Healthy Life Ad
Health Tips

ခေါင်းကိုက်ဝေဒနာ အမျိုးအစားအလိုက် အလွယ်ကုသရအောင်

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

ခေါင်းကိုက်ဝေဒနာ ဖြစ်လာတဲ့အခါ မီးပိတ်ပြီး လှဲလှောင်းကာ အနားယူလိုက်ရုံ၊ အကိုက်အခဲပျောက်ဆေးကို သောက်လိုက်ရုံနဲ့ သက်သာသွားတတ်ပေမယ့် ခေါင်းကိုက်ဝေဒနာမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အစားအသောက်တွေလည်း ရှိပါတယ်။

alignnone size-medium wp-image-59033
အရက်သောက်တာကြောင့် ခေါင်းကိုက်နေတာလား – အာလူးမီးဖုတ် စားပါ

သင်ခေါင်းကိုက်တာက အရက်သောက်လို့ ဖြစ်ရတယ်ဆိုရင် ညစာမှာ အာလူးမီးဖုတ်ကို ထည့်စားပေးပါလို့ အာဟာရပညာရှင် အယ်ရင်ကဆိုပါတယ်။ “အယ်လ်ကိုဟောဟာ ဆီးသွားစေတဲ့ အာနိသင်ရှိတာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ခမ်းခြောက်နေစေရုံသာမက ပိုတက်စီယမ်လို ဓာတ်ဆားတွေလည်း ဆုံးရှုံးနေနိုင်ပါတယ်။ ဒါကြောင့် ပိုတက်စီယမ်များစွာ ပါဝင်တဲ့ အစားအစာကို စားပေးတာက အရက်နာကျလို့ဖြစ်တဲ့ ခေါင်းကိုက်တာကို သက်သာစေနိုင်ပါတယ်”လို့ သူက ဆက်လက်ရှင်းပြပါတယ်။ မီးဖုတ်ထားတဲ့ အာလူးတစ်လုံးမှာ ပိုတက်စီယမ် ၇၂၁ မီလီဂရမ်တောင် ပါဝင်ပြီး ငှက်ပျောသီးတစ်လုံးမှာ ၄၆၇ မီလီဂရမ်ပဲ ပါဝင်ပါတယ်။

alignnone size-medium wp-image-59034
ကော်ဖီဖြတ်လိုက်တာကြောင့် ခေါင်းကိုက်နေတာလား – ကော်ဖီအသင့်အတင့် ပြန်သောက်ပါ

ကော်ဖီအသောက်များရင် သွေးကြောတွေကို ကျဉ်းစေတာကြောင့် ခေါင်းကိုက်စေနိုင်ပါတယ်။ ကဖင်းဓာတ်ဟာ ဆီးသွားစေတဲ့ အာနိသင်ရှိပြီး ရေဓာတ်ခမ်းခြောက်ကာ ခေါင်းကိုက်ဝေဒနာ ဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်ပါတယ်။ ဒါပေမဲ့ ကော်ဖီအသောက်များသူတွေ ကော်ဖီမသောက်ဘဲ နေလိုက်ရင် ခေါင်းကိုက်တတ်ပါတယ်။ တစ်နေ့ ကော်ဖီတစ်ခွက်ခန့် သောက်တာက အရက်သောက်လွန်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာကို လျော့ကျစေနိုင်ပါတယ်။

alignnone size-medium wp-image-59035
ရေဓာတ်ခမ်းခြောက်မှုကြောင့် ခေါင်းကိုက်နေတာလား – ဖရဲသီးစားပါ

ရေဓာတ်ခမ်းခြောက်တာက ခေါင်းကိုက်စေတဲ့ အဓိက အကြောင်းရင်းတစ်ခုပါ။ ဒါကြောင့် ခေါင်းကိုက်နေရင် အကိုက်အခဲပျောက်ဆေး စားမယ့်အစား ရေဓာတ်များများပါတဲ့ ဖရဲသီးကို စားပေးပါ။ “သစ်သီးနဲ့ ဟင်းသီးဟင်းရွက်ထဲမှာပါတဲ့ ရေဓာတ်မှာ မဂ္ဂနီဆီယမ်လို သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် ခေါင်းမကိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်”လို့ အာဟာရပညာရှင် စတယ်လာက ရှင်းပြပါတယ်။ ရေဓာတ်ပါဝင်မှု မြင့်မားတဲ့ အသီးတွေက ဘယ်ရီသီး၊ သခွားသီး၊ ဖရဲသီး၊ ခရမ်းချဉ်သီးတို့ ဖြစ်ကြပါတယ်။


