားနဲ့ အောက်သွားကြား ခဲတံတစ်ချောင်းထည့်ထားပေးပါ။ ကိုက်တော့မကိုက်ပါနဲ့။ ဒါဟာ မေးရိုးကြွက်သားတွေကို အနားရစေတာကြောင့် ခေါင်းကိုက်တာကိုမဖြစ်အောင် ကာကွယ်ထားရာရောက်ပါတယ်။

သဘာဝကုထုံး (၇ ) မတ်မတ်ရပ်ခြင်း

အနေအထားမမှန်တာက ကြွက်သားတွေကို တင်းအားသက်ရောက်စေပြီး နာ့ဗ်ကြောတွေအပေါ် ဖိအားကျရောက်စေကာ ခေါင်းကိုက်စေပါတယ်။ ကွန်ပျူတာသုံးပြီး အလုပ်လုပ်ရသူတွေအနေနဲ့ အနေအထားမှန်ဖို့ အထူးလိုအပ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top