အစားလျှော့လွန်းတာကြောင့် ခေါင်းကိုက်နေတာလား – ကောက်နှံတစ်ခုလုံးအစာကို စားပါ

ကိုယ်အလေးချိန် လျော့ကျအောင် ကာဗိုဟိုက်ဒရိတ်ပါတဲ့ အစာကို လျှော့စားနေသူတွေဟာ ခေါင်းကိုက်တာကို ဖြစ်စေနိုင်ပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ ဂလိုင်ကိုဂျင်တွေ ဆုံးရှုံးသွားလို့ပါ။ ဂလိုင်ကိုဂျင်က ဦးနှောက်ရဲ ့ အဓိက စွမ်းအင်အရင်းအမြစ် ဖြစ်ပါတယ်။ ဒါကြောင့် အခွံချွတ်မထားတဲ့ ကောက်နှံစာတွေဖြစ်တဲ့ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲ၊ အညိုရောင်ပေါင်မုန့် စတာတွေကို စားပေးဖို့ လိုပါတယ်။

alignnone size-medium wp-image-59037
ခေါင်းတစ်ခြမ်းကိုက်နေတာလား – မဂ္ဂနီစီယမ်ပါသောအစာ စားပါ

အစာထဲမှာပါတဲ့ မဂ္ဂနီဆီယမ်ဓာတ်ဟာ သွေးကြောတွေကို အပန်းပြေစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်နေသူတွေ မဂ္ဂနီဆီယမ်ပါတဲ့ ထောပတ်သီး၊ မက်မွန်သီးခြောက်၊ ငှက်ပျောသီး၊ သီဟိုဠ်စေ့၊ ပဲသီးနဲ့ အစေ့အဆန်တွေကို စားပေးသင့်ပါတယ်။

alignnone size-medium wp-image-59038
နှာခေါင်းပိတ်တာကြောင့် ခေါင်းကိုက်နေတာလား – ဟင်းခတ်အမွှေးအကြိုင်ကဲသော အစာစားပါ

နှာခေါင်းပိတ်တာကြောင့် ခေါင်းကိုက်ရင် ငရုတ်ကောင်း၊ ချင်း (ဂျင်း)စတဲ့ ဟင်းခတ်အမွှေးအကြိုင်ပါတဲ့ အစာတွေကို စားပေးပါ။ ဒီအစာတွေက နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာကို ပွင့်စေတာကြောင့် ခေါင်းကိုက်တာကို သက်သာစေပါတယ်။

alignnone size-medium wp-image-59039
သွေးတိုးတာကြောင့် ခေါင်းကိုက်နေတာလား – ဟင်းနုနယ်ရွက် စားပါ

ဟင်းနုနယ်ရွက်စားတာက သွေးတိုးကို ကျစေတာကြောင့် ခေါင်းကိုက်တာကို သက်သာစေပါတယ်။ တစ်နေ့မှာ ဟင်းနုနယ်ရွက်သုပ် နှစ်ခွက်လောက်စားပေးရင် သွေးတိုးလို့ဖြစ်တဲ့ ခေါင်းကိုက်တာကို သက်သာစေပါတယ်။

alignnone size-medium wp-image-59040
ခေါင်းထိုးကိုက်နေတာလား – ဒိန်ချဉ်စားပါ

သင့်ခေါင်းဟာ ထိုးထိုးကိုက်နေရင် ကယ်လ်စီယမ် လျော့နည်းတာကြောင့် ဖြစ်နိုင်ပါတယ်။ ဦးနှောက်က ထိထိရောက်ရောက် အလုပ်လုပ်နိုင်ဖို့ ကယ်လ်စီယမ်လိုအပ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်ဝေဒနာ သက်သာအောင် ကယ်လ်စီယမ်ပါဝင်မှုများတဲ့ အဆီမပါဒိန်ချဉ်ကို စားပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